နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

‘ကျွန်တော် အဲလ်ဟီလာမှာပဲ ဆက်ရှိနေမှာပါ’ – အင်ဇာဂီ | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာ နည်းပြ ဆီမြွန်နီ အင်ဇာဂီ ကတော့ အီတလီ လက်ရွေးစင် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ နောက်ဆုံး အမည် တစ်ခု ဖြစ်လာပါတယ်။ ဒါပေမယ့်လည်း အင်တာမီလန် နည်းပြဟောင်း ကတော့ ဒီကောလာဟလတွေကို စိတ်မဝင်စားကြောင်း ပြတ်ပြတ်သားသား တုံ့ပြန်လိုက်ပါတယ်။

အင်ဇာဂီဟာ လစ်လပ်နေတဲ့ အီတလီ နည်းပြ ရာထူးနဲ့ ပတ်သက်ပြီး သူနဲ့ အလှမ်းဝေးကြောင်း ပြောဆိုခဲ့သလို ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလာ မှာပဲ ဆက်နေလိုတဲ့ သူ့ရဲ့ ဆန္ဒကို ထပ်လောင်း အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က အင်တာမီလန် အသင်း ကနေ ထွက်ခွာလာခဲ့တဲ့ အင်ဇာဂီဟာ လက်ရှိမှာ အီတလီ လက်ရွေးစင် အသင်းကို တာဝန်ယူဖို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

အီတလီ လက်ရွေးစင် အသင်း (အဇူရီ) ဟာ ပြီးခဲ့တဲ့ လက ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရှုံးထွက် အဆင့်မှာ ဘော့စနီးယားကို ပင်နယ်တီနဲ့ ရှုံးနိမ့်ပြီးနောက် ကမ္ဘာ့ဖလား ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။ ဒါဟာ ကမ္ဘာ့ဖလား သမိုင်းမှာ ချန်ပီယံဟောင်း အသင်း တစ်သင်း အနေနဲ့ ၃ ကြိမ် ဆက်တိုက် ပြိုင်ပွဲ ဝင်ခွင့်နဲ့ လွဲချော်တဲ့ ပထမဆုံး အသင်း အဖြစ်လည်း မှတ်တမ်းဆိုးဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒီရလဒ်ကြောင့် အီတလီ အသင်းရဲ့ ကမ္ဘာ့ဖလားနဲ့ ဝေးကွာမှုဟာ ၂၀၃၀ ပြိုင်ပွဲ အထိ ဆိုရင် အနည်းဆုံး ၁၆ နှစ် အထိ ကြာမြင့်သွားတော့မှာ ဖြစ်ပြီး အသင်းရဲ့ အထက်ပိုင်း မှာလည်း အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ နည်းပြ စပယ်လက်တီရဲ့ နေရာမှာ ပြီးခဲ့တဲ့ ဇွန်လကမှ ခန့်အပ်ခံခဲ့ရတဲ့ ဂန်နာရို ဂတ်တူဆိုဟာ ခြေစစ်ပွဲ ကျရှုံးမှုရဲ့ နောက်ဆက်တွဲ အနေနဲ့ ရာထူး ကနေ နုတ်ထွက်သွားခဲ့ပါတယ်။

လက်ရှိ မှာတော့ ၎င်းကိုင်တွယ်နေတဲ့ အဲလ်ဟီလာက ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရှိနေပါတယ်။
အီတလီ နည်းပြ ရာထူး အတွက် ကောလာဟလတွေကို ငြင်းပယ်ထားတဲ့ အင်ဇာဂီ

လက်ရှိမှာ စီးရီးအေက နာပိုလီ နည်းပြ အန်တိုနီယို ကွန်တီ၊ အေစီမီလန် နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီနဲ့ အဲလ်ဟီလာက ဆိုင်မွန် အင်ဇာဂီ တို့ဟာ နည်းပြသစ် ဖြစ်လာဖို့ သတင်းတွေ ထွက်နေကြပါတယ်။ ဒါပေမယ့် ဆော်ဒီပရိုလိဂ် ကလပ် အဲလ်ဟီလယ် နည်းပြ ကတော့ သူ့အနေနဲ့ လက်ရှိ နေရာမှာ ပျော်ရွှင်နေကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဒါနဲ့ ပတ်သတ်လို့ အင်ဇာဂီက “ကျွန်တော် အဲလ်ဟီလယ်မှာပဲ ဆက်နေမှာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော့်ရဲ့ အလုပ်ကို အကောင်းဆုံး လုပ်ဆောင်နေပြီး ကျွန်တော့်မှာ ရှိသမျှ အရာအားလုံးကို ဒီအသင်း အတွက် ပေးဆပ်ထားလို့ပါ။” လို့ အင်ဇာဂီက FCInter1908 က တစ်ဆင့် ပြောကြားခဲ့ပါတယ်။

အသက် ၅၀ အရွယ် အင်ဇာဂီဟာ အင်တာမီလန် နည်းပြ ဘဝမှာ ၂၀၂၃-၂၄ စီးရီးအေ ချန်ပီယံဆု အပါအဝင် အဓိက ဆုဖလား ၆ လုံး အထိ ဆွတ်ခူးပေးနိုင်ခဲ့တဲ့ နည်းပြကောင်း တစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် အင်တာမီလန်ကို ချန်ပီယံလိဂ် ဗိုလ်လုပွဲ ၂ ကြိမ် အထိ ပို့ဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း မန်စီးတီးနဲ့ ပီအက်စ်ဂျီ တို့ကို အသီးသီး ရှုံးနိမ့်ခဲ့ရပါတယ်။ အင်တာမီလန်မှာ ၄ နှစ်ကြာ တာဝန်ယူခဲ့စဉ် အတွင်း အင်ဇာဂီဟာ ၁၅၂ ပွဲမှာ ၁၀၁ ပွဲ အထိ အနိုင်ရရှိခဲ့ပြီး (၂၈ ပွဲ သရေ၊ ၂၃ ပွဲ ရှုံး) တစ်ပွဲ ပျမ်းမျှ ရမှတ် ၂.၁၈ မှတ် အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

လက်ရှိ မှာတော့ ၎င်းကိုင်တွယ်နေတဲ့ အဲလ်ဟီလာက ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာမှာ ရှိနေပါတယ်။ အဲလ်ဟီလာက ရာသီကုန်ဖို့ ၆ ပွဲ အလိုမှာ ထိပ်ဆုံးက အဲလ်နာဆာကို ၅ မှတ် အကွာနဲ့ ဖိအားပေးနေဆဲ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်