နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

မော်ရိုကိုနဲ့ ပွဲမှာ လူစားလဲခဲ့ရလို့ စိုးရိမ်ခဲ့ရတဲ့ ဒဏ်ရာ အပေါ် ကိုယ်တိုင် ရှင်းပြလာတဲ့ အမ်ဘာပေး | ကမ္ဘာ့ဖလား

မော်ရိုကိုနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲစဉ် ပြီးဖို့ ၁၅ မိနစ်အလိုမှာ ပြင်သစ် ကြယ်ပွင့် ကီလီယန် အမ်ဘာပေး တစ်ယောက် ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က မော်ရိုကို အသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အမ်ဘာပေး တစ်ယောက် ထော့နဲ့ထော့နဲ့နဲ့ လူစားလဲခံခဲ့ရပေမယ့် ပွဲအပြီးမှာတော့ သူ့ရဲ့ ဒဏ်ရာ အခြေအနေ အပေါ် စိုးရိမ်စရာ မရှိကြောင်း ပရိသတ်တွေကို အမြန်ဆုံး အသိပေး စိတ်အေးစေခဲ့ပါတယ်။

ဒီနွေရာသီ ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာတော့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး အမ်ဘာပေးဟာ ပြိုင်ဘက် နောက်ခံလူတွေရဲ့ အဓိက ပစ်မှတ်ထား ဖျက်ထုတ်ခြင်းကို ခံနေရတာပါ။ ၁၆ သင်း အဆင့်တုန်းက ပါရာဂွေးနဲ့ ပွဲမှာဆိုရင် ပွဲကြမ်းခဲ့တာကြောင့် အသင်းခေါင်းဆောင် အမ်ဘာပေးကို ကာကွယ်ဖို့ ကစားသမား နှစ်ယောက်ကို သက်တော်စောင့် အဖြစ် တာဝန်ပေးခဲ့ရတယ်လို့ နည်းပြ ဒက်စ်ရွှမ့်စ် ကိုယ်တိုင် ဝန်ခံခဲ့ဖူးပါတယ်။ အခု မော်ရိုကိုနဲ့ ပွဲက ပါရာဂွေး ပွဲလောက် မကြမ်းခဲ့ပေမယ့် အမ်ဘာပေး ကတော့ ဒဏ်ရာ အနာတရ ကင်းကင်းရှင်းရှင်းနဲ့ ကွင်းထဲက ထွက်မသွားနိုင်ခဲ့ပါဘူး။

ဒုတိယပိုင်း အလယ်လောက်မှာ အမ်ဘာပေးက သူ့ရဲ့ ပြင်သစ် လူငယ် လက်ရွေးစင် အသင်းဖော်ဟောင်း အီဆာ ဒီယော့ပ်ကို လျင်မြန်တဲ့ ခြေလှမ်းတွေနဲ့ ကျော်ဖြတ်ဖို့ ကြိုးစားချိန်မှာ ဒီယော့ပ်ရဲ့ ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခြင်းကို ခံခဲ့ရပါတယ်။ အသက် ၂၇ နှစ် အရွယ် အမ်ဘာပေးဟာ အဲဒီလို အဖျက်ခံရပြီးနောက် ကွင်းထဲမှာ ၁၅ မိနစ်လောက် ဆက်ကစားခဲ့ပြီး အူစမန်နီ ဒမ်ဘီလီ အတွက် အနိုင်ဂိုး ဖန်တီးပေးခဲ့ပါသေးတယ်။ ဒါပေမယ့် ပြီးခါနီးမှာတော့ ကွင်းလယ်စည်းနားမှာ အမ်ဘာပေး တစ်ယောက် ကွင်းထဲ လဲကျသွားခဲ့ပါတယ်။

အမ်ဘာပေး ကွင်းလယ် စက်ဝိုင်းထဲမှာ ပက်လက်လန် လဲကျသွားချိန်မှာ သူ့ဘေးနားမှာ ဘယ်ပြိုင်ဘက် ကစားသမားမှ ရှိမနေခဲ့ပါဘူး။ ဒါကြောင့် ပွဲကို ခဏရပ်နားခဲ့ရပြီး ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး ဂျင်းန်-ဖိလစ် မာတေးတားနဲ့ လူစားလဲခဲ့ရပါတယ်။ ပွဲပြီးဖို့ ၁၅ မိနစ် အလိုမှာ မော်ရိုကို ဘက်က ပြင်သစ်ကို ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပေမယ့် အမ်ဘာပေး လူစားလဲခံရတဲ့ မြင်ကွင်း ကတော့ ပြင်သစ် ပရိသတ်တွေ အတွက် တကယ့်ကို ထိတ်လန့်စရာပါ။ ကံကောင်းတာ ကတော့ ပွဲအပြီးမှာ ဒီစိုးရိမ်မှုတွေ အားလုံး ချက်ချင်း လွင့်ပျယ်သွားခဲ့ပါတယ်။

“ကျွန်တော် အဆင်ပြေပါတယ်။ ခြေကျင်းဝတ်ကို အရှိန်ပြင်းပြင်း အကန်ခံလိုက်ရတာပါ၊ ဒါပေမယ့် စိုးရိမ်စရာ မရှိပါဘူး။” လို့ အမ်ဘာပေးက ပြင်သစ်မီဒီယာ M6 ကို ပြောကြားခဲ့ပါတယ်။ “နောက်ဆုံး ၁၅ မိနစ်ကို ကစားဖို့ ကျွန်တော့်ထက်စာရင် ဂျေပီ (မာတေးတား) က ကြံ့ခိုင်မှု ပိုကောင်းတဲ့ အခြေအနေမှာ ရှိနေလို့ပါ” လို့ ဆိုပါတယ်။

အမ်ဘာပေးဟာ ဒုတိယပိုင်းတုန်းက ဒီယော့ပ်ကို လှည့်ထွက်ဖို့ ကြိုးစားချိန်မှာတင် ဒဏ်ရာရရှိခဲ့ပုံ ရပါတယ်။ အဲဒီတုန်းက တိုက်မိတာ တော်တော်လေး နာကျင်ခဲ့တယ်လို့ ပွဲအပြီးမှာ နည်းပြ ဒက်စ်ရွှမ့်စ်က အတည်ပြုခဲ့ပေမယ့် အမ်ဘာပေး ခံစားခဲ့ရဖူးတဲ့ တခြား ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ယှဉ်ရင်တော့ အခု ဒဏ်ရာက သာမန်ပါပဲ။

လက်ရှိ ကမ္ဘာ့ဖလား သွင်းဂိုး အများဆုံး စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အမ်ဘာပေးဟာ ပွဲစဉ် ၂၀ ကစားထားရာမှာ ဂိုး ၂၀ အထိ သွင်းယူထားနိုင်တဲ့ အံ့မခန်း စံချိန်ကို ပိုင်ဆိုင်ထားပါတယ်။
ဒီနှစ် ကမ္ဘာ့ဖလားမှာ ၈ ဂိုး သွင်းယူထားတဲ့ အမ်ဘာပေး

တကယ်တော့ ကြံ့ခိုင်မှုကောင်းတဲ့ ဒီပြင်သစ် တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်နဲ့ ရာသီမှာ ဒဏ်ရာ ပြဿနာတချို့နဲ့ ရုန်းကန်ခဲ့ရပြီး အဓိကကတော့ ဒူးဒဏ်ရာပါ။ အဲဒီတုန်းက ဆောင်းရာသီ ပွဲကျပ်ကာလတွေမှာ ဒူးဒဏ်ရာကို အောင့်အီးပြီး ကစားခဲ့ရတာ ဖြစ်ပြီး ပိုဆိုးတာက ရီးရဲလ် ဆေးအဖွဲ့ဟာ ဒဏ်ရာကို ပထမဆုံး စစ်ဆေးချိန်မှာ ဒူးအမှားကို ဓာတ်မှန်ရိုက် စစ်ဆေးမိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတစ်ခါမှာတော့ ဆေးအဖွဲ့တွေ ဘယ်ဘက် ခြေကျင်းဝတ်ကို စစ်ဆေးရမလဲ ဆိုတာ မမှားရအောင် အမ်ဘာပေး တစ်ယောက် အမှတ်အသားပဲ လုပ်ထားရမလို ဖြစ်နေခဲ့ပါတယ်။

ဘယ်လ်ဂျီယံ ဒါမှမဟုတ် စပိန် အသင်းနဲ့ ကစားရမယ့် ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်ကို လွဲချော်မယ့် အရေးကို အမ်ဘာပေး တစ်ယောက် စက္ကန့်ပိုင်းမျှတောင် စဉ်းစားပုံမရပါဘူး။ ဒါးလက်စ်မြို့မှာ ကစားမယ့် ဆီမီးဖိုင်နယ်ပွဲ အတွက် ပြင်ဆင်ဖို့ အမ်ဘာပေးမှာ ၅ ရက်တိတိ အချိန်ရတာကြောင့် ဒီဒဏ်ရာလေးကို အမြန်ဆုံး သက်သာ ပျောက်ကင်းအောင် ကုသဖို့ အချိန်လုံလောက်ပါတယ်။

ဒါဟာ လက်ရှိမှာ ခြေစွမ်းပြနေတဲ့ အမ်ဘာပေးကို ရင်ဆိုင်ရမယ့် ဘယ်ပြိုင်ဘက် အသင်း အတွက်မဆို သတင်းဆိုးပါပဲ။ လက်ရှိ ကမ္ဘာ့ဖလား သွင်းဂိုး အများဆုံး စာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အမ်ဘာပေးဟာ ပွဲစဉ် ၂၀ ကစားထားရာမှာ ဂိုး ၂၀ အထိ သွင်းယူထားနိုင်တဲ့ အံ့မခန်း စံချိန်ကို ပိုင်ဆိုင်ထားပါတယ်။ သူဟာ ပွဲကြီးပွဲကောင်းတွေမှာ အမြဲတမ်း ခြေစွမ်းပြလေ့ ရှိပြီး ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် ၉၆ နှစ် အတွင်းမှာ အသင်း အတွက် အနိုင်ဂိုးကို ၈ ပွဲ အထိ သွင်းယူပေးနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။

အသင်းဖော် ဒမ်ဘီလီ ကတော့ အသင်းရဲ့ အားကိုးရတဲ့ ကစားသမားကြီး အမ်ဘာပေး ဆီကနေ နောက်ထပ် သွင်းဂိုးတွေကို မျှော်လင့်နေပါတယ်။ လက်ရှိ ဘယ်လွန်ဒေါဆုရှင် ဒမ်ဘီလီက “ကျွန်တော်တို့ ကီလီယန် ဆီကနေ ဒီထက်မကတဲ့ သွင်းဂိုးတွေကို ထပ်ပြီး မျှော်လင့်နေပါတယ်” လို့ ပြိုင်ဘက်တွေကို သတိပေး စိန်ခေါ်လိုက်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်