၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အခြေအနေ အကောင်းဆုံးနဲ့ ရေပန်းအစားဆုံး အသင်း ဖြစ်ခဲ့တဲ့ ပြင်သစ် အသင်းဟာ ဆီမီးဖိုင်နယ် မှာတော့ ဥရောပ ချန်ပီယံ စပိန်အသင်းရဲ့ ကစားကွက်ကို မယှဉ်နိုင်ဘဲ ၂-၀ ဂိုးနဲ့ ရှုံးနိမ့်ကာ ဗိုလ်လုပွဲနဲ့ လွဲချော်သွားခဲ့ရပါတယ်။
ဒါးလတ်စ်ကွင်းကြီးထဲမှာ ကစားခဲ့တဲ့ ဒီပွဲမှာ စပိန် အသင်းဟာ ပွဲကို အလုံးစုံ စိုးမိုးထားနိုင်ခဲ့ပြီး ပြင်သစ် တို့ရဲ့ တိုက်စစ်ပိုင်း ဂိုးရနိုင်ခြေ မျှော်မှန်းချက် (xG) ဟာ ၀.၃ ပဲ ရှိခဲ့ပါတယ်။ ဒါဟာ ၁၉၆၆ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလား သမိုင်းတလျှောက် ပြင်သစ် အသင်းရဲ့ အနည်းဆုံး မျှော်မှန်းဂိုး (xG) မှတ်တမ်း ဖြစ်သွားခဲ့ပါတယ်။ တကယ်တော့ ပြင်သစ်ဟာ စပိန်လိုပဲ ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်စီ ရခဲ့ပြီး ဂိုးပေါက်တည့်မှု မှာတော့ ၃ ကြိမ်နဲ့ စပိန် (၂ ကြိမ်) ထက် ပိုများခဲ့ပေမယ့် အမ်ဘာပေး ကတော့ သူတို့ အသင်းရဲ့ ခြေစွမ်းဟာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အဆင့်နဲ့ ဘာမှမဆိုင်အောင် ညံ့ဖျင်းခဲ့တယ်လို့ ဝန်ခံသွားခဲ့ပါတယ်။
အသင်းခေါင်းဆောင် အမ်ဘာပေရဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန် ဆန်းစစ်ချက်
ပွဲအပြီးမှာတော့ အမ်ဘာပေးက အခုလို ရင်ဖွင့်သွားခဲ့ပါတယ်။ “ကျွန်တော်တို့ နည်းစနစ်ပိုင်းကော၊ ကစားကွက်ပိုင်းမှာပါ လိုချင်တဲ့ ပုံစံအတိုင်း မကစားနိုင်ခဲ့ပါဘူး။ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်လို ပွဲမျိုးမှာ လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်နိုင်ရင် ရှုံးမှာပါပဲ။ စပိန် ကတော့ သူတို့ရဲ့ ပွဲကစားမယ့် အစီအစဉ်အတိုင်း သေသပ်စွာ ကစားသွားနိုင်ခဲ့တယ်။ သူတို့က ဘောလုံးပိုင်ဆိုင်မှုနဲ့ ပွဲအရှိန်ကို ထိန်းချုပ်ရတာ ကြိုက်တဲ့ အသင်းပါ။ ကျွန်တော် တို့ရဲ့ မူလဗျူဟာက သူတို့ကို အမြင့် ကနေ ဖိအားပေးပြီး သူတို့ရဲ့ ကစားကွက် အရှိန် မရအောင် ဖြတ်တောက်ဖို့ ဖြစ်ပါတယ်။”
“ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ပွဲကို ထိန်းချုပ်တဲ့ နေရာမှာ ကျွန်တော်တို့ထက် ပိုတော်လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့ အဲ့ဒါကို မလုပ်နိုင်ခဲ့ပါဘူး။ နည်းစနစ်ပိုင်းမှာ အမှားအယွင်းတွေ အရမ်းများခဲ့ပြီး ပြိုင်ဘက်ကို နာကျင်အောင် လုပ်နိုင်မယ့် အခွင့်အရေးတွေ ရှိနေတုန်းမှာ မလုပ်နိုင်ခဲ့ကြဘူး။ ဘောလုံး ပြန်လုရတဲ့ အချိန်တွေမှာတောင် ကျွန်တော် တို့ရဲ့ ပထမဆုံး ထိချက်တွေက မကောင်းခဲ့ပါဘူး။ ဒါတွေကြောင့်ပဲ ရှုံးနိမ့်ခဲ့ရတာပါ။ တကယ့်ကို စိတ်ပျက်စရာ ကောင်းပေမယ့် သမာသမတ်ကျကျ သုံးသပ်ရရင် ကျွန်တော်တို့ ဗိုလ်လုပွဲ တက်ဖို့ လုံလောက်တဲ့ အရာတွေကို ကွင်းထဲမှာ မချပြနိုင်ခဲ့တာ အမှန်ပါပဲ။”
ဆက်လက်ပြီး အမ်ဘာပေးက “ကျွန်တော် တို့ဟာ စပိန်ကို ပွဲအရှိန် မြှင့်ချင်သလို မြှင့်ခွင့်ပေးလိုက်မိပါတယ်။ ကွင်းလယ်မှာ စပိန်ရဲ့ ဖေဘီယန် ရူအစ်ဇ် နဲ့ ရိုဒရီ တို့ကို ဘောလုံး ကစားဖို့ အချိန်တွေ အများကြီး ပေးလိုက်မိသလို၊ ဖိအားပေးပုံ မှာလည်း အချင်းချင်း ဆက်သွယ်မှု အားနည်းခဲ့ပါတယ်။ သူတို့က ဘောလုံး မရှိဘဲ မပြေးချင်တဲ့ အသင်းမို့လို့ ကျွန်တော် တို့က တစ်ယောက်ချင်း လူကပ်ပြီး သူတို့ကို အတင်းလိုက်ပြေးအောင် လုပ်ရမှာပါ။ အခုတော့ ဘောလုံးပြန်ရရင်တောင် ပထမဆုံး ပေးပို့မှုတွေ၊ ထိန်းချက်တွေက ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အဆင့်နဲ့ လုံးဝ မထိုက်တန်ခဲ့ပါဘူး။ ဒီလိုအမှားတွေ အားလုံး စုပြုံသွားတဲ့အခါမှာတော့ ရှုံးနိမ့်မှု ဖြစ်လာခဲ့တာပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။
ချာကီရဲ့ နောင်တနဲ့ အနာဂတ် မျှော်လင့်ချက်
အသင်းခေါင်းဆောင် အမ်ဘာပေးက အမှားအားလုံးကို ပုခုံးထမ်း တာဝန်ယူခဲ့သလို လူငယ် ကြယ်ပွင့် ရာယန် ချာကီ ကလည်း “ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ သူတို့က ကွင်းထဲက နေရာတိုင်းမှာ ကျွန်တော်တို့ထက် သာခဲ့သလို နိုင်လိုစိတ်လည်း ပိုပြင်းပြခဲ့ကြတယ်။ စိတ်မကောင်းစရာပါပဲ။ ကျွန်တော်တို့က သူတို့ထက် ပိုကောင်းတဲ့အသင်းလို့ အခုထိ ယုံကြည်နေတုန်းပဲ။ ဒါပေမယ့် ဒီနေ့ ညနေခင်း မှာတော့ စပိန်က ပိုကောင်းသွားခဲ့ပါတယ်။ ခြေစွမ်းမပြနိုင်တဲ့ နေ့မျိုးမှာတောင် ကျွန်တော်တို့ နည်းစနစ်၊ ကစားကွက်နဲ့ နိုင်လိုစိတ်ပိုင်းမှာ ဒီထက်ပိုပြီး ကောင်းသင့်ပါတယ်။ ဒီနေ့ပွဲမှာ ပြင်သစ် အသင်း ဆီကနေ အရာအားလုံး ပျောက်ဆုံးနေခဲ့တာပါ။ တကယ်ကို အားလုံး လိုအပ်ချက် ဖြစ်ခဲ့ပါတယ်။ နောက် ၄ နှစ်ကျရင်တော့ ကျွန်တော်တို့ ပြန်လာခဲ့မှာ ဖြစ်ပြီး ဒီလိုအမှားမျိုးတွေ ထပ်မလုပ်တော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

သမိုင်းမှတ်တမ်းနဲ့ ရှေ့ဆက်ရမယ့် ခရီး
ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတုန်းက ပင်နယ်တီနဲ့ ရှုံးခဲ့တာကို ဖယ်လိုက်ရင်၊ ဒါဟာ ပြင်သစ် အသင်း အတွက် နောက်ဆုံး ကမ္ဘာ့ဖလား ရှုံးထွက်အဆင့် ၂၃ ပွဲ အတွင်းမှာ (၂၀၁၄ ခုနှစ် ကွာတားဖိုင်နယ်မှာ ဂျာမနီကို ၁ ဂိုး ၀ ဂိုးနဲ့ ရှုံးခဲ့ပြီးနောက်) ဒုတိယမြောက် ရှုံးနိမ့်မှု ဖြစ်ပါတယ်။
အမ်ဘာပေး ကတော့ ဒီစိတ်ပျက်စရာတွေကို အမြန်ဆုံး မေ့ပစ်ဖို့ လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။ “ ဗိုလ်လုပွဲ တက်ဖို့၊ နိုင်ငံ အတွက် သမိုင်းသစ်ရေးထိုးဖို့က ကျွန်တော် တို့ရဲ့ အိပ်မက်ပါ။ အခုတော့ ဒီလက်တွေ့ဘဝကို ခေါင်းမော့ပြီး ရင်ဆိုင်ရပါလိမ့်မယ်။ စိတ်ပျက်စရာတွေ ကတော့ စကားလုံးနဲ့ ဖော်ပြလို့ မရအောင် ကြီးမားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြန်ရုန်းထရမယ်၊ အပန်းဖြေ ခရီးထွက်ပြီး အတိတ်ကို ထားခဲ့ရမယ်။ ဘောလုံး လောကက ဘယ်သူ့ကိုမှ စောင့်မနေပါဘူး။ ကလပ် အသင်းနဲ့ လက်ရွေးစင် အသင်းမှာ တခြားအရာတွေက ဆက်ပြီး ဖြစ်ပျက်နေဦးမှာပါ” လို့ ဆိုခဲ့ပါတယ်။
ပြင်သစ် အသင်းရဲ့ ကမ္ဘာ့ဖလား ခရီးစဉ် ကတော့ လုံးဝ ပြီးဆုံးသွားတာ မဟုတ်သေးပါဘူး။ သူတို့ဟာ လာမယ့် စနေနေ့မှာတော့ ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့တဲ့ အင်္ဂလန် အသင်းနဲ့ တတိယနေရာလုပွဲ ဆက်လက် ယှဉ်ပြိုင်ကစားရဦးမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


