နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ဘက်ခမ်းရဲ့ စံချိန်နဲ့ တူညီတော့မယ့် ကိန်းက မက်ဆီ၊ ရော်နယ်ဒိုနဲ့ မိုဒရစ် တို့ကို အတုယူဖို့ မျှော်လင့်နေ | ကမ္ဘာ့ဖလား

အင်္ဂလန် အသင်းရဲ့ ဂိုးသွင်း အများဆုံး တိုက်စစ်မှူး ဟယ်ရီကိန်း ကတော့ သူ့ရဲ့ စံပြကစားသမား ဖြစ်သူ ဒေးဗစ် ဘက်ခမ်းရဲ့ လက်ရွေးစင် ပွဲထွက်မှတ်တမ်းကို လိုက်မှီတော့မှာ ဖြစ်ပါတယ်။ လာမယ့် ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် မှာတော့ အင်္ဂလန် အသင်းဟာ ခရိုအေးရှားနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီပွဲဟာ ဟယ်ရီကိန်း အတွက် အင်္ဂလန် လက်ရွေးစင် အသင်း အင်္ကျီနဲ့ ၁၁၅ ကြိမ်မြောက် ပွဲထွက်ခွင့်ရမယ့်ပွဲလည်း ဖြစ်ပါတယ်။ 

ဒါဟာ ဘေယန်မြူးနစ် ကြယ်ပွင့် ဟယ်ရီကိန်း အတွက် အင်္ဂလန် သမိုင်းတစ်လျှောက် ပွဲအများဆုံး ကစားသမား မှတ်တမ်းမှာ ဒေးဗစ် ဘက်ခမ်းနဲ့ အတူ ပူးတွဲ တတိယနေရာကို ရောက်ရှိသွားစေမှာပါ။ သူ့ထက် ပွဲပိုကစားထားတာဆိုလို့ ဝိန်း ရွန်နီ (၁၂၀ ပွဲ) နဲ့ ပီတာရှီလ်တန် (၁၂၅ ပွဲ) တို့ နှစ်ယောက်ပဲ ရှိပါတော့တယ်။

“ကျွန်တော် ကြီးပြင်းလာတဲ့ အချိန်တုန်းက ဘက်ခမ်းဟာ ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ် တစ်ဦး ဖြစ်ခဲ့တာပါ။ တစ်နေ့မှာ သူဝတ်ခဲ့တဲ့ အင်္ဂလန်အင်္ကျီမျိုး ဝတ်ပြီး ကစားခွင့် ရဖို့ မျှော်လင့် အိပ်မက်မက်ခဲ့ရတာမို့ အခုလိုမျိုး ဘက်ခမ်းရဲ့ ပွဲထွက် မှတ်တမ်းကို လိုက်မှီနိုင်တာဟာ ကျွန်တော့် အတွက်တော့ တကယ့်ကို ကြီးကျယ်တဲ့ မှတ်တိုင် တစ်ခုပါပဲ။” လို့ ဟယ်ရီကိန်းက BBC Sport သို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနား ဂန္ထဝင် လီယွန်နယ် မက်ဆီ ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲ ၆ ကြိမ် အထိ ပါဝင်ကစားခွင့်ရတဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းတင်ပြီး အယ်လ်ဂျီးရီးယားကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ ဟက်ထရစ်သွင်းကာ ရာဇဝင်တွင်ပြခဲ့ပြီးပါပြီ။ ပေါ်တူဂီ အသင်း အုပ်စု အဖွင့်ပွဲ ကစားမယ့် ဗုဒ္ဓဟူးနေ့မှာ ခရစ္စတီယာနို ရော်နယ်ဒို ကလည်း မက်ဆီလိုပဲ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလား မှတ်တမ်းကို လိုက်မှီတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်း ကိုယ်တိုင် ကလည်း အင်္ဂလန် အသင်း အတွက် ကမ္ဘာ့ဖလား တနည်းအားဖြင့် သူ့ရဲ့ ၆ ကြိမ်မြောက် နိုင်ငံတကာ ပွဲကြီးပွဲကောင်းကို ဆင်နွှဲနေတာ ဖြစ်ပါတယ်။

ဒီရာသီ ဘေယန်မြူးနစ် အသင်း အတွက် ပြိုင်ပွဲစုံ ၆၁ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ ဟယ်ရီကိန်း ကတော့ အသက်ကြီးတဲ့ အထိ ခြေစွမ်းမပျက် ကစားနိုင်ဖို့ အတွက် မက်ဆီ၊ ရော်နယ်ဒိုနဲ့ လာမယ့်ပွဲမှာ ခရိုအေးရှား ကွင်းလယ်ကို ဦးဆောင်လာမယ့် လူကာ မိုဒရစ် တို့ကို စံနမူနာယူစရာ နမူနာကောင်းတွေ အဖြစ် ရှုမြင်ထားပါတယ်။

ပေါ်တူဂီ အသင်း အုပ်စု အဖွင့်ပွဲ ကစားမယ့် ဗုဒ္ဓဟူးနေ့မှာ ခရစ္စတီယာနို ရော်နယ်ဒို ကလည်း မက်ဆီလိုပဲ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလား မှတ်တမ်းကို လိုက်မှီတော့မှာ ဖြစ်ပါတယ်။
ဘက်ခမ်းရဲ့ ပွဲထွက် စံချိန်ကို လိုက်မီတော့မယ့် ဟယ်ရီကိန်း

လာမယ့် လမှာ အသက် ၃၃ နှစ်ပြည့်တော့မယ့် ဟယ်ရီကိန်းက “ရော်နယ်ဒို၊ မက်ဆီနဲ့ မိုဒရစ် တို့လို ကစားသမားတွေဟာ ဘောလုံးလောကမှာ နှစ်ပေါင်း ၂၀ ကျော်တိုင်အောင် ခြေစွမ်းပြ ထိန်းထားနိုင်ကြတာပါ။ ဒါဟာ သာမန် ကစားသမားကောင်းတွေနဲ့ ကမ္ဘာ့အဆင့် ဂန္ထဝင် ကစားသမားကြီးတွေကို ကွဲပြားသွားစေတဲ့ အချက်ပဲ ဖြစ်ပါတယ်။” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

“အခုလို ၆ ကြိမ်မြောက် ပြိုင်ပွဲကြီးကို ကောင်းမွန်တဲ့ ကြံ့ခိုင်မှုပိုင်း အနေအထားနဲ့ ထပ်မံ ဆင်နွှဲခွင့်ရတဲ့ အတွက် ကျွန်တော် တကယ့်ကို ဂုဏ်ယူမိပါတယ်။ ကျွန်တော့်ရဲ့ ကစားသမား ဘဝ တစ်လျှောက်လုံးမှာ စိတ်ဓာတ်ကျတာမျိုး ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။ နောက်ထပ် ၁၀ နှစ်လောက်ကြာလို့ ကစားသမားဘဝက အနားယူတဲ့ အချိန်ကျမှပဲ ကျွန်တော် ဖြတ်သန်းခဲ့သမျှကို နောက်ကြောင်းပြန် လှည့်ကြည့်ရမှာပါ။” လို့ ဟယ်ရီကိန်းက သူရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်ကို ထုတ်ဖော် ပြသသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်