နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အေစီမီလန် အနေနဲ့ စီးရီးအေနဲ့ ယူရိုပါလိဂ် ချန်ပီယံဆုတွေကို ပစ်မှတ်ထားရမယ်လို့ အမော်ရင် ပြောကြား

အေစီမီလန် နည်းပြသစ် ရူဘင် အမော်ရင် ကတော့ အသင်း အနေနဲ့ စီးရီးအေနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲ နှစ်ခုလုံးမှာ အမြင့်မားဆုံး အောင်မြင်မှုတွေ ရယူနိုင်ဖို့ ရည်မှန်းချက် ကြီးကြီးမားမား ထားရှိလိုက်ပါတယ်။

မီလန်ရဲ့ ဂုဏ်သိက္ခာနဲ့ အဆင့်အတန်းအရ ၂၀၂၆-၂၇ ရာသီမှာ စီးရီးအေ ချန်ပီယံဆုရော ယူရိုပါလိဂ် ဖလားကိုပါ ဆွတ်ခူးနိုင်ဖို့ ကြိုးစားရမယ်လို့ အမော်ရင်က ယုံကြည်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီတုန်းက မီလန် အသင်းဟာ ရာသီကုန်ခါနီး နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲသာ နိုင်ပြီး ၁ ပွဲ သရေ၊ ၃ ပွဲ အထိ ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်ခဲ့ရပြီး စိတ်ပျက်စရာကောင်းအောင် ရာသီသိမ်းခဲ့ရပါတယ်။ ရာသီ နောက်ဆုံး ပွဲစဉ်မှာ ကက်ဂလီယာရီကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာဟာ နည်းပြ မက်ဆီမီလီယာနို အယ်လီဂရီ အတွက်လည်း နောက်ဆုံးပွဲ ဖြစ်ခဲ့သလို၊ ဒီရှုံးပွဲကြောင့်ပဲ ကိုမိုက အဆင့် ၄ အတွင်း ဝင်ရောက်သွားနိုင်ခဲ့တာပါ။

မီလန် အသင်းဟာ ရာသီတစ်ခုလုံးမှာ ရမှတ် ၇၀ အထိ ရရှိခဲ့ပေမယ့် သမိုင်းတစ်လျှောက် မှာတော့ ရမှတ် ၇၀ ရယူနိုင်ခဲ့ပြီး အဆင့် ၄ အပြင်ဘက် ရောက်ရှိသွားခဲ့ရတာ ဒါဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြသစ် အမော်ရင် ကတော့ အတိတ်က အကြောင်းတွေကို နောက်ပြန် လှည့်ကြည့်မနေချင်ဘဲ ဒီရာသီမှာ သူ့အသင်း ရရှိသင့်တဲ့ အောင်မြင်မှု ရည်မှန်းချက်တွေကို အခုလိုပဲ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

“ကျွန်တော် ဒီကိုရောက်လာပြီး ဖလား မလိုချင်ဘူး၊ သို့မဟုတ် မယူနိုင်ဘူးလို့ လာပြောလို့ မရပါဘူး။ နည်းပြသစ် ရောက်လာတာ၊ ကစားသမားသစ်တွေ ပြောင်းလဲတာတွေ ရှိလို့ လုပ်စရာ အလုပ်တွေ အများကြီးရှိတာ မှန်ပေမယ့် မီလန်လို ကလပ် အသင်းကြီး တစ်သင်းမှာ ရှိနေပြီ ဆိုရင်တော့ ချန်ပီယံဆု ကိုပဲ ပစ်မှတ်ထားရမှာပါ။ ဒါကြောင့် ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားပါမယ်။”

“ယူရိုပါလိဂ် မှာလည်း ကျွန်တော်တို့ နာမည်နဲ့ လိုက်အောင် ယုံကြည်မှု ရှိရမယ်၊ ဒီဖလားကို ရအောင်ယူမယ် ဆိုတဲ့ ဆန္ဒရှိရပါမယ်။ လူတိုင်းက အရာရာကို ချက်ချင်း လက်ငင်း ရချင်ကြတာ သဘာဝပါ၊ ဒါပေမယ့် အရာရာကို စနစ်တကျ သေသေချာချာ လုပ်ဆောင်ဖို့ဆိုတာ အချိန်တော့ ပေးရပါတယ်။ ကျွန်တော့်ရဲ့ ရွေးချယ်မှု ကတော့ မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ အလုပ်တွေကို လုပ်ဆောင်သွားဖို့ပါပဲ” လို့ အမော်ရင်က ဆိုပါတယ်။

စီးရီးအေ ရာသီသစ် အဖွင့်ပွဲ အဖြစ် မီလန်ဟာ တိုရီနိုကို အဝေးကွင်းမှာ စတင် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ရာသီသစ် မစတင်ခင် မန်ယူနိုက်တက်၊ ချဲလ်ဆီး တို့နဲ့ ကစားဦးမယ့် အေစီမီလန်

အစောပိုင်း ကလည်း ရူဘင် အမော်ရင်ဟာ သူ့ အနေနဲ့ မီလန်ကို ကိုင်တွယ်ရမယ့် စိန်ခေါ်မှုတွေဟာ မန်ချက်စတာယူနိုက်တက်မှာ ကြုံခဲ့ရတာထက် ပိုမို ကြီးမားတယ်လို့ ဝန်ခံထားခဲ့ပါသေးတယ်။ 

“မီလန် နည်းပြ ဖြစ်လာရတဲ့ အတွက် တကယ်ပဲ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ ဒါဟာ တကယ့်ကို စိန်ခေါ်မှု အကြီးကြီးပါပဲ။ ပြီးခဲ့တဲ့ ယူနိုက်တက် အတွေ့အကြုံ အပြီးမှာ ကျွန်တော့်ကိုယ် ကျွန်တော် နောက်တစ်ခါကျရင် ဒီထက်သေးငယ်တဲ့ စိန်ခေါ်မှုကိုပဲ ရွေးတော့မယ်လို့ ကတိပေးခဲ့တာ။ အခုတော့ ဒီကို ရောက်နေပြီ ဖြစ်သလို ဒါက အရင်ထက်တောင် ပိုကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နေပြန်ပါပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် အရမ်းဂုဏ်ယူပါတယ်။ ကစားသမားတွေ၊ အဖွဲ့သားတွေနဲ့ အမြန်ဆုံး အလုပ်တွဲလုပ်ချင်နေပါပြီ။ မီလန်ကို ဖလားရအောင် လုပ်မှာလား ဆိုရင်တော့ သေချာတာပေါ့။ အေစီမီလန်လို အသင်းရဲ့ နည်းပြ ဖြစ်ချင်ရင် အဲဒီရည်မှန်းချက် အတွက်ပဲ ကစားရမှာပါ။” လို့ ဖွင့်ဟထားခဲ့တာ ဖြစ်ပါတယ်။

အေစီမီလန် အသင်းဟာ သြဂုတ်လ ၂၃ ရက်မှာ စီးရီးအေ ရာသီသစ် ပွဲစဉ်တွေကို မစတင်မီ ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီး၊ အမော်ရင်ရဲ့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက် တို့နဲ့ ရာသီကြို ခြေစမ်းပွဲ ၂ ပွဲ ယှဉ်ပြိုင်ကစားဖို့ ကျန်ရှိနေသေးပါသေးတယ်။ စီးရီးအေ ရာသီသစ် အဖွင့်ပွဲ အဖြစ် မီလန်ဟာ တိုရီနိုကို အဝေးကွင်းမှာ စတင် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ၅ ရက် အကြာ မှာတော့ ဗင်နီဇီယာ အသင်းကို ဆန်စီရိုမှာ လက်ခံ ကစားသွားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်