အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား အနေနဲ့ သူ့ရဲ့ စံပြ ပုဂ္ဂိုလ် ဖြစ်တဲ့ ဒီယေဂို ဆီမြွန်နီရဲ့ အက်တလက်တီကိုမက်ဒရစ်နဲ့ ရင်ဆိုင်ရာမှာ သရေ ရလဒ်နဲ့ ကျေနပ်သွားမှာ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ အာဆင်နယ်က အက်သလက်တီကို မက်ဒရစ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ပထမအကျော့ အဖြစ် မက်ထရို ပိုလီတာနိုကို သွားရောက် ကစားရမှာပါ။ နောက်တစ်ပတ် အင်္ဂါနေ့ မှာတော့ အိမ်ကွင်း အမ်းမရိတ်စ်မှာ ဒုတိယအကျော့ကို ကစားရမှာ ဖြစ်ပါတယ်။
နည်းပြ မီခဲလ် အာတေးတား အတွက်တော့ သူကာလရှည်ကြာ လေးစားအားကျခဲ့ရတဲ့ နည်းပြ တစ်ဦးနဲ့ ထိပ်တိုက်တွေ့ဆုံခြင်းလည်း ဖြစ်ပါတယ်။ အာတေးတား ကတော့ သူ့ရဲ့ “ စံပြပုဂ္ဂိုလ်” လို့ တင်စားရသူ ဒီယေဂို ဆီမြွန်နီရဲ့ အက်တလက်တီကိုမက်ဒရစ်နဲ့ ပွဲစဉ်မှာ သရေ ရလဒ်ကို ဦးတည် ကစားဖို့ ရည်ရွယ်ချက် မရှိကြောင်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်နဲ့ အက်တလက်တီကိုမက်ဒရစ် တို့ဟာ ဥရောပဖလား သို့မဟုတ် ချန်ပီယံလိဂ် ပြိုင်ပွဲတွေမှာ ဖလား တစ်ကြိမ်မျှ မရဖူးသေးပဲ ပွဲအများဆုံး ကစားထားတဲ့ အသင်း နှစ်သင်းလည်း ဖြစ်ကြပါတယ်။ အာဆင်နယ်က ၂၂၃ ပွဲနဲ့ အက်တလက်တီကိုမက်ဒရစ်က ၁၉၀ ပွဲစီ ကစားထားကြခြင်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က နယူးကာဆယ်ကို ၁-၀ နဲ့ ခက်ခက်ခဲခဲ အနိုင်ရပြီး ပရီးမီးယားလိဂ် ဇယားထိပ်ကို ပြန်လည် ရောက်ရှိလာတဲ့ အာဆင်နယ်ဟာ နောက်ဆုံး ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၂ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိသေးပါဘူး။ အကယ်၍ စပိန်မြေမှာ ရှုံးပွဲ မရှိအောင် ကစားနိုင်ခဲ့ရင်တော့ အာဆင်နယ်ဟာ သူတို့ရဲ့ ဥရောပ ပြိုင်ပွဲ သမိုင်းတစ်လျှောက် အရှည်ကြာဆုံး ရှုံးပွဲ မရှိစံချိန်ကို လိုက်မီမှာ ဖြစ်ပါတယ်။ ယခင် စံချိန် ကတော့ ၂၀၀၅ ခုနှစ် မတ်လ ကနေ ၂၀၀၆ ခုနှစ် ဧပြီလ အထိ ၁၃ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိခဲ့ခြင်း ဖြစ်ပြီး အဲဒီနှစ်က ဂန်းနားတွေက ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ပေမယ့်လည်း ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ပါတယ်။

အာတေးတး ကတော့ သူ့ရဲ့ အသင်းဟာ ဒီရာသီ အဝေးကွင်းမှာ အနိုင်ရနိုင်လောက်တဲ့ အရည်အသွေးမျိုး ပြသထားနိုင်ကြောင်း ယုံကြည်နေပါတယ်။ “ဒါဟာ ကျွန်တော်တို့ ရောက်ချင်နေတဲ့ အဆင့်မျိုးပါ။ ပြီးခဲ့တဲ့ ကိုးလတာ အတွင်းမှာ ထားရှိခဲ့တဲ့ ကျွန်တော် တို့ရဲ့ ကြိုးစားအားထုတ်မှု၊ စိတ်အားထက်သန်မှုနဲ့ အရည်အသွေးတွေကြောင့် ဒီနေရာကို ရောက်လာခဲ့တာပါ။ အခုက ကျွန်တော်တို့ ဘယ်လောက် ကောင်းသလဲ၊ ဒီဖလားကို ဘယ်လောက် လိုချင်သလဲ ဆိုတာ သက်သေပြရမယ့် အချိန်ပါပဲ။ အခွင့်အရေးက ကျွန်တော်တို့ ရှေ့မှာ ရှိနေပြီး အမိအရ ဆုပ်ကိုင်ရပါမယ်။” လို့ အာတေးတားက ဆိုပါတယ်။
ဆက်လက်ပြီး သူက “ကျွန်တော်တို့ ဒီပွဲကို အနိုင်ကစားဖို့ ပြင်ဆင်ထားပါတယ်။ ဒါက မေးခွန်းထုတ်စရာ မလိုပါဘူး။ ပွဲက ခက်ခဲမယ် ဆိုတာ သိပေမယ့် ကျွန်တော်တို့ ဘယ်ကွင်းမှာမဆို ဘယ်လို ကစားနိုင်တယ် ဆိုတာ ဥရောပမှာ ပြသခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ခြေစွမ်း တည်ငြိမ်ခဲ့သလို မနက်ဖြန် မှာလည်း အဲဒီယုံကြည်မှု၊ ဆန္ဒတွေနဲ့ အတူ အနိုင်ကစားဖို့ လာခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။
အာတေးတားဟာ ပြိုင်ဘက် နည်းပြ ဆီမြွန်နီ အပေါ်မှာလည်း အခုလိုပဲ ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ ဆီမြွန်နီဟာ ၁၇ နှစ်တာ အက်တလက်တီကိုကို ကိုင်တွယ်စဉ် အတွင်း အသင်းကို ချန်ပီယံလိဂ် ဗိုလ်လုပွဲကို နှစ်ကြိမ် (၂၀၁၄ နဲ့ ၂၀၁၆) တက်လှမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့ပေမယ့်လည်း မြို့ခံ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့ရပါတယ်။
“ပြီးခဲ့တဲ့ ၁၅ နှစ် အတွင်းမှာ သူလုပ်ဆောင်ခဲ့တဲ့ အလုပ်တွေနဲ့ အတူ ကလပ် အသင်းကြီး တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ သူလုပ်ဆောင်ခဲ့တဲ့ ပုံစံမျိုးကို ကျွန်တော် အမြဲတမ်း လေးစားအားကျရပါတယ်။ သူဟာ ဒီကလပ် အသင်းနဲ့ တစ်သားတည်း ဖြစ်နေသူပါ။ သူဟာ တကယ့်ကို စံပြပုဂ္ဂိုလ် တစ်ယောက်ပါပဲ” လို့ အာတေးတားက ဆိုပါတယ်။
အာဆင်နယ်နဲ့ အက်တလက်တီကို တို့ဟာ ဒီရာသီ အုပ်စု အဆင့်မှာ တစ်ကြိမ် တွေ့ဆုံခဲ့ဖူးပြီး အောက်တိုဘာလက အမ်းမရိတ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်မှာ အာဆင်နယ်က ၄-၀ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။ ဒီရလဒ်ဟာ အက်တလက်တီကိုမက်ဒရစ် အတွက် ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ဂိုးအပြတ်ဆုံး ရှုံးနိမ့်ခဲ့သည့် စံချိန် (၄ ဂိုးပြတ်နဲ့ ၅ ကြိမ်မြောက် ရှုံးနိမ့်မှု) လည်း ဖြစ်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


