အာဆင်နယ်နဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ ၁-၁ သရေထားပေမယ့်လည်း အက်တလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီ ကတော့ သူ့အသင်း ဗိုလ်လုပွဲကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်နေပါတယ်။
ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် အာဆင်နယ်နှင့် ရင်ဆိုင်ရမည့်ပွဲအတွက် အက်သလက်တီကို အနေဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်မည်ဟု “ ယုံကြည်မှုအပြည့်ရှိကြောင်း” နည်းပြ ဒီယေဂို ဆီမြွန်နီက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က မက်ထရိုပိုလီတာနိုကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ ပထမအကျော့ ပွဲစဉ်မှာ ဗစ်တာ ယောကရက်စ်နဲ့ ဂျူလီယန် အဲလ်ဗာရက်စ် တို့ရဲ့ ပယ်နယ်တီ သွင်းဂိုးတွေနဲ့ သရေကျခဲ့တာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် အခြေအနေက တင်းမာနေဆဲ ဖြစ်ပေမယ့်လည်း Opta စူပါကွန်ပျူတာရဲ့ ပွဲကြိုခန့်မှန်းချက်အရ အာဆင်နယ် အသင်း အနေနဲ့ ဒုတိယအကျော့မှာ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်ဖို့ ၅၆ ရာခိုင်နှုန်း အထိ ရေပန်းစားနေကာ အက်တလက်တီကိုမက်ဒရစ် ကတော့ ၂၀.၂ ရာခိုင်နှုန်းသာ ရှိနေပါတယ်။
ဒါပေမယ့်လည်း အက်တလက်တီကိုမက်ဒရစ် အသင်းက ဆီမြွန်နီရဲ့ လက်အောက်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို (၂၀၁၄ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ) နှစ်ကြိမ် တက်ရောက်ခဲ့ဖူးပါတယ်။ ကလပ် အသင်း တစ်သင်းတည်းနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို အကြိမ် အများဆုံး တက်ရောက်ခဲ့တဲ့ နည်းပြတွေ ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ ဆာ အဲလက်စ် ဖာဂူဆန်၊ ဂျူဗင်တပ်စ်နဲ့ မာဆယ်လို လစ်ပီ (တစ်ဦးလျှင် ၄ ကြိမ်စီ) တို့သာ ရှိထားပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ ချန်ပီယံလိဂ်မှာ အင်္ဂလန် ကလပ်တွေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ အဝေးကွင်း ပွဲစဉ် (၇) ပွဲမှာ (၆) ပွဲ အထိ ရှုံးနိမ့်ထားပါတယ်။ ဒါ့အပြင် နောက်ဆုံး (၄) ပွဲ ဆက်တိုက် ရှုံးနိမ့်ထားပေမယ့်လည်း ဆီမြွန်နီ ကတော့ သူတို့ရဲ့ ပန်းတိုင် ကိုသာ အာရုံစိုက်နေတာ ဖြစ်ပါတယ်။
ဆီမြွန်နီက “ပွဲစဉ်က တောင်းဆိုတဲ့ နားလည်မှုမျိုးနဲ့ ကျွန်တော်တို့ လုပ်ရမယ့် ပွဲကို ကစားဖို့ ကြိုးစားသွားမှာပါ။ ဒါမှ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်က တိုးတက်လာမှာပါ” လို့ ဆိုပါတယ်။ “ကျွန်တော်တို့ ဘာလိုချင်လဲဆိုတာကို အပြည့်အဝ ယုံကြည်မှု ရှိပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့ လက်ထဲမှာပဲ ရှိနေတာတော့ မဟုတ်ဘူး။ လူတိုင်းက ခေါင်းစဉ် တစ်ခု ဒါမှမဟုတ် ထူးခြားတဲ့ တစ်စုံတစ်ခု ကိုပဲ အမြဲရှာနေကြတာလို့ ထင်ပါတယ်။ တကယ်တမ်းတော့ ကစားသမားတွေနဲ့ နည်းပြတွေ ကတော့ ပွဲကို စတင်ဖို့ပဲ လိုလားကြတာပါ။ ဘယ်သူက ပိုကောင်းအောင် ကစားနိုင်မလဲ သူကပဲ အခွင့်အရေး ပိုရမှာ ဖြစ်ပြီး လူတိုင်း ကလည်း ကိုယ့်ရဲ့ အစွမ်းအစတွေကို အမြင့်ဆုံးအထိ ထုတ်သုံးချင်ကြမှာပါ။” လို့ ဆိုပါတယ်။

အဲလ်ဗာရက်စ်ဟာ ချန်ပီယံလိဂ် သက်တမ်းတစ်လျှောက် မိနစ် ၈၀ တိုင်းမှာ ဂိုး တစ်ဂိုး သို့မဟုတ် ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ (မိနစ် ၂,၇၁၀ မှာ ဂိုးပါဝင်မှု ၃၄ ကြိမ် – ဂိုး ၂၅၊ ဖန်တီးမှု ၉ ကြိမ်)။ ပြိုင်ပွဲအတွင်း ဂိုးပါဝင်မှု ၂၀ နဲ့ အထက် ရှိတဲ့ တိုက်စစ်မှူးတွေထဲမှာ အာလင်း ဟာလန်း (၇၄ မိနစ်) ပြီးရင် သူက ဒုတိယမြောက် အကောင်းဆုံး စံချိန်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
အဲလ်ဗာရက်ဇ်က အာဆင်နယ်နဲ့ ပထမအကျော့ ပွဲမှာ ဒဏ်ရာရရှိခဲ့တာကြောင့် တနင်္ဂနွေနေ့က ဗလင်စီယာကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲကို လွဲချော်ခဲ့ပေမယ့်လည်း အခုအခါ အမ်းမရိတ်စ်ကွင်းဆီ သွားရောက်ရမယ့် လူစာရင်း မှာတော့ ပြန်လည် ပါဝင်လာပြီလည်း ဖြစ်ပါတယ်။ “ဟူလီယန်က ဒီလို အရေးကြီးတဲ့ ပွဲတွေမှာ ဘာတွေကို ယူဆောင်လာပေးသလဲ ဆိုတာပါပဲ။ သူက အင်္ဂလိပ်လိဂ်ကို ကောင်းကောင်းသိတယ်၊ ပထမအကျော့ မှာလည်း အကောင်းဆုံး ကစားခဲ့တယ်။ ပွဲက တောင်းဆိုတဲ့ အတိုင်း သူ ပြန်လည် တုံ့ပြန်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ ဆီမြွန်နီက ပြောပါတယ်။
တစ်ဖက် မှာလည်း အန်တွန် ဂရစ်ဇ်မန်းက ရာသီကုန်မှာ မေဂျာလိဂ် ကလပ် အော်လန်ဒိုစီးတီးကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရထားပြီးဖြစ်ရာ ဥရောပ အဆင့်မြင့် ပြိုင်ပွဲတွေမှာ သူ့ရဲ့ ၁၂၈ ပွဲမြောက်နဲ့ နောက်ဆုံး ပွဲကို ကစားရဖွယ် ရှိနေပါတယ်။ သူဟာ ဥရောပပြိုင်ပွဲတွေမှာ ဂိုး ၅၀ အထက် သွင်းယူထားနိုင်တဲ့ ပြင်သစ် ကစားသမား ၄ ဦးထဲမှာ တစ်ဦး အပါအဝင် ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အက်တလက်တီကိုမက်ဒရစ်နဲ့ နှုတ်ဆက်ရမည်ကို မြင်ယောင်မိသလားဟု မေးမြန်းရာ ဂရစ်ဇ်မန်းက “ကျွန်တော် (ဗုဒ္ဓဟူးနေ့) ပွဲကိုပဲ အာရုံစိုက်နေပါတယ်။ ကျွန်တော့် အသင်းဖော်တွေ ဘာတွေ လိုအပ်မလဲဆိုတာ ကိုပဲ စိတ်ထဲထားပါတယ်။ ကျွန်တော့်မှာ ကျန်နေသေးတဲ့ ပွဲတွေကို ကျွန်တော် မတွေးနေပါဘူး။ လန်းဆန်းနေဖို့နဲ့ ခြေစွမ်းကောင်းဖို့ပဲ အာရုံစိုက်နေတာပါ။ ချန်ပီယံလိဂ် စတင်တိုင်း ကျွန်တော်တို့ ဖလားကို ကိုင်မြှောက်နေတာကို မြင်ယောင်မိပါတယ်။ ကလေးတိုင်းက အဲဒီလို အိပ်မက် မက်ကြတာပါ။ ကျွန်တော် တို့လည်း အဲဒီလိုပါပဲ။”
“ဗိုလ်လုပွဲ ရောက်ဖို့ နှစ်ပွဲပဲ လိုတော့တယ်။ ကျွန်တော်တို့ ခံစစ်ရော တိုက်စစ်မှာပါ နည်းဗျူဟာအရ ခိုင်မာဖို့ လိုပါတယ်။ ပထမအကျော့ ဒုတိယပိုင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ထိန်းထားဖို့ လိုသလို၊ ဂိုးတွေ ပိုသွင်းဖို့လည်း လိုအပ်ပါသေးတယ်။” လို့ ဂရစ်ဇ်မန်းက ပြောကြားသွားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


