မန်ချက်စတာယူနိုက်တက် ကတော့ မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နော့တင်ဟမ်ဖောရက်စ်ကို ၃-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က အသင်း အတွက် အနိုင်ဂိုးကို ဖန်တီးပေးရင်း ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီ အတွင်း ဂိုးဖန်တီးမှု အများဆုံး စံချိန်ဟောင်းကို လိုက်မှီသွားခဲ့ပြီ ဖြစ်ပါတယ်။
ဘရူနို ဖာနန်ဒက်စ်က ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲ သူ့ရဲ့ အကြိမ် (၂၀) မြောက် ဂိုးဖန်တီးမှုကို ပြုလုပ်နိုင်ခဲ့ပြီး စံချိန်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ အငြင်းပွားဖွယ်ရာ သွင်းဂိုး တစ်ဂိုး အပြင် သမိုင်းဝင် စံချိန်သစ် တစ်ခုလည်း ပေါ်ထွက်ခဲ့ပြီး ဖာနန်ဒက်စ်က တစ်ရာသီ အတွင်း ဂိုးဖန်တီးမှု အများဆုံး စံချိန်ကို လိုက်မှီခဲ့ပါတယ်။
ပွဲစဉ်အကျဉ်း
ပွဲစလို့ ၅ မိနစ်မှာတင် လုခ် ရှောက ယူနိုက်တက် အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး ဒီဂိုးဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ နောက်ပိုင်း အိုးထရက်ဖို့ဒ်ကွင်းမှာ ယူနိုက်တက်ရဲ့ အစောဆုံး သွင်းဂိုး ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် တန်ပြန် တိုက်စစ် ကနေ တဆင့် ဘရိုင်ယန် အမ်ဘွေမိုက ဖောရက်စ် ဂိုးသမား မာတ်ဇ် ဆဲလ်စ်ကို ကျော်ဖြတ်ပြီး ဒုတိယဂိုး သွင်းယူဖို့ အခွင့်အရေး ရခဲ့ပေမယ့်လည်း ဂိုးတိုင် ထိမှန်ခဲ့ကာ ဒုတိယပိုင်း အစောပိုင်း မှာလည်း ကင်မရွန်း တိုက်စစ်မှူး အမ်ဘွေမိုရဲ့ ကန်ချက်က ဂိုးဘားတန်းပေါ် ကျော်ခဲ့ပါတယ်။
အခွင့်အရေးတွေ ဖြုန်းတီးခဲ့တဲ့ ယူနိုက်တက်တို့ ပွဲကစားချိန် ၅၃ မိနစ်မှာ အီလီယော့တ် အန်ဒါဆန်ရဲ့ ဖြတ်တင်ဘောက တဆင့် မိုရာတိုက ခေါင်းတိုက်ကာ ဖောရက်စ်အတွက် ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း သရဲနီတွေဟာ အငြင်းပွားဖွယ် အခြေအနေ တစ်ခုက တစ်ဆင့် ဒုတိယ ဦးဆောင်ဂိုး ချက်ချင်း ပြန်လည် ရရှိခဲ့ပါတယ်။
ဖောရက်စ် ဂိုးဧရိယာ အတွင်း မားသီးယက်စ် ကူညာက ပိတ်သွင်းယူခဲ့ခြင်း ဖြစ်ပြီး ဂိုးမရခင်မှာ အမ်ဘွေမို လက်နဲ့ ထိန်းခဲ့တာက ထင်ရှားနေခဲ့ပါတယ်။ VAR က ကွင်းလယ်ဒိုင် မိုက်ကယ် ဆာလစ် ဘာရီကို အခြေအနေ ပြန်လည် သုံးသပ်ဖို့ အကြံပြုခဲ့ပေမယ့်လည်း ဒိုင်လူကြီးက ရည်ရွယ်ချက် ရှိရှိ လက်ဖြင့် ထိခြင်း မဟုတ်လို့ ဆိုကာ ဂိုးအဖြစ် အခိုင်အမာ သတ်မှတ်ပေးခဲ့ပါတယ်။
ဖာနန်ဒက်စ်ရဲ့ စံချိန်တင် ဂိုးဖန်တီးမှု အခိုက်အတန့်က ပွဲကစားချိန် ၇၆ မိနစ်မှာ ပေါ်ထွက်လာခဲ့ပြီး သူ့ရဲ့ အားပါ ပြင်းထန်လှတဲ့ ဖြတ်တင်ဘောကို အမ်ဘွေမိုက ပိတ်သွင်းယူခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီနောက် မော်ဂန် ဂစ်ဘ်စ်-ဝှိုက်ရဲ့ လှပတဲ့ ကန်ချက်က ဖောရက်စ် အတွက် ဒုတိယ ချေပဂိုး ဖြစ်လာခဲ့ပြီး ယူနိုက်တက်ကို ဖိအား ပြန်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲပြီးခါနီးမှာ ယူနိုက်တက် ကသာ အကောင်းဆုံး အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်က အခွင့်အရေး (၃) ကြိမ်အထိ ဖန်တီးပေးခဲ့ပါတယ်။
ပက်ထရစ် ဒေါဂူရဲ့ ကန်ချက်ကို ဖောရက်စ် ဂိုးသမား ဆဲလ်စ် ကာကွယ်နိုင်ခဲ့သလို၊ ဒီယိုဂို ဒါးလော့တ်ရဲ့ ကန်ချက် ဂိုးတိုင်ထိခဲ့ပြီး ဂျော်ရွှာ ဇစ်ခ်ဇီးရဲ့ ကန်ချက် ပိတ်ဆို့ခံခဲ့ရကာ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို ထပ်မံ ကန်သွင်းရာမှာလည်း ဂိုးသမား ဆဲလ်စ် ကပဲ လက်စွမ်းပြ ပုတ်ထုတ်နိုင်ခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဘရူနို ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ် တစ်ရာသီ အတွင်း ဂိုးဖန်တီးမှု အကြိမ် ၂၀ ပြုလုပ်နိုင်ခဲ့တာကြောင့် ကီဗင် ဒီဘရွန်းနား (၂၀၁၉-၂၀) နှင့် သီဟာရီ အွန်နရီ (၂၀၀၂-၀၃) တို့ရဲ့ စံချိန်ဆိုးကို လိုက်မှီသွားခဲ့ပြီ ဖြစ်ပါတယ်။
လာမယ့် တပတ် ယူနိုက်တက် အနေနဲ့ ဘရိုက်တန်နဲ့ ကစားရမယ့် ပွဲစဉ်မှာ ဖာနန်ဒက်စ် အနေနဲ့ နောက်ထပ် ဂိုးဖန်တီးမှု (၁) ကြိမ် ထပ်မံ ပြုလုပ်နိုင်ခဲ့ရင်တော့ ပရီးမီးယားလိဂ် သမိုင်းမှာ ဂိုးဖန်တီးမှု အများဆုံး စံချိန်သစ်တင်နိုင်ရုံသာမက ဥရောပထိပ်သီး လိဂ်ကြီး ၅ ခုရဲ့ တစ်ရာသီ အတွင်း အကောင်းဆုံး ဂိုးဖန်တီးမှု စံချိန် ကိုပါ လိုက်မှီသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ Opta ရဲ့ မှတ်တမ်းတွေအရ အဆိုပါ စံချိန်ကို သောမတ်စ် မူလာ နဲ့ လီယွန်နယ် မက်ဆီ တို့က ဂိုးဖန်တီးမှု ၂၁ ကြိမ်စီနဲ့ ပူးတွဲ ပိုင်ဆိုင်ထားကြပါတယ်။
ယူနိုက်တက်ဟာ ဒီပွဲမှာ စုစုပေါင်း ဂိုးကန်ချက် ၂၉ ကြိမ် အထိ ရှိခဲ့ပြီး ဖာနန်ဒက်စ်က ကန်ချက် ၅ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ ဒီပေါ်တူဂီ ကွင်းလယ်လူဟာ အခုပွဲမှာ ဂိုးရနိုင်မယ့် အခွင့်အရေး ၈ ကြိမ် အထိ ဖန်တီးပေးခဲ့ပြီး၊ သူဟာ ဒီရာသီ လိဂ် ပွဲစဉ် တစ်ပွဲ အတွင်း သူ ဖန်တီးပေးခဲ့ဖူးတဲ့ အများဆုံး စံချိန်နဲ့ တူညီသွားခဲ့ကာ ယူနိုက်တက်ရဲ့ မျှော်မှန်းဂိုး (xG) ပမာဏu ၄.၁၉ အထိ ရှိခဲ့ပါတယ်။
တစ်ဖက်မှာလည်း ဖောရက်စ်အတွက် ဂစ်ဘ်စ်-ဝှိုက် သွင်းယူပေးခဲ့တဲ့ ဂိုးက ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ (၁,၀၀၀) မြောက် သွင်းဂိုး အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ မတ်လ အစကတည်းက စတင် ရေတွက်ရင် ပရီးမီးယားလိဂ်မှာ ဂစ်ဘ်စ်-ဝှိုက်ထက် ဂိုးပါဝင် ပတ်သက်မှု (ဂိုးသွင်း/ဂိုးဖန်တီး) ပိုမိုများပြားတဲ့ ကစားသမား မရှိသေးဘဲ သူဟာ စုစုပေါင်း (၁၀) ဂိုး အထိ ပါဝင် ပတ်သက်ထားနိုင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


