အင်္ဂလန် – ခရိုအေးရှား
နည်းပြ သောမတ်စ် တူချယ်ရဲ့ အင်္ဂလန် ကတော့ သူတို့ရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (L) အဖွင့် ပွဲစဉ် အဖြစ် အာလင်တန်မှာ ရှိတဲ့ AT&T ကွင်းမှာ ခရိုအေးရှား အသင်းနဲ့ စတင်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ မြောက်အမေရိကမြေပေါ်က အင်္ဂလန်ရဲ့ ပထမဆုံးပြိုင်ဘက် ခရိုအေးရှား ဟာလည်း ပြီးခဲ့တဲ့ အဓိက ပြိုင်ပွဲကြီးတွေမှာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့ပေမဲ့ ဆုဖလားနဲ့ လွဲချော်ထားရတဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူတို့ဟာ အခွင့်အရေးနည်းပါးမှုတွေ ကြားကနေ အောင်မြင်မှု စင်မြင့်ဆီ တက်လှမ်းပြခဲ့ဖူးတဲ့ အသင်းမျိုး ဖြစ်လို့ လျှော့တွက်လို့ မရတဲ့ အသင်း ဖြစ်ပါတယ်။
အင်္ဂလန်
အင်္ဂလန် အသင်းရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဆုဖလား အောင်မြင်မှုက ၁၉၆၆ ခုနှစ်မှာ ရရှိခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နွေရာသီတုန်းက အင်္ဂလန် U−17 အသင်းနဲ့ U−20 အသင်း တို့နဲ့ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပေမယ့်လည်း စီနီယာ လက်ရွေးစင် အသင်းကြီး ကတော့ အောင်မြင်မှုနဲ့ နှစ်ပေါင်း ၆၀ ကျော်ကြာ ဝေးကွာနေခဲ့တာ ဖြစ်ပါတယ်။
အကယ်၍ ကမ္ဘာ့ဖလားကို ခြေစစ်ပွဲ အောင်မြင်မှု ပုံစံတစ်ခုတည်းအပေါ် မူတည်ပြီး ပေးအပ်ကြေး ဆိုရင်တော့ အင်္ဂလန် အသင်းဟာ အောင်ပွဲခံလှည့်လည်ဖို့ အစီအစဉ်တွေ အခုကတည်းက ဆွဲထားလို့ ရနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဟာ ခြေစစ်ပွဲအဆင့်မှာ ၈ ပွဲကစား ၈ ပွဲနိုင်၊ ပေးဂိုး လုံးဝမရှိဘဲ ဥရောပ နိုင်ငံတွေထဲမှာ ဇယားထိပ် ကနေ ၂၀၂၆ ကမ္ဘာ့ဖလားဆီ အစောဆုံး တက်လှမ်းနိုင်ခဲ့တဲ့ အသင်း ဖြစ်နေလို့ပါ။
ဒါပေမယ့်လည်း ပြီးခဲ့တဲ့ မတ်လ ခြေစမ်းပွဲတွေတုန်းက အင်္ဂလန်အသင်းဟာ ဥရုဂွေး၊ ဂျပန် တို့နဲ့ ပွဲမှာ အနိုင်မရခဲ့ဘဲ အာရှ အသင်း တစ်သင်း ဖြစ်တဲ့ ဂျပန်ကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြ သောမတ်စ် တူချယ်လ်ရဲ့ စီမံကိန်းတွေမှာ အက်ကြောင်းတွေ စတင် ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီနောက် နယူးဇီလန်နဲ့ပွဲမှာ ဟယ်ရီကိန်းရဲ့ ကယ်တင်မှုကြောင့် အနိုင်ရခဲ့ပေမယ့် အသင်းအပေါ် ယုံကြည်မှု ပြန်တက်လာအောင်တော့ သိပ်မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
ဒါပေမယ့်လည်း ပိုပြီးတောင့်တင်းတဲ့ လူစာရင်းနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ခြေစမ်းပွဲ မှာတော့ အင်္ဂလန်တို့ ကော်စတာရီကာကို အလွယ်တကူ အနိုင်ယူခဲ့ပါတယ်။ အင်္ဂလန် အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် ၈ ပွဲမှာ ၂၀၁၄ ခုနှစ်က အီတလီနဲ့ တစ်ပွဲတည်းသာ ရှုံးနိမ့်ဖူးတာပါ။ တခြားတစ်ဖက် မှာလည်း ၁၉၆၆ ချန်ပီယံ အသင်းဟာ အဆိုပါ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ် ခြေလှမ်းတွေထဲမှာ ၄ ပွဲနိုင်၊ ၃ ပွဲသရေ ကျထားပြီး နောက်ဆုံး ကစားခဲ့တဲ့ ကမ္ဘာ့ဖလား နှစ်ကြိမ်စလုံးရဲ့ အဖွင့်ပွဲတွေမှာ တူနီးရှားနဲ့ အီရန်တို့ကို အနိုင်ရရှိထားပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့ဖလား သမိုင်းကြောင်းအရတော့်အင်္ဂလန်အသင်းသားတွေအတွက် သိပ်ပြီး မျက်နှာသာပေးလေ့ မရှိပါဘူး။
ခရိုအေးရှား
ခရိုအေးရှား အသင်းဟာ ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ မပါဝင်ပေမဲ့ သူတို့ရဲ့ အဓိက ပြိုင်ပွဲကြီးတွေမှာ အတွေ့အကြုံ ရင့်ကျက်မှု ကတော့ သံသယဖြစ်ဖွယ် မရှိပါဘူး။ သူတို့ဟာ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွေ အပြင် ၂၀၂၂-၂၃ နေးရှင်းလိဂ် ပြိုင်ပွဲတွေမှာပါ ဆုတံဆိပ်တွေ ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ ဇလတ်ကို ဒါးလစ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ တုန်းက အုပ်စုအဆင့်ကနေတင် တစ်ပွဲမှ မနိုင်ဘဲ လှည့်ပြန်ခဲ့ရတာကြောင့် သူတို့ရဲ့ သိက္ခာကို ပြန်လည် ဆယ်ယူနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါဟာ ၂၀၀၆ ကမ္ဘာ့ဖလား နောက်ပိုင်း ခရိုအေးရှားအသင်းရဲ့ အဆိုးရွားဆုံး ပြိုင်ပွဲကြီး ခြေစွမ်းလည်း ဖြစ်ခဲ့ပါတယ်။

ခရိုအေးရှား အသင်းရဲ့ အဓိက ကမ္ဘာ့ဖလား ကြယ်ပွင့် ကစားသမားကြီးတွေဟာ အခုအချိန်မှာ သက်ကြီးပိုင်းတွေ ဖြစ်နေကြပြီ ဆိုပေမဲ့ သူတို့ရဲ့ ခြေစစ်ပွဲ အောင်မြင်မှု ပုံစံကတော့ အင်္ဂလန်နဲ့ သိပ်မကွာလှပါဘူး။ သူတို့ဟာ ခြေစစ်ပွဲ ထဲမှာ ၈ ပွဲ ကစားရာမှာ ရမှတ် ၂ မှတ်သာ ဆုံးရှုံးခံခဲ့ရပြီး အုပ်စု ပထမနဲ့ သက်သောင့်သက်သာ တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဒါးလစ်ရဲ့ အသင်းဟာ ပြိုင်ပွဲမတိုင်ခင် ခြေစမ်းပွဲတွေမှာ ပုံစံကောင်း ရဖို့ ရုန်းကန်ခဲ့ရပြီး ဘရာဇီးလ်၊ ဘယ်လ်ဂျီယံ တို့ကို ရှုံးနိမ့်ခဲ့ကာ၊ စလိုဗေးနီးယားနဲ့ ပွဲမှာတော့ မိနစ် ၉၀ မှာ သွင်းယူခဲ့တဲ့ မာရီယို ပါဆာလစ်ရဲ့ ဂိုးကြောင့်သာ ၂-၁ နဲ့ ကပ်နိုင်ခဲ့တာပါ။
နှစ်ဖက်အသင်း သတင်းများ
အင်္ဂလန် ဘက်မှာ တီနို လစ်ဗရာမန်တို လွဲချော်ဖို့ ရှိပြီး ခရိုအေးရှား ဘက်မှာတော့ လူစုံတတ်စုံ ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။
ဖြစ်နိုင်ဖွယ် လူစာရင်း
အင်္ဂလန် – ပစ်ခ်ဖို့ဒ်၊ ဂျိမ်းစ်၊ စတုန်းစ်၊ ကွန်ဆာ၊ အိုရွိုင်လီ၊ အန်ဒါဆန်၊ ရိုက်စ်၊ မာဒူအေခေ၊ ဘယ်လင်ဟမ်၊ ဂေါ်ဒွန်၊ ကိန်း
ခရိုအေးရှား – လစ်ဗာကိုဗစ်၊ ဆူတာလို၊ ဗူစကိုဗစ်၊ ဂဗာဒီယိုလ်၊ စတန်နီဆစ်၊ မိုဒရစ်၊ ကိုဗာချစ်၊ ပါရီဆစ်၊ ဆူဆစ်၊ ဘာတူရီနာ၊ မူဆာ
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
နောက်ကျဂိုးတွေဟာ ခရိုအေးရှား အတွက် သူတို့ရဲ့ ဘောလုံးသမိုင်းတစ်လျှောက် အပျော်ရွှင်ဆုံး ညချမ်းတွေကို ဖန်တီးပေးခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်တုန်းက ၁၀၉ မိနစ် မာရီယို မန်ဇူကစ် သွင်းယူခဲ့တဲ့ အနိုင်ဂိုးဟာ အင်္ဂလန် အသင်းကို မျက်ရည်ကျစေခဲ့ပြီး ခရိုအေးရှား အသင်းကို ဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့ဖူးတာကို အင်္ဂလန်တို့ မေ့နိုင်ဦးမှာ မဟုတ်ပါဘူး။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ အင်္ဂလန် နိုင်ရင် ၁.၇၄ ဆ၊ ခရိုအေးရှား နိုင်ရင် ၄.၉၂ ဆ၊ သရေ ဆိုရင်တော့ ၃.၅၄ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း အင်္ဂလန် ဘက်ကပဲ ကြေးဖွင့်ပေးထားပါတယ်။ ခရိုအေးရှားက မထင်မှတ်တာတွေ လုပ်ပြတတ်တဲ့ အသင်း ဖြစ်ပေမယ့် အင်္ဂလန်ရဲ့ လက်ရှိ အကောင်းဆုံး ပုံစံကြောင့် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ အင်္ဂလန်ပဲ အမှားအယွင်း မရှိ အနိုင်ကစားသွားဖို့ များပါတယ်။
ခန့်မှန်းရလဒ်
အင်္ဂလန် ၂-၁ ခရိုအေးရှား
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


