နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အီတလီ အနေနဲ့ ကမ္ဘာ့ဖလား ဝင်ခွင့်ရခြင်းရဲ့ ပျော်ရွှင်မှုကို ခံစားသင့်ကြောင်း ပြောလာတဲ့ ဂတ်တူဆို

အီတလီ လက်ရွေးစင် အသင်း အနေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ရှုံးထွက်အဆင့် (ပလေးအော့ဖ်) ဆီမီးဖိုင်နယ် ပွဲစဉ်ကို အခု တစ်ပတ်မှာ ယှဉ်ပြိုင် ကစားရတော့မှာ ဖြစ်ပါတယ်။ နည်းပြ ဂန်နာရို ဂတ်တူဆို ကတော့ အီတလီ လက်ရွေးစင် အသင်း ကမ္ဘာ့ဖလား ဝင်ခွင့် ရရှိဖို့ “နှလုံးသားထဲ ကနေ ဆုတောင်းနေတယ်” လို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အီတလီ လက်ရွေးစင် အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလား တွေမှာ ဆွီဒင်၊ မြောက်မက်ဆီဒိုးနီးယား တို့နဲ့ ရှုံးထွက်အဆင့် ပွဲစဉ်တွေမှာ ရှုံးခဲ့တာကြောင့် ပြိုင်ပွဲနဲ့ ၂ ကြိမ် ဆက်တိုက် လွဲချော်ခဲ့ရတာပါ။ အခုတစ်ကြိမ် မှာတော့ ခြေစစ်ပွဲ အုပ်စု (I) မှာ နော်ဝေရဲ့ အနောက် ဒုတိယနေရာနဲ့သာ အဆုံးသတ်နိုင်ခဲ့တာပါ။ ဒါကြောင့် အီတလီက တတိယအကြိမ်မြောက် အဖြစ် ပလေးအော့ဖ် ကစားပြီး ကိုယ့်ကံကြမ္မာကိုယ် အဆုံးအဖြတ်ပေးရတော့မှာ ဖြစ်ပါတယ်။

နည်းပြ ဂန်နာရို ဂတ်တူဆို ကတော့ အီတလီ လက်ရွေးစင် အသင်း အနေနဲ့ ကမ္ဘာ့ဖလား ဝင်ခွင့်ရခြင်းရဲ့ ပျော်ရွှင်မှုကို ခံစားသင့်ကြောင်းနဲ့ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုတို့ ပူးတွဲ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ ဆုံးဖြတ်ထားပါတယ်။

ဂတ်တူဆိုဟာ ဒီပွဲစဉ် အတွက် ဇန်နီအိုလို၊ ဘာနက်ဆက်ချီနဲ့ အော်ဆိုလီနီ တို့လို တိုက်စစ် ကစားသမားတွေကို ချန်လှပ်ထားခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဂတ်တူဆိုက အခုလို ရှင်းပြခဲ့ပါတယ်။ “ကျွန်တော် ပထမဆုံးနေ့ ကတည်းက ကစားသမားတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး တည်ဆောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ချန်လှပ်ခံထားရတဲ့ ကစားသမားတွေနဲ့ ပတ်သက်ပြီး ကျွန်တော့်ကို မေးကြလိမ့်မယ် ဆိုတာ သိပါတယ်။ ဒါပေမဲ့ ကျွန်တော်က အသင်းလိုက် စုစည်းမှု ကိုပဲ အဓိကထားပြီး တည်ဆောက်ခဲ့တာပါ။ ဒီအသင်းသားတွေဟာ ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းမှာ ကြိုးစားခဲ့တာတွေကြောင့် ပျော်ရွှင်မှုနဲ့ ထိုက်တန်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”လို့ ဂတ်တူဆိုက ပြောပါတယ်။

အီတလီဟာ မြောက်အိုင်ယာလန်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ်ကို မတ်လ ၂၆ ရက်၊ ဘာဂါမိုမြို့မှာ ကစားရမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲက တစ်သင်း အဖြစ် ရပ်တည်နေတဲ့ အီတလီ

ဆက်လက်ပြီး သူက “ဇန်နီအိလို တို့လို ကစားသမားတွေဟာ တကယ် တော်တယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ အသင်းကို ဘယ်လို စုစည်းရမလဲ ဆိုတာ ရှင်းပြနေရတာနဲ့ အချိန်မဖြုန်းချင်တော့လို့ အခုရွေးထားတဲ့ ကစားသမားတွေ အပေါ် မှာပဲ အပြည့်အဝ ယုံကြည်မှု ထားလိုက်တာပါ။” လို့ ဆိုပါတယ်။

လစ်ဗာပူးလ်မှာ ကစားနေတဲ့ တိုက်စစ်မှူး ဖက်ဒရစ်ကို ခီယေဇာ ကတော့ ဒဏ်ရာကြောင့် အသင်း ကနေ နုတ်ထွက်သွားခဲ့ပြီး သူ့နေရာမှာ နီကိုလို ကမ်ဘီယာဂီကို အစားထိုးခေါ်ယူခဲ့ပါတယ်။ ခီယေဇာဟာ လစ်ဗာပူးလ်မှာ ဒီရာသီ အတွင်း ၃၂ ပွဲ ကစားထားပေမယ့် ပွဲထွက် ကစားသမား အဖြစ် ၅ ပွဲသာ ပါဝင်ခွင့် ရခဲ့ပြီး မိနစ် ၆၇၀ ကျော်လောက်ပဲ ကစားထားရသူပါ။

ခီယေဇာရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဂတ်တူဆိုက “သူက ဒီပွဲ အတွက် အဆင်မပြေဘူး။ သံသယတွေ ရှိနေတယ်လို့ ကျွန်တော် ကြားလိုက်ရတဲ့ အချိန်မှာ ဆုံးဖြတ်ချက် တစ်ခု ချခဲ့ရတာပါ။ သူကိုယ်တိုင် ကလည်း အဆင်မပြေဘူးလို့ ခံစားနေရတဲ့ အတွက် အိမ်ပြန်ခွင့်ပေးလိုက်တာက အကောင်းဆုံးပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

အီတလီဟာ မြောက်အိုင်ယာလန်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပလေးအော့ဖ်ကို မတ်လ ၂၆ ရက်၊ ဘာဂါမိုမြို့မှာ ကစားရမှာ ဖြစ်ပါတယ်။ အကယ်၍ အီတလီသာ မြောက်အိုင်ယာလန်ကို အနိုင်ရခဲ့ရင် ဝေးလ်စ်နဲ့ ဘော့စနီးယား ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ အဝေးကွင်းမှာ ဗိုလ်လုပွဲ သွားရောက် ကစားရမှာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ ပြိုင်ဘက်ကို လေးစားပါတယ်။ သူတို့က အားကုန် ရုန်းကန်တတ်သလို Set-piece ကန်ချက်တွေ မှာလည်း အရမ်းပဲ ကြောက်ဖို့ကောင်းပါတယ်။ ဒါကြောင့် ကျွန်တော်တို့ စိတ်ကြည်ကြည်လင်လင်နဲ့ အန္တရာယ်ကို သတိထားပြီး ကစားရမှာပါ။” လို့ ဂတ်တူဆိုက ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ သတိပေးတဲ့ အနေနဲ့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်