အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူးဟောင်း အန်တွမ် ဂရစ်ဇ်မန်းဟာ လာမယ့် တပတ်မှာ အော်လန်ဒိုစီးတီး အသင်းနဲ့ အတူ အမေရိကန် မေဂျာလိဂ် ပွဲဦးထွက် ကစားဖို့ ပြင်ဆင်နေပါတယ်။ ဒီအချိန်မှာ ဂရစ်ဇ်မန်းက အသင်းကို အောင်မြင်မှုတွေ ရယူပေးနိုင်ဖို့ မျှော်မှန်းချက် ကြီးကြီးမားမား ထားရှိနေပါတယ်။
ဂရစ်ဇ်မန်းဟာ ၂၀၂၅-၂၆ ရာသီအကုန်မှာ အက်တလက်တီကိုမက်ဒရစ် အသင်း ကနေ ထွက်ခွာလာခဲ့တာ ဖြစ်ပြီး လာမယ့် ဇူလိုင် ၂၂ ရက်နေ့မှာ ဆန်ဟိုဆေး အက်သ်ကွိုက်စ် အသင်းနဲ့ ကစားမယ့် ပွဲမှာ အော်လန်ဒိုစီးတီး အတွက် ပွဲဦးထွက် ပါဝင်လာတော့မှာပါ။ သူကတော့ “ချန်ပီယံဆု ဖလားကြီးကို ဆွတ်ခူးပြီး” အော်လန်ဒိုစီးတီး အသင်းကို အမေရိကန် မေဂျာလိဂ်ရဲ့ ထိပ်ဆုံးဆီ ခေါ်ဆောင်သွားချင်တယ်လို့ ဆိုပါတယ်။
လက်ရှိရာသီ မှာတော့ အော်လန်ဒိုစီးတီး အသင်းဟာ ရုန်းကန်နေရပြီး အရှေ့ပိုင်းကွန်ဖရင့်မှာ အဆင့် ၁၃ နေရာ အထိ ရောက်ရှိနေပါတယ်။ ဒါ့အပြင် မေဂျာလိဂ် ပွဲစဉ်တွေ မှာလည်း ၄ ပွဲသာ အနိုင်ရရှိထားပြီး ၂ ပွဲ သရေ၊ ၉ ပွဲ အထိ ရှုံးနိမ့်ထားတာပါ။ ကမ္ဘာ့ဖလား ပြိုင်ပွဲကြောင့် လိဂ်ပွဲစဉ်တွေ မနားခင် နောက်ဆုံးပွဲ မှာလည်း ဆန်ဟိုဆေး အားသ်ကွိုက်စ် အသင်းကို ၆ ဂိုး ၂ ဂိုး ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီပွဲ မတိုင်ခင် ကတော့ ၃ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်တင်ထားနိုင်ခဲ့ပါသေးတယ်။
အသင်းရဲ့ အခြေအနေက အခုလို ဖြစ်နေပေမယ့် ဂရစ်ဇ်မန်း ကတော့ အော်လန်ဒို အသင်းမှာ သူဘာတွေ စွမ်းဆောင်ပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး မျှော်လင့်ချက် ကြီးကြီးမားမား ရှိနေပါတယ်။ နယူးယောက်မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနား တစ်ခုမှာ ဂရစ်ဇ်မန်းက “ကျွန်တော် ချန်ပီယံဆုကို ရယူချင်တယ်၊ ဂိုးတွေ သွင်းချင်တယ်၊ ဂိုးဖန်တီးမှုတွေ လုပ်ပေးချင်တယ်၊ ပြီးတော့ ကလေးတွေကို ဘောလုံး ကစားဖို့ တွန်းအားပေးပြီး အော်လန်ဒိုစီးတီး အသင်းရဲ့ ပရိသတ်တွေ ဖြစ်အောင် လုပ်ပေးချင်ပါတယ်။ ဒါတွေ အားလုံး အတွက် ကျွန်တော် ဒီကို ရောက်လာတာပါ။ အော်လန်ဒိုစီးတီး အသင်းကို အမေရိကန် ဘောလုံးလောကရဲ့ ထိပ်ဆုံး နေရာဆီ ပို့ဆောင်ပေးချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒီနွေရာသီ မှာတော့ ဂရစ်ဇ်မန်းတင်မကဘဲ နာမည်ကျော် တိုက်စစ်မှူး ရောဘတ် လီဝမ်ဒေါစကီး ကလည်း ချီကာဂို ဖိုင်ယား အသင်းဆီ ပြောင်းရွှေ့လာခဲ့တာကြောင့် မေဂျာလိဂ်ဟာ ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ ပိုမို စည်ကားလာခဲ့ပါတယ်။ လက်ရှိ လိဂ်ထဲမှာ လီယွန်နယ် မက်ဆီ၊ လူးဝစ် ဆွာရက်ဇ်၊ ဆွန်ဟောင်မင် နဲ့ သောမတ်စ် မူလာ တို့လို နာမည်ကြီး ကစားသမားတွေ ရှိနှင့်နေပြီးသားလည်း ဖြစ်ပါတယ်။

မေဂျာလိဂ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းရာ မှာတော့ ဂရစ်ဇ်မန်းက “လက်ရှိ လိဂ်ရဲ့ အဆင့်အတန်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကထက် အများကြီး ပိုမြင့်မားလာပြီလို့ ထင်ပါတယ်။ ထက်မြက်တဲ့ လူငယ်ကစားသမားတွေ အများကြီး ရောက်လာကြသလို၊ တချို့ ကလည်း မေဂျာလိဂ် ကနေ စတင်ပြီး ဥရောပ အသင်းကြီးတွေဆီ ပြောင်းရွှေ့ကုန်ကြပါပြီ။ တစ်ချိန်တည်းမှာပဲ ကမ္ဘာ့အဆင့် ကစားသမားတွေ ကလည်း ဒီကိုလာဖို့ ရွေးချယ်လာကြပါတယ်။ ဒါဟာ ကျွန်တော်တို့ လိဂ် အတွက် အကောင်းဆုံး ဖြစ်ရပ်ပါပဲ” လို့ ဖြေကြားခဲ့ပါတယ်။
“ကစားသမားတွေဟာ သူတို့ရဲ့ ကစားသမားဘဝ အကောင်းဆုံး အချိန်တွေမှာတင် ဒီလိဂ်ကို လာနေကြတာပါ။ သူတို့တွေဟာ တကယ့်ကို အပြိုင်အဆိုင် ကစားဖို့၊ အနိုင်ယူဖို့နဲ့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ဖို့ လာကြတာ ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ကစားသမားတိုင်း ကတော့ နိုင်ချင်ကြတာချည်းပါပဲ။ ကျွန်တော်လည်း အဲ့ဒီအတွက် ဒီကို ရောက်လာတာပါ။ အသင်းကို ကူညီဖို့၊ ကလပ် အသင်း ပိုမိုတိုးတက်လာဖို့၊ အသင်းဖော်တွေကို ပံ့ပိုးပေးဖို့နဲ့ ဆုဖလားတွေ ရယူနိုင်ဖို့ ကျွန်တော့် ဘက်က အစွမ်းကုန် ပေးဆပ်သွားမှာပါ။ အော်လန်ဒိုစီးတီး အသင်း အတွက် အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်လာချင်ပါတယ်” လို့ ဂရစ်ဇ်မန်းက ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


