နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

သရေရလဒ်နဲ့ ကျေနပ်ခဲ့ရတဲ့ အက်တလက်တီ ၁-၁ အာဆင်နယ် ပွဲမှ ကောက်နုတ်ချက် ၄ ခု | ချန်ပီယံလိဂ်

အာဆင်နယ် ကတော့ မက်ထရိုပိုလီတာနိုမှာ မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အက်တလက်တီကိုမက်ဒရစ်နဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျသွားခဲ့ပါတယ်။ ဒါကြောင့် ဂန်းနားတွေဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်လှမ်းဖို့ အခြေအနေကောင်း တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။

ပွဲစဥ်ရဲ့ ပထမပိုင်းမှာ မီခဲလ် အာတေးတားရဲ့ အသင်းဟာ ကျစ်လျစ်စွာ ကစားနိုင်ခဲ့ပြီး ပထမပိုင်းပြီးခါနီးမှာ ဗစ်တာ ယောကရက်စ်က ပင်နယ်တီက တဆင့် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ အက်တလက်တီကိုက တရပ်စပ် တိုက်စစ်ဆင်ခဲ့ရာ မှာတော့ ဟူလီယန် အဲလ်ဗာရက်စ်က ပင်နယ်တီ ကနေပဲ ချေပဂိုး ၁ ဂိုး ပြန်လည် သွင်းယူပေးခဲ့လို့ စပိန် ကလပ်က ကံကောင်းခဲ့ပါတယ်။ လာမယ့် တပတ် အမ်းမရိတ်စ်ကွင်းမှာ ကစားမယ့် ဒုတိယအကျော့ အတွက် အခွင့်အရေးက နှစ်သင်းလုံး အတွက် လမ်းပွင့်နေဆဲ ဖြစ်ပေမယ့်လည်း အာဆင်နယ် အနေနဲ့ သူတို့ အသင်းရဲ့ သမိုင်းတလျှောက် ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ဖို့ ယုံကြည်ချက်တွေ ပိုမို အားကောင်းသွားခဲ့ပါတယ်။

 

၁။ အရေးကြီးတဲ့အချိန်မှာ တောက်ပခဲ့တဲ့ ယောကရက်စ်

ယောကရက်စ် အနေနဲ့ အာဆင်နယ်နဲ့ ပထမဆုံးရာသီမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတယ် ဆိုရင်လည်း မမှားပါဘူး။ သူ့အပေါ် ဝေဖန်မှုတွေ ပြင်းထန်နေပေမယ့်လည်း အခုလို အရေးကြီးတဲ့ ပွဲစဉ်မှာတော့ ဆွီဒင် တိုက်စစ်မှူးက ကြောက်ရွံ့ခြင်း မရှိဘဲ အာဆင်နယ် အတွက် အရေးအပါဆုံး ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ကိုင် ဟာဗက်ဇ် ဒဏ်ရာရနေခြင်းကြောင့်သာ ယောကရက်စ် ပွဲထွက်ခွင့်ရခဲ့ခြင်း ဖြစ်ပေမယ့်လည်း ပွဲချိန် မိနစ် ၄၀ မှာ ဒေးဗစ် ဟန့်ချ်ကိုက သူ့ကို ဧရိယာအတွင်း တွန်းလှဲခဲ့ရာ ကနေ ပင်နယ်တီ ရခဲ့ပါတယ်။ အဲဒီဖိအားတွေ အကြားမှာပဲ ယောကရက်စ်က အမှားအယွင်း မရှိ အပြင်းကန် သွင်းကာ အာဆင်နယ်ကို အသာစီးရစေခဲ့ပါတယ်။

 

၂။ ဘယ်နောက်ခံလူ အစွမ်းပြသော်လည်း ညာနောက်ခံလူ အမှားကျူးလွန်ခဲ့

အာဆင်နယ်ရဲ့ ဘယ်နောက်ခံလူ ပီယာရို ဟင်ကပ်ပီယေ အနေနဲ့ အကောင်းဆုံး ကစားခဲ့ပြီး အက်တလက်တီကိုရဲ့ တိုက်စစ်ဆင်မှုတွေကို ဟန့်တားနိုင်ခဲ့ပေမယ့်လည်း ညာနောက်ခံလူ ဘန်ဝှိုက် ကတော့ အသင်းကို ဒုက္ခများစေခဲ့ပါတယ်။ အာတေးတားရဲ့ အသင်းဟာ ခံစစ်ပိုင်း ကောင်းမွန်ခဲ့ပေမယ့်လည်း ဘန် ဝှိုက်က မလိုအပ်ဘဲ လက်နဲ့ ဘောလုံးကို ကာကွယ်ဖို့ ကြိုးစားခဲ့ရာ ကနေ ပင်နယ်တီ ပေးခဲ့ရပြီး အဲဒီ ကနေ တဆင့် ချေပဂိုး ပေးလိုက်ရခြင်း ဖြစ်ပါတယ်။ အကယ်၍ အက်တလက်တီကို တိုက်စစ်မှူး အဒမ်မိုလာ လွတ်ခ်မန်းသာ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ရင် အာဆင်နယ် အတွက် အခြေအနေ ပိုဆိုးသွားနိုင်တာလည်း ဖြစ်ပါတယ်။

 

၃။ ဒုတိယပိုင်းမှာ ပျောက်ကွယ်သွားတဲ့ အာဆင်နယ်

အာဆင်နယ် အနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်လှမ်းချင်တယ် ဆိုရင် အခုထက် ပိုမို ကောင်းမွန်တဲ့ ကစားဟန်ကို ပြသဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။
ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ဒုတိယအကြိမ် တက်ရောက်နိုင်ဖို့ အားပိုစိုက်ရမယ့် အာဆင်နယ်

ပထမပိုင်းမှာ ဦးဆောင်ဂိုး ရရှိခဲ့ပေမယ့်လည်း ဒုတိယပိုင်း မှာတော့ အာဆင်နယ်ရဲ့ စွမ်းဆောင်ရည်က ကျဆင်းသွားခဲ့ပါတယ်။ ဒုတိယပိုင်း အစော မိနစ် ၂၀ မှာ အိမ်ရှင် အသင်းရဲ့ တရစပ် ထိုးစစ်ဆင်မှု အောက်မှာ အာဆင်နယ်တို့ အလူးအလဲ ခံခဲ့ရပါတယ်။ ပွဲချိန် ၆၅ မိနစ် အရောက်မှာ အက်တလက်တီကိုမက်ဒရစ်က ဂိုးကန်သွင်းခွင့် ၁၇ ကြိမ် အထိ ရရှိခဲ့ပြီး မျှော်မှန်းဂိုး (xG) မှာ ၂.၀၀ အထိ ရှိခဲ့တာကြောင့် အာဆင်နယ်ရဲ့ ၀.၂၇ နှင့် ယှဉ်လျှင် သိသိသာသာ ကွာဟနေပါတယ်။ တကယ်ဆိုရင် ဂိုးတိုင်နဲ့ ဂိုးသမား ဒေးဗစ် ရာယာ တို့သာ မကယ်တင်ခဲ့ရင်တော့ အာဆင်နယ်တို့ မက်ဒရစ် ကနေ အရှုံးနဲ့ ပြန်ခဲ့ရဖွယ် ရှိပါတယ်။

 

၄။ ချန်ပီယံဆု အတွက် သိသိသာသာ တိုးတက်ဖို့ လိုအပ်နေတဲ့ အာဆင်နယ်

ဆီမြွန်နီရဲ့ အက်တလက်တီကို ကတော့ အဝေးကွင်းမှာ ရလဒ်ကောင်းအောင် ကစားနိုင်တဲ့ အတွေ့အကြုံ ရှိတဲ့ အသင်း ဖြစ်ပါတယ်။ အာဆင်နယ် အနေနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်လှမ်းချင်တယ် ဆိုရင် အခုထက် ပိုမို ကောင်းမွန်တဲ့ ကစားဟန်ကို ပြသဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ တစ်ဖက်က ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ် တို့ရဲ့ ခြေစွမ်းနဲ့ ယှဉ်ရင် အာဆင်နယ်က လက်ရှိမှာ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ အကယ်၍ အက်တလက်တီကိုရဲ့ ဖိအားပေးမှုကိုပဲ အသည်းအသန် ခံနေရရင်တော့ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်တွေကို ဘယ်လို ရင်ဆိုင်မလဲ ဆိုတာ မေးခွန်းထုတ်စရာ ရှိနေဆဲ ဖြစ်ပါတယ်။အကျဉ်းချုပ်အားဖြင့် ဆိုရရင်တော့ အာဆင်နယ်က သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဖလားကို ကိုင်မြှောက်နိုင်ဖို့ အတွက် အာတေးတားနဲ့ သူ့ရဲ့ အသင်းသားတွေဟာ လာမယ့် ရက်သတ္တပတ်တွေမှာ လက်ရှိထက် အဆင့်အတန်း မြင့်မားတဲ့ ခြေစွမ်း တစ်ရပ်ကို ဖော်ဆောင်နိုင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်