နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner

ဂွါဒီယိုလာနဲ့ ဆွေးနွေးမှုတွေ အပြီး နည်းပြသစ် မကြာမီ တရားဝင်ကြေညာမယ့် အီတလီ အသင်း | ကမ္ဘာ့ဖလား

အီတလီ ဘောလုံးအဖွဲ့ချုပ်ဟာ မန်စီးတီး နည်းပြဟောင်း ပပ် ဂွါဒီယိုလာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာပဲ၊ နောက်ထပ် ရက်ပိုင်း အတွင်း နည်းပြသစ်ကို တရားဝင် ကြေညာတော့မယ်လို့ ဥက္ကဋ္ဌ ဂျိုဗန်နီ မာလာဂိုက အတည်ပြု ပြောကြားလိုက်ပါတယ်။ အီတလီ အသင်းဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၃ ကြိမ်ဆက်တိုက် လွဲချော်ခဲ့ပြီးနောက် နည်းပြ ဂျန်နာရို ဂတ်တူဆို ရာထူး ကနေ နှုတ်ထွက်သွားခဲ့တာကြောင့် နည်းပြ နေရာက လစ်လပ်နေတာ ဖြစ်ပါတယ်။ 

အဇူရီ တို့ဟာ ၂၀၁၄ ကမ္ဘာ့ဖလားမှာ အုပ်စု အဆင့်က ထွက်ခဲ့ရပြီးတည်းက ပလေးအော့ဖ် ပွဲစဉ်တွေမှာ တောက်လျှောက် ရှုံးနိမ့်ခဲ့တာကြောင့် နောက်ပိုင်း ကမ္ဘာ့ဖလား ပြိုင်ပွဲတွေကို လုံးဝ ဝင်ခွင့် မရခဲ့တာပါ။ လက်တလောမှာ နည်းပြသစ် နေရာ အတွက် အီတလီကို ယူရို ၂၀၂၀ ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးခဲ့ဖူးသူ ရောဘတ်တို မန်ချီနီ၊ အန်တိုနီယို ကွန်တီနဲ့ ကစားသမားဟောင်း အန်ဒရီယာ ပီယာလို တို့က ရေပန်းစားနေသူတွေ အဖြစ် သတင်းတွေ ထွက်နေပေမယ့် လက်ရှိ မှာတော့ ဂွါဒီယိုလာက အဓိက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

တနင်္လာနေ့က ထွက်ပေါ်လာတဲ့ သတင်းတွေအရ မန်စီးတီး နည်းပြဟောင်း ပပ် ဂွါဒီယိုလာကို အီတလီ အသင်း နည်းပြ အဖြစ် လက်ခံလာအောင် တာဝန်ရှိသူတွေ ဖြစ်တဲ့ ပေါ်လို မာလ်ဒီနီ နဲ့ လီယိုနာဒို တို့က ဘာစီလိုနာမြို့ အထိ သွားရောက်ပြီး တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

 

အဖွဲ့ချုပ် ဥက္ကဌရဲ့ ပြောကြားချက် 

အီတလီ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ မာလာဂိုက နာမည်ကြီး နည်းပြ တချို့နဲ့ ဆွေးနွေးနေတာ မှန်ပေမယ့် အသေးစိတ် ကိုတော့ ထုတ်ဖော် ပြောဆိုဖို့ ငြင်းဆန်ခဲ့ပြီး မကြာမီ တရားဝင် ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။ “နည်းပြသစ် ကြေညာဖို့ ဘာမျှ မလိုတော့ပါဘူး၊ နောက်ထပ် ရက်ပိုင်းလောက်ပဲ စိတ်ရှည်ရှည်နဲ့ စောင့်ပေးကြပါ” လို့ မာလာဂို က Sky Sport Italy ကို ပြောကြားခဲ့ပါတယ်။

“မာလ်ဒီနီ နဲ့ လီယိုနာဒို တို့ကို အဖွဲ့ထဲ ပါဝင်လာအောင် စစည်းရုံးတုန်းကတောင် ၂ ပတ်လောက် အချိန်ယူခဲ့ရတာပါ။ အချင်းချင်း သဘောထားကွဲလွဲတာမျိုး မရှိပါဘူး၊ ဒါပေမယ့် အားလုံး သဘောတူညီမှု ရဖို့တော့ လိုပါတယ်။ နောက်ဆုံး မှာတော့ ကျွန်တော်ရယ်၊ မာလ်ဒီနီ နဲ့ လီယိုနာဒို တို့ရယ် ၁၀၀ ရာခိုင်နှုန်း သဘောထားချင်း တူညီသွားကြမှာပါ။”

အီတလီ အနေနဲ့ ဂွါဒီယိုလာ သို့မဟုတ် အရည်အချင်း ပြည့်မီတဲ့ နည်းပြ တစ်ဦးနဲ့ အတူ ကမ္ဘာ့ဖလားလို ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီးဆီ ပြန်လည် တက်လှမ်းနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
မကြာမီ နည်းပြသစ် တစ်ဦး မိတ်ဆက်ပေးသွားမယ့် အီတလီ ဘောလုံး အဖွဲ့ချုပ်

ဒါ့အပြင် မာလာဂို က နာမည်ကြီး နည်းပြတွေ ငှားရမ်းဖို့ မလွယ်ကူတဲ့ ဘဏ္ဍာရေး အခြေအနေကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ်။ “မန်ချီနီနဲ့ ပီယာလို အပြင် တခြား နာမည်တွေလည်း ရှိပါသေးတယ်။ ‘နာမည်ကြီး ခေါ်လိုက်ပါ’ လို့ ပြောနေကြသူတွေကို ကျွန်တော် ပြောချင်တာက အဲဒီ နာမည်ကြီး နည်းပြက စိတ်ဝင်စားတယ်ပဲ ထားဦး၊ သူ တောင်းဆိုမယ့် လစာနဲ့ အကျိုးခံစားခွင့်တွေက စာရင်းဇယားတွေအရ ကျွန်တော်တို့ ပေးနိုင်မယ့် အခြေအနေနဲ့ ကိုက်ညီရဲ့လား ဆိုတာ စဉ်းစားရပါမယ်။ လက်ရှိ ဘတ်ဂျက်မှာ ဂတ်တူဆို လစာ ပေးခဲ့ရတဲ့ ပမာဏပဲ ကျန်တာပါ၊ ဒါဟာ နာမည်ကြီး နည်းပြ တစ်ယောက် တောင်းဆိုမယ့် ပမာဏနဲ့ ယှဉ်လိုက်ရင် မိုးနဲ့ မြေလို ဝေးကွာနေပါတယ်။”

 

အသင်းရဲ့ ရည်မှန်းချက်နှင့် ရှေ့ဆက်မည့် ခရီး

ဥက္ကဋ္ဌ မာလာဂို ရဲ့ အဆိုအရ အီတလီ အနေနဲ့ နာမည်ကြီး နည်းပြ တစ်ယောက်ကိုမှ ခေါ်ယူဖို့ ဇောက်ချ လုပ်ဆောင်နေတာ မဟုတ်ဘဲ၊ အီတလီ လက်ရွေးစင် အသင်းရဲ့ အခြေခံ စနစ်နဲ့ ပုံစံကို တိုးတက်လာအောင် လုပ်ဆောင်ဖို့ ကိုသာ အဓိက အာရုံစိုက်ထားတာ ဖြစ်ပါတယ်။

“ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ရောက်ခဲ့တဲ့ စကာလိုနီ နဲ့ ဒီလာဖွန်တေ တို့ကို ကြည့်ပါ။ စကာလိုနီ ဆိုရင် အစပိုင်းမှာ နာမည်ကြီး အတွေ့အကြုံ သိပ်မရှိခဲ့ပေမယ့် အံ့ဩစရာကောင်းတဲ့ အောင်မြင်မှု ခရီး တစ်ခုကို လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီလာဖွန်တေ ဆိုရင်လည်း လူငယ် အဆင့် ကနေ တက်လာတာပါ။ နည်းပြက ဘယ်သူပဲဖြစ်ဖြစ် အီတလီ ကစားသမားတွေ ပိုမို ပေါ်ထွက်လာပြီး တန်ဖိုးထားခံရအောင် အဖွဲ့အစည်းရဲ့ စနစ်နဲ့ လေ့ကျင့်ရေး နည်းလမ်းတွေကို ပြုပြင် ပြောင်းလဲဖို့ပဲ လိုတာပါ။” လို့ မာလာဂိုက ဆိုပါတယ်။

နောက်ထပ် ယှဉ်ပြိုင်ရမယ့် ပွဲစဉ်များ

အီတလီ အသင်းရဲ့ နောက်ထပ် ကစားရမယ့် ပွဲစဉ်တွေ ကတော့ နေးရှင်းလိဂ် ပြိုင်ပွဲတွေ ဖြစ်ပြီး အုပ်စု (A1) မှာ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ တူရကီ တို့နဲ့အတူ တစ်အုပ်စုတည်း ကစားရမှာ ဖြစ်ပါတယ်။ အီတလီ အနေနဲ့ ဂွါဒီယိုလာ သို့မဟုတ် အရည်အချင်း ပြည့်မီတဲ့ နည်းပြ တစ်ဦးနဲ့ အတူ ကမ္ဘာ့ဖလားလို ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီးဆီ ပြန်လည် တက်လှမ်းနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်