ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
လက်စတာစီးတီး အသင်း လိဂ်ဝမ်းဆီ တန်းဆင်းသွားရတာကို အခွင့်ကောင်းယူပြီး အသက် ၁၆ နှစ် အရွယ် လူငယ် ကြယ်ပွင့် ဂျရယ်မီ မိုဂါ ကို ခေါ်ယူဖို့ မန်ယူနိုက်တက်က စီစဉ်နေပါတယ်။ ဒါ့အပြင် အသက် ၁၇ နှစ် အရွယ် ကွင်းလယ်လူ လူးဝစ္စ ပေ့ဂျ်နဲ့ အသက် ၁၉ နှစ် အရွယ် နောက်ခံလူ အိုလာဘာဒီ အလူကို တို့လည်း ယူနိုက်တက်ရဲ့ ပစ်မှတ် စာရင်းမှာ ပါဝင်နေပါတယ်။
တော့တင်ဟမ်ဟော့စပါး အသင်း တန်းဆင်းရမယ် ဆိုရင် နောက်ခံလူ မစ်ကီ ဗန်ဒီဗန်ရဲ့ ဈေးနှုန်း လျော့ကျလာနိုင်တာကြောင့် ယူနိုက်တက်က စောင့်ကြည့်နေသလို၊ နော့တင်ဟမ်ဖောရက်စ်က မူရီလို ကိုလည်း စိတ်ဝင်စားနေပါတယ်။
အာဆင်နယ် ဒါရိုက်တာ အန်ဒရီယာ ဘာတာဟာ ဂါလာတာဆာရေးနဲ့ ဖီနာဘာချီပွဲကို ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့ပြီး နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာ အိုဆင်မ်ဟန်ကို နွေရာသီမှာ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘရာဟင်မ် ဒီးယက်ဇ် ကိုလည်း ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်က ပစ်မှတ်ထားနေပါတယ်။
လစ်ဗာပူးလ်က ဂိုးသမား အလီဆွန်ကို ယူရို ၁၅ သန်း ဝန်းကျင်နဲ့ ရောင်းချချင်နေပေမယ့် ဂျူဗင်တပ်စ် အသင်း ကတော့ အလွတ် ပြောင်းရွှေ့ကြေးနဲ့ပဲ ရချင်နေတာကြောင့် သဘောထား ကွဲလွဲနေကြပါတယ်။

အက်တလက်တီကိုမက်ဒရစ်ဟာ အန်ဒီ ရော်ဘတ်ဆန်ကို ပြန်လည် စိတ်ဝင်စားလာပါတယ်။ ရော်ဘတ်ဆန်ဟာ တော့တင်ဟမ်ဟော့စပါးနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပေမယ့် စပါး အသင်း ပရီးမီးယားလိဂ်မှာ ဆက်ရှိ၊ မရှိပေါ် မူတည်နေပါတယ်။
ချဲလ်ဆီး တိုက်စစ်မှူး လီယမ် ဒီလက်ပ်ဟာ ပထမရာသီမှာ ရုန်းကန်ခဲ့ရပေမယ့် အသင်း ကနေ ထွက်ခွာဖို့ ဆန္ဒမရှိသေးပါဘူး။
အန်ဇို ဖာနန်ဒက်ဇ် ကတော့ သူ့ကို လစာတိုးပေးဖို့နဲ့ အတွေ့အကြုံရှိ ကစားသမားသစ်တွေ ခေါ်ယူပေးမယ် ဆိုတဲ့ ကတိရရင် စာချုပ်သစ်ချုပ်ဖို့ အဆင်သင့် ရှိနေပါတယ်။
ဘေယန်မြူးနစ်က အပြီးသတ် မခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ချဲလ်ဆီး တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆန်ဟာ နယူးကာဆယ်ရဲ့ ပစ်မှတ် ဖြစ်လာပါတယ်။ နယူးကာဆယ် ကတော့ ဂျာမနီ တိုက်စစ်မှူး နစ်ခ် ဝေါလ်တီမာဒါကို အသင်းမှာ မလိုချင်တော့ဘဲ သူ့နေရာမှာ ဂျက်ဆန်နဲ့ အစားထိုးဖို့ ကြံရွယ်နေတာပါ။
နည်းပြ ဟန်ဆီ ဖလစ်ခ်က လာမင်း ယာမယ်နဲ့ တွဲဖက်ညီမယ့် တိုက်စစ် လိုက်ပါနိုင်တဲ့ ညာနောက်ခံလူသစ် တစ်ဦး ရှာဖွေနေပြီး ဒေါ့မန်က ဂျူလီယန် ရိုင်ယာဆန်နဲ့ ဗလက်ကာနိုက အန်ဒရီ ရတ်တီယူ တို့ကို စောင့်ကြည့်နေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ကွင်းလယ်လူ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီ အတွက် ဆော်ဒီပရိုလိဂ် ကလပ် အဲလ်အာလီရဲ့ ယူရို သန်း ၈၀ တန် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။
စပို့တင်းလစ္စဘွန်း အစွန်လူ မက်ဆီ အာရူဟိုကို ချဲလ်ဆီး၊ တော့တင်တမ်ဟော့စပါးတို့ အပြင် အက်စတွန်ဗီလာနဲ့ နယူးကာဆယ်တို့ကပါ အပြိုင်အဆိုင် စိတ်ဝင်စားလာကြပါတယ်။
တန်းဆင်းသွားရတဲ့ ဝုဗ် အသင်းရဲ့ နောက်ခံလူ ဆန်တီယာဂို ဘူအေနိုကို ခေါ်ယူဖို့ ဝက်စ်ဟမ်း၊ လိဒ်စ်ယူနိုက်တက်၊ ခရစ္စတယ်ပဲလေ့စ်နဲ့ ဘရန့်ဖို့ဒ် တို့က အခွင့်အရေး စောင့်နေကြပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


