နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

အန်ဒရီ ဆန်းတို့စ် နဲ့ မေဆန် မောင့် တို့ရဲ့ တွဲဖက် ခြေစွမ်းအပေါ် ကျေနပ်နေတဲ့ ကာရစ်ခ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ရာသီကြို ပထမဆုံး ခြေစမ်း ပွဲစဉ်မှာ ရက်ဟမ်းစ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် ကွင်းလယ်လူသစ် အန်ဒရီ ဆန်းတို့စ် နဲ့ မေဆန် မောင့် တို့ရဲ့ တွဲဖက် ခြေစွမ်း အပေါ် နည်းပြ မိုက်ကယ် ကာရစ်ခ်က အားရ ကျေနပ်မှု ရှိနေပါတယ်။

ဟယ်လ်စင်ကီမြို့က အိုလံပစ် အားကစားကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ချန်ပီယံရှစ် ကလပ် ရက်စ်ဟမ်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ဆမ် စမစ်က သွင်းယူပေးခဲ့တာပါ။ ယူနိုက်တက်ဟာ ဒုတိယပိုင်းမှာ လူငယ်ကစားသမား အများစုကိုပဲ ပွဲထုတ်ခဲ့ပေမယ့် ပထမပိုင်း မှာတော့ ဆန်းတို့စ်၊ မောင့်၊ ဟယ်ရီ မက်ဂွိုင်းယား၊ လု့ခ် ရှော နဲ့ ဘရိုင်ယန် အမ်ဘွေမို တို့လို စီနီယာ ကစားသမား အများအပြား ပါဝင် ကစားခဲ့ကြပါတယ်။ ရက်စ်ဟမ်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ကို တက်လှမ်း ကစားခွင့်ရဖို့ လက်တကမ်း အကွာ ရောက်ပြီးမှ လွဲချော်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။

ဆန်းတို့စ် ကတော့ ပြီးခဲ့တဲ့ တပတ်ကမှ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီး ကနေ ပြောင်းရွှေ့ကြေး ပေါင် ၄၈ သန်းနဲ့ ယူနိုက်တက်ဆီ ၅ နှစ် စာချုပ်ချုပ်ပြီး ရောက်ရှိလာသူ ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဆန်းတို့စ်ဟာ အခုပွဲမှာ မောင့်နဲ့ အတူ ကွင်းလယ်မှာ တွဲဖက် ကစားခဲ့တာပါ။ သူဟာ ပွဲအတွင်းမှာ ဂိုးရနိုင်မယ့် အခွင့်အရေး ၂ ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့သလို၊ ပေးပို့တဲ့ ဘောလုံး ၄၂ ကြိမ်မှာ ၃၉ ကြိမ် အထိ တိကျမှု ရှိခဲ့ပြီး နှစ်သင်းစလုံးမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

တခြား တစ်ဖက် မှာလည်း မေဆန် မောင့်ဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီရဲ့ နှစ်ဆန်းပိုင်း ကတည်းက ဒဏ်ရာ ပြဿနာတွေကြောင့် ပရီးမီးယားလိဂ်မှာ ၂ ပွဲသာ ပွဲထွက် ကစားခွင့် ရခဲ့ပြီး အခုပွဲ မှာတော့ ပေးပို့တဲ့ ဘောလုံး ၃၉ ကြိမ်မှာ ၃၅ ကြိမ် အထိ တိကျအောင် ကစားနိုင်ခဲ့ပါတယ်။ ပွဲအပြီး မှာတော့ ယူနိုက်တက် နည်းပြ ကာရစ်ခ်က “ဒီပွဲကနေ ရလိုက်တဲ့ အပြုသဘောဆောင်တဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အန်ဒရီနဲ့ မေဆန်တို့ နှစ်ယောက် တကယ်ကို ကောင်းကောင်း ကစားနိုင်ခဲ့ပြီး ကွင်းလယ်မှာ အချိတ်အဆက်မိခဲ့ကြပါတယ်” လို့ MUTV ကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် “ရှေ့တန်း တိုက်စစ်ပိုင်း မှာတော့ ရာသီကြို လေ့ကျင့်ရေးက ၁ ပတ်ပဲ ရှိသေးတာမို့လို့ ကျွန်တော်တို့ လိုချင်တဲ့ လျင်မြန် သွက်လက်တဲ့ လှုပ်ရှားမှုတွေ ကတော့ လာမယ့် ရက်သတ္တပတ်တွေမှာ ပိုကောင်းလာမှာပါ။ အန်ဒရီ အတွက် ပထမဆုံးပွဲမှာ အသင်းရဲ့ ကစားကွက် စည်းချက်ထဲ ဝင်လာဖို့ ကြိုးစားနေတာ ဖြစ်ပြီး၊ သူ့ကို ယူနိုက်တက် ဂျာစီနီရဲရဲနဲ့ မြင်တွေ့ရတာ ဝမ်းသာစရာပါ” လို့ ဆိုပါတယ်။

“ပွဲမစခင်က ပြောခဲ့သလိုပါပဲ၊ ကစားသမားတွေ ပြန်စုပြီး လေ့ကျင့်တာ ၁၀ ရက်လောက်ပဲ ရှိပါသေးတယ်။ အဓိက ကတော့ ဒီနေ့ပွဲကို ကစားသမားတွေ ဒဏ်ရာမရဘဲ ဖြတ်သန်းနိုင်ဖို့နဲ့ ကောင်းကွက်လေးတွေကို ရှာဖွေဖို့ပါပဲ။ ပထမဆုံး ရာသီကြိုပွဲမှာ အားလုံး ပြည့်စုံနေမှာ မဟုတ်တာ ကတော့ သဘာဝပါ။ အရေးကြီးဆုံးက ကစားသမား အားလုံး ကြံ့ခိုင်မှု ကောင်းကောင်းနဲ့ ပွဲပြီးဆုံးခဲ့တာမို့ လာမယ့် တပတ် လေ့ကျင့်ရေးတွေ အတွက် နောက်တစ်ဆင့် တက်လှမ်းနိုင်မှာပါ” လို့ ကာရစ်ခ်က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် သောကြာနေ့ မှာတော့ နော်ဝေ ကလပ် ရိုစင်ဘော့ဂ် အသင်းနဲ့ ဆက်လက် ယှဉ်ပြိုင်သွားမှာဖြစ်ပြီး၊ အဲ့ဒီနောက်ပိုင်း မှာလည်း အက်တလက်တီကိုမက်ဒရစ်၊ ပီအက်စ်ဂျီ၊ လိဒ်စ်ယူနိုက်တက် နဲ့ အေစီမီလန် အစရှိတဲ့ အသင်းကြီးတွေနဲ့ ရာသီကြို ခြေစမ်းပွဲတွေ ဆက်လက် ကစားဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်