နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ပီအက်စ်ဂျီနဲ့ သရေကျခဲ့တဲ့ ခြေစမ်းပွဲမှာ သိသာထင်ရှားခဲ့တဲ့ ယူနိုက်တက်ရဲ့ အားသာချက်နဲ့ အားနည်းချက်များ

မန်ချက်စတာယူနိုက်တက် ကတော့ ရာသီကြို ခြေစမ်းပွဲတွေ ဆက်လက် ကစားခဲ့ရာ မှာတော့ ပီအက်စ်ဂျီနဲ့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဇူလိုင်လတုန်းက ရက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း နွေရာသီ ခြေစမ်းပွဲ ၃ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိ စံချိန်ကို ထိန်းသိမ်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ကစားသမား တချို့ အသင်းဆီ အဆင့်ဆင့် ပြန်လည် ပူးပေါင်းနေချိန်မို့ လူအင်အား မပြည့်စုံသေးပေမယ့် လက်ရှိ ဥရောပ ချန်ပီယံ ပီအက်စ်ဂျီ နဲ့ ရင်ဆိုင်ရတာဟာ နည်းပြ မိုက်ကယ် ကာရစ်ခ်ရဲ့ အသင်း အတွက် ဒီနွေရာသီရဲ့ အခက်ခဲဆုံး စိန်ခေါ်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။

မန်ယူနိုက်တက် အသင်း ကိုယ်တိုင်လည်း အင်အား တောင့်တင်းခြင်း မရှိသေးသလို၊ ပွဲစစချင်းမှာတင် ဘောလုံး မပေးမီ ပြေးထွက်မှု မြန်ဆန်တဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး အီဘရာဟင်မ် အမ်ဘာယေးကို အေဒန် ဟဲဗင်းက သေချာ လူကပ် မထားနိုင်ခဲ့ရာ ကနေ ဒရို ဖာနန်ဒက်ဇ်ရဲ့ ထိရောက်တဲ့ ဖန်တီးပေးပို့မှုက တစ်ဆင့် ပထမဆုံး ဂိုးပေးလိုက်ရတာကြောင့် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် ၃၂ မိနစ် မှာတော့ မန်ယူနိုက်တက် အသင်း ချေပဂိုး ပြန်ရခဲ့ပါတယ်။ ပီအက်စ်ဂျီရဲ့ အသက် ၁၆ နှစ်အရွယ် လက်ဝဲနောက်ခံလူ အက်ဆဲလ် ကူကာဘာဟာ အန္တရာယ်ရှိတဲ့ ဇုန်အတွင်းမှာ အာမက် ဒီယာလိုဆီ ဘောလုံး မှားယွင်း ပေးပို့မိခဲ့ပြီး၊ အဆိုပါ အမှား ကနေ တစ်ဆင့် ဘရိုင်ယန် အမ်ဘွေမိုက ဘယ်ခြေနဲ့ ကန်သွင်းပြီး သရေဂိုး ရယူပေးခဲ့တာပါ။

အမ်ဘွေမိုဟာ ပထမပိုင်းမှာပဲ ထပ်မံ ဂိုးရရှိနိုင်မယ့် အခွင့်အရေး တချို့ ရရှိခဲ့ပြီး ဆာဖိုနော့ဗ် ပုတ်ထုတ်ခဲ့ရတဲ့ ပြစ်ဒဏ်ဘော အပါအဝင် မန်ယူနိုက်တက်ဟာ ပီအက်စ်ဂျီ ထက် ကန်ချက်၊ ဂိုးပေါက်တည့် ကန်ချက်နဲ့ ပြိုင်ဘက် ဧရိယာ အတွင်း ဘောလုံးထိချက် ပိုမို များပြားစွာနဲ့ ပထမပိုင်းကို ပြီးဆုံးစေခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စချိန်မှာလည်း အမ်ဘွေမိုက ဂိုးသမား ဆာဖိုနော့ဗ်ကို ထပ်မံ စိန်ခေါ်ခဲ့ပြီး၊ ဆာဖိုနော့ဗ် လူစားလဲ မခံရမီ ဟယ်ရီ မက်ဂွိုင်းယား၏ ခေါင်းတိုက်ချက် ကိုလည်း ပုတ်ထုတ် ကာကွယ်ခဲ့ပါတယ်။ ပွဲပြီးခါနီး အထိ တိုင်လာ ဖလက်ချာ၊ ရှေး လေစီနဲ့ ဘရူနို ဖာနန်ဒက်စ် တို့ရဲ့ ကန်ချက်တွေ လွဲချော်ပြီး ပိတ်ဆို့ခံခဲ့ရပေမယ့်လည်း မန်ယ်နိုက်တက် ကပဲ အနိုင်ဂိုးရဖို့ ပိုမို နီးစပ်ခဲ့တာ ဖြစ်ပါတယ်။

 

၁။ တတိယမြောက် ကွင်းလယ်ကစားသမား ခေါ်ယူဖို့ လိုအပ်ချက် ရှိနေဆဲ ဖြစ်ခြင်း

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ အသင်း တာဝန်ရှိသူတွေ အနေနဲ့ ကျန်ရှိနေတဲ့ အပြောင်းအရွှေ့ ဘတ်ဂျက်ကို ဘယ်လို အကောင်းဆုံး အသုံးချမလဲ ဆိုတာ ဆုံးဖြတ်နေကြတာကြောင့် ဒီနွေရာသီမှာ တတိယမြောက် ဗဟိုကွင်းလယ်လူကို ခေါ်ယူဖို့ မသေချာတော့ကြောင်း သိရပါတယ်။

ငွေကြေးကို တခြားနေရာတွေမှာ ပိုမို အသုံးပြုနိုင်ဖို့ အတွက် စဉ်းစားချက် တစ်ခုက မေဆန် မောင့်ကို သူ မူလ ကစားလေ့ရှိတဲ့ နံပါတ် ၁၀ နေရာ ဒါမှမဟုတ် တောင်ပံ တိုက်စစ် နေရာတွေထက် ပုံမှန် ဗဟိုကွင်းလယ်လူ အဖြစ် ပြောင်းလဲ အသုံးပြုရေး ဖြစ်ပြီး၊ ဒါဟာ နည်းပြ ကာရစ်ခ် အနေနဲ့ ဒီနွေရာသီမှာ စမ်းသပ် လုပ်ဆောင်နေတဲ့ အရာလည်း ဖြစ်ပါတယ်။

မောင့်ဟာ ယခင် ခြေစမ်းပွဲတွေမှာ ပိုပြီး အတွင်းကျတဲ့ ကွင်းလယ် နေရာမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေရာ အတွက် အမှန်တကယ် အားထားရမယ့် ရွေးချယ်မှု ဖြစ်လာဖို့ အဓိက အဟန့်အတား ကတော့ ဒဏ်ရာ ကင်းစင်ဖို့ပဲ ဖြစ်ပြီး၊ လွန်ခဲ့တဲ့ ၃ နှစ်တာ အတွင်း အသင်း အတွက် ပွဲထွက်ခွင့် နည်းပါးခဲ့တာဟာ ချဲလ်ဆီး ကြယ်ပွင့်ဟောင်း အတွက် အကြီးမားဆုံး အားနည်းချက် ဖြစ်ခဲ့ပါတယ်။

ဒါကြောင့် ပွဲချိန် မိနစ် ၂၀ မှာပဲ မောင့် အနေနဲ့ ခြေထောက် မသက်မသာ ဖြစ်သွားပုံ ရပြီး လူစားလဲခံလိုက်ရတာကို မြင်တွေ့ရတာဟာ စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ သူဟာ ကွင်းပြင်ပဆီ ပြေးထွက်သွားနိုင်ခဲ့သလို ဆေးအဖွဲ့နဲ့လည်း ခေတ္တ စကားပြောခဲ့ပြီး အဝတ်လဲခန်းဆီ ဦးတည်သွားခဲ့တာပါ။ အဓိက ပြဿနာ ကြီးကြီးမားမား ရှိပုံ မရပေမယ့် မောင့်ရဲ့ ဒဏ်ရာ ရာဇဝင်ကြောင့် ကာရစ်ခ်နဲ့ နည်းပြအဖွဲ့က ကြိုတင် ကာကွယ်တဲ့ အနေနဲ့ လူစားလဲခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးချိန်မှာ နည်းပြ ဖြစ်သူက “ကျွန်တော်တို့ ဂရုစိုက်ချင်တာကြောင့် သတိထားလိုက်တာပါ” လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

မောင့် မဟုတ်ရင်တောင် ကွင်းလယ် ကစားသမား တစ်ဦးဦး ဒဏ်ရာရရှိသွားပါက မန်ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် အင်အား နည်းပါးသွားနိုင်တာကြောင့် အခြေအနေတွေအရ အသင်းကို ထပ်မံ အင်အား မဖြည့်တင်းပါက စွန့်စားရာ ရောက်ပါလိမ့်မယ်။

 

၂။ ဘရူနို ဖာနန်ဒက်စ် ပြန်လည် ပါဝင်လာခြင်း

မောင့်ဟာ ယခင် ခြေစမ်းပွဲစဉ်တွေမှာ ပိုပြီး အတွင်းကျတဲ့ ကွင်းလယ် နေရာမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ခြေစွမ်းကောင်းတွေ မြင်တွေ့ခဲ့ရပေမယ့် အားနည်းချက်တွေလည်း ရှိနေသေးတဲ့ မန်ယူနိုက်တက်

ပေါ်တူဂီ အသင်း ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်သို့ ရောက်ရှိခဲ့ပြီးနောက် ဒါဟာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ရာသီကြို ပထမဆုံး ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ၂၀၂၅-၂၆ ရာသီမှာ ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ဂိုးဖန်တီးမှု အများဆုံး စံချိန်သစ် တင်ခဲ့တဲ့ မန်ယူနိုက်တက် အသင်းခေါင်းဆောင်ဟာ ပွဲချိန် ၆၄ မိနစ်မှာ ကာရစ်ခ် ပြုလုပ်ခဲ့တဲ့ ကစားသမား ၅ ဦး ပြောင်းလဲမှုထဲမှာ ပါဝင်ခဲ့ပါတယ်။

အဆိုပါ လူစားလဲမှုတွေမှာ ကမ္ဘာ့ဖလား အပြီး အားလပ်ရက် ဖြတ်သန်းကာ အသင်းသစ်နဲ့ ပထမဆုံး သီတင်းပတ် လေ့ကျင့်ခန်းဆင်းထားတဲ့ ယူရီ တေးလီမန့်စ်ရဲ့ တရားဝင် ပွဲထွက်ကစားမှုလည်း ပါဝင်ခဲ့ပါတယ်။ နောက်ခံ အစွန်လူတွေ ဖြစ်တဲ့ ဒီယိုဂို ဒါးလော့တ်နဲ့ မက်ဇရာရီ တို့ကလည်း ကမ္ဘာ့ဖလား အပြီး ပထမဆုံးအကြိမ် ပြန်လည် ပါဝင်လာခဲ့ကြတာပါ။ တစ်ဖက်မှာလည်း ပီအက်စ်ဂျီ အသင်းက ဒုတိယပိုင်းမှာ မာကွင်ညော့စ်၊ ဗစ်တင်ညာ၊ ဂျိုအို နီးဗက်စ်နဲ့ နူနို မန်းဒက်စ် တို့ကို လူစားဝင် ကစားစေခဲ့ပါတယ်။

ယူနိုက်တက် မှာတော့ နေမကောင်း ဖြစ်နေတဲ့ မားသီးယက်စ် ကူညာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ သူဟာ လိဒ်စ်ယူနိုက်တက်နဲ့ ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ရမယ့် အိုင်ယာလန် ခရီးစဉ်ဆီ သွားရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။ မန်ချက်စတာမှာပဲ ကြံ့ခိုင်မှု ပြန်လည် တည်ဆောက်နေရတာကြောင့် ရာသီ ခြေစမ်းပွဲတွေ လွဲချော်နေတဲ့ ဘင်ဂျာမင် ဆက်စ်ကိုလည်း အိုင်ယာလန်မှာ ပြန်လည် ပါဝင်လာဖို့ မျှော်လင့်ရပါတယ်။

 

၃။ ဂိုးသမား အခြေအနေ ပုံစံတကျ ဖြစ်လာဖို့ အချိန်ယူနေရဆဲ ဖြစ်ခြင်း

နေရာ အားလုံး အနက် ဂိုးသမားနေရာဟာ လာမယ့် ၂ သီတင်းအကြာ ဟားလ်စီးတီးနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်မှာ ပွဲထွက်လာမယ့် အခြေအနေနဲ့ အဝေးကွာဆုံး နေရာ ဖြစ်နေပါသေးတယ်။ ဝါရင့် တတိယ ဂိုးသမား တွမ် ဟီတန်ဟာ ဒီနွေရာသီ ၄ ပွဲမှာ ၃ ပွဲမြောက် ပွဲထွက်ခွင့် ရရှိခဲ့တာပါ။ အသက် ၄၀ အရွယ် ဂိုးသမားဟာ ချက်လူငယ် တာလန် ရာဒက် ဗီတက်ခ် မစ်ဒယ်ဘရော့ဆီ အပြီးသတ် မပြောင်းရွှေ့မီ အထိ အလှည့်ကျ တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

ဟီတန်ဟာ ပထမပိုင်းမှာ အံ့ဩစရာကောင်းတဲ့ နှစ်ထပ် ကာကွယ်မှု ပြုလုပ်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်း ပွဲစပြီး မိနစ်ပိုင်း အတွင်းမှာပဲ ဒဏ်ရာရရှိသွားခဲ့တာကြောင့် ဒါမော့တ် မီးနဲ့ လူစားလဲခဲ့ရပါတယ်။

ဗီတက်ခ်ရဲ့ အသင်း လူစာရင်းနေရာကို အသက် ၁၈ နှစ်အရွယ် ဖရက်ဒ် ဟီးသ်က အစားထိုး ဝင်ရောက်လာခဲ့ပြီး၊ မန်ယူနိုက်တက်ရဲ့ ပထမနဲ့ ဒုတိယ ဂိုးသမားတွေ ဖြစ်တဲ့ ဆန်နီ လမ်မန်းစ်နဲ့ ကားလ် ဒါးလိုးဝ် တို့ကတော့ ပါဝင်နိုင်ခြင်း မရှိသေးပါဘူး။ လမ်းမန်းစ်ကို ဘယ်လ်ဂျီယံ အသင်းဖော် တေးလီမန့်စ်နဲ့ အတူ ကမ္ဘာ့ဖလားအပြီး နားရက်တွေ အပြီး ပြန်လည် ပါဝင်စေဖို့ ရည်ရွယ်ခဲ့ပေမယ့် မပြင်းထန်တဲ့ ဖျားနာမှုကြောင့် ပြန်လည် ပူးပေါင်းဖို့ နှောင့်နှေးခဲ့ရတာပါ။ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး အပြောင်းအရွှေ့ဆုရ လမ်းမန်းစ်ဟာ အိုင်ယာလန်မှာ အသင်းနဲ့ သွားရောက် ပူးပေါင်းမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း ပြန်လည်ဆင်းပြီးကာစ လမ်မန်းစ် အနေနဲ့ ဗုဒ္ဓဟူးနေ့ပွဲမှာ ပါဝင်ကစားဖို့ အသင့်ဖြစ် မဖြစ်နဲ့ ဟီးတွန်ရဲ့ ဒဏ်ရာ ရာဇဝင် မည်မျှစိုးရိမ်ရသလဲ ဆိုတာကို စောင့်ကြည့်ရဦးမှာပါ။ ဒါကြောင့် လိဒ်စ် အသင်းနဲ့ ပွဲစဉ်မှာ ဒါမော့တ် မီး အနေနဲ့ မမျှော်လင့်ဘဲ နောက်ထပ် အခွင့်အရေး တစ်ကြိမ် ရရှိသွားဖွယ်လည်း ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်