ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ပီအက်စ်ဂျီ အသင်းရဲ့ လူငယ် တောင်ပံကစားသမား အီဗရာဟင် အမ်ဘာယေးဟာ ပြင်သစ် ကလပ် ကနေ ထွက်ခွာချင်နေပြီး အင်္ဂလန်မှာ ကမ်းလှမ်းမှုတွေ အများကြီး ရှိနေပါတယ်။ လက်ရှိမှာ အက်စတွန်ဗီလာ၊ နယူးကာဆယ် တို့နဲ့ အတူ လစ်ဗာပူးလ် ကပါ ဒီအသက် ၁၈ နှစ် အရွယ် ကစားသမားလေးကို ခေါ်ယူဖို့ ကြိုးပမ်းလာပါတယ်။
လစ်ဗာပူးလ်ရဲ့ အဓိက ပစ်မှတ် ကတော့ ပီအက်စ်ဂျီ တောင်ပံ ကစားသမား ဘရက်ဒ်လေ ဘာကိုလာပဲ ဖြစ်ပါတယ်။ သူ့အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ / ပေါင် ၈၇ သန်း ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ လစ်ဗာပူးလ်က ခံစစ်ပိုင်း အတွက်လည်း နာပိုလီ နောက်ခံလူ ဆမ် ဘူကီမာကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။
ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက်ဟာ စတုဂတ် ကွင်းလယ်လူ အိန်ဂျယ်လို စတေလာကို ခေါ်ယူဖို့လည်း ဂျူဗင်တပ်စ်နဲ့ အပြိုင် ကြိုးပမ်းနေပါတယ်။ ဒီကစားသမား အတွက် ရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားမှု ရုပ်သိမ်းလိုက်တာကြောင့် ယူနိုက်တက် အတွက် အခွင့်အလမ်း ပိုသာသွားပါတယ်။
ယူနိုက်ကတ် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို တူရကီ ကလပ် ဂါလာတာဆာရေးက ကမ်းလှမ်းဖို့ ပြင်ဆင်နေသလို၊ မန်စီးတီးက ဘာနာဒို ဆေးလ်ဗား ကိုလည်း သူတို့ ထပ်မံ ခေါ်ယူချင်နေပါတယ်။ ကွင်းလယ်လူ မန်နူရယ် အူဂါတေး ကိုတော့ ပေါင်သန်း ၄၀ ဝန်းကျင်နဲ့ ပြန်လည် ရောင်းချဖို့ အသင့်ရှိနေပြီး အက်စတွန်ဗီလာ၊ နယူးကာဆယ်နဲ့ ဂျူဗင်တပ်စ် တို့က စောင့်ကြည့်နေပါတယ်။
ဘုန်းမောက် တိုက်စစ်မှူး အယ်လီ ဂျူနီယာ ခရူပီကို ခေါ်ယူဖို့ မန်စီးတီး၊ မန်ချက်စတာယူနိုက်တက် တို့နဲ့ အပြိုင် အာဆင်နယ် ကပါ စိတ်ဝင်စားလာပါတယ်။
ဂျာမန် ကြယ်ပွင့် ကိုင် ဟာဗက်ဇ်ကို ဘေယန်မြူးနစ်က မျက်စိကျနေပြီး၊ အသင်း ကနေ ထွက်ခွာတော့မယ့် နီကိုးလက်စ် ဂျက်ဆန်ရဲ့ နေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားပါတယ်။
လူငယ်ကြယ်ပွင့် ဂွန်ဇာလို ဂါစီယာကို ရောင်းချသွားမှာ ဖြစ်ပေမယ့် အသင်းဆီ ပြန်လည် ခေါ်ယူနိုင်ခွင့် (Buy-back clause) ထည့်သွင်း ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။
ထူးခြားချက် အနေနဲ့ မြို့ခံ ပြိုင်ဘက် အက်တလက်တီကိုမက်ဒရစ်ရဲ့ အသက် ၁၂ နှစ်အောက် ကြယ်ပွင့်လေး ဗီတီ ကိုလည်း ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
ဘာစီလိုနာက ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး နောက်ခံလူ မာ့ခ် ကူကူရယ်လာကို ပြန်လည် ခေါ်ယူဖို့ ကလပ် တာဝန်ရှိသူတွေ ဆွေးနွေးနေကြပါတယ်။
နည်းပြ ဟန်ဆီ ဖလစ်ခ်က မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ဆက်ထိန်းထားချင်ပေမယ့် ဘာစီလိုနာက အပြီးသတ် ဝယ်ယူဖို့ထက် နောက်ထပ် တစ်ရာသီ အငှားစာချုပ်နဲ့သာ ခေါ်ယူဖို့ ကမ်းလှမ်းထားပါတယ်။
မန်ချက်စတာစီးတီးနဲ့ ချဲလ်ဆ်ီးက အန်ဒါလက်ချ် ကွင်းလယ်လူ နေသန် ဒီကတ်ကို ခေါ်ယူဖို့ ကြိုးပမ်းနေပေမယ့် ဘေယန်မြူးနစ်က လက်ဦးမှု ရယူထားပါတယ်။
ဘေယန်မြူးနစ် ကွင်းလယ်လူ အလက်ဆန်းဒါး ပက်ဗ်လိုဗစ် ကိုတော့ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီး တို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်လိုက်ပြီး အသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။
တော့တင်ဟမ်ဟော့စပါး အသင်းဟာ ဘရာဇီးလ် ကလပ် အက်သလက်တီကို ပါရာနန့်စ်ရဲ့ အသက် ၁၉ နှစ်အရွယ် နောက်ခံလူ အာသာ ဒီးရာ့စ်ကို ကင်းထောက်တွေ စေလွှတ်ပြီး အနီးကပ် စောင့်ကြည့်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


