ဘရာဇီး ဂန္တဝင် နောက်ခံလူ ကာဖူး ကတော့ သူနဲ့ နိုင်ငံတူ ကစားသမား နေမာ ဂျူနီယာဟာ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ လီယွန်နယ် မက်ဆီ တို့ထက် နည်းစနစ်ပိုင်း ပိုမိုသာလွန်ကြောင်း သုံးသပ် ပြောကြားလိုက်ပါတယ်။ ကာဖူးဟာ ဘယ်လွန်ဒေါဆု အတွက် ဆန်ကာတင်စာရင်းမှာ မကြာခဏ ဆိုသလို ပါဝင်လေ့ ရှိပြီး ကမ္ဘာ့ဖလား ချန်ပီယံဆုကို ၂ ကြိမ်တိုင်တိုင် ကိုင်မြှောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။
နေမာ ကတော့ နည်းစနစ်ပိုင်း၊ ဘောလုံးကို ထိန်းချုပ်နိုင်စွမ်းနှင့် ပြိုင်ဘက်ကို လှည့်စားနိုင်တဲ့ အရည်အချင်းတွေ ရှိပြီး ကလေးဘဝတုန်းက ဆာပေါ်လိုရှိ ဖူဆယ်ကွင်းတွေမှာ ကစားစဉ် ကတည်းက ထင်ရှားခဲ့သူ ဖြစ်ပါတယ်။ ဆန်းတို့စ် အကယ်ဒမီထွက် ကစားသမားကို တစ်ချိန်က ဖျော်ဖြေမှု ရသ အပြည့်ပေးနိုင်တဲ့ ကစားသမား အဖြစ် တင်စားခဲ့ကြပြီး ဘာစီလိုနာမှာ မက်ဆီနဲ့ တွဲကစားကာ ရော်နယ်ဒိုနဲ့ အပြိုင် ရင်ဆိုင်ရင်း တောင်အမေရိကနဲ့ ဥရောပ ဘောလုံးလောကကို လွှမ်းမိုးခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း နေမာက သူ့ရဲ့ ကစားသမားဘဝ အထွတ်အထိပ်ကို ရောက်ရှိပြီး မက်ဆီနဲ့ ရော်နယ်ဒိုရဲ့ လွှမ်းမိုးမှုကို ခြိမ်းခြောက်နိုင်ချိန်မှာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီချိန်က စပြီး ဒဏ်ရာ ပြဿနာတွေ၊ ကစားသမားသစ် ခေါ်ယူမှု အားနည်းချက်တွေနဲ့ အလုံးစုံ ကျဆင်းမှုတွေကြောင့် နေမာရဲ့ ခြေစွမ်းက မှေးမှိန်သွားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကာဖူး ကတော့ သူ့ရဲ့ အမြင်ကို ပြောင်းလဲခြင်း မရှိခဲ့ပါဘူး။
ကာဖူးက “ကျွန်တော့် အတွက်တော့ နေမာက နည်းစနစ်ပိုင်းမှာ ရော်နယ်ဒိုနဲ့ မက်ဆီထက် ပိုသာပါတယ်။ သူက ထူးချွန်တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့သူပါ။” လို့ ကမ္ဘာ့ဖလား (၂) ကြိမ်ရ ကစားသမားက The Times ကို ပြောကြားခဲ့ပါတယ်။
နေမာ ကိုယ်တိုင် ကတော့ မက်ဆီနဲ့ ရော်နယ်ဒို တို့ကို ယှဉ်ပြိုင်နိုင်တယ်လို့ ယူဆပုံ မရပါဘူး။ ၂၀၁၅ ခုနှစ် ဘယ်လွန်ဒေါဆု အတွက် နောက်ဆုံး (၃) ဦး စာရင်းမှာ နေမာ ပါဝင်ခဲ့စဉ်က သူ့ရဲ့ ပြိုင်ဘက်တွေကို လေးစားကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။
ကစားသမား ၃ ဦး အပြန်အလှန် မေးမြန်းခန်းမှာ ရော်နယ်ဒိုက မက်ဆီရဲ့ ဘယ်ခြေက သူ့ထက်သာကြောင်း ဝန်ခံခဲ့ပါတယ်။ အဲဒီအချိန်တုန်းက နေမာဟာ “ကျွန်တော် ကတော့ သူတို့ နှစ်ယောက်လုံးရဲ့ ခြေထောက်ကို ယူလိုက်မှာပါ” လို့ ရယ်မောရင်း ပြောခဲ့ပြီး ရော်နယ်ဒိုရဲ့ ညာခြေ ကိုလည်း လိုချင်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။

“ကျွန်တော် သူတို့ အဆင့်အတန်းနဲ့ ညီမညီ မသိပါဘူး။ သူတို့က ကျွန်တော့်ရဲ့ စံပြ ပုဂ္ဂိုလ် နှစ်ဦးပါ။ ကိုယ့်ကိုယ်ကို သူတို့နဲ့ တန်းတူ ဒါမှမဟုတ် သာလွန်တယ်လို့ တွေးဖို့တောင် ခက်ပါတယ်။ သူတို့ နှစ်ယောက်လုံးကို ကျွန်တော် အတိုင်းမသိ လေးစားပါတယ်။ ဒီမှာ သူတို့နဲ့ အတူ ရှိနေရတာက ဂုဏ်ယူစရာပါ။ နောက်တစ်ကြိမ်လည်း ဒီနေရာကို ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ နေမာက နှိမ့်ချစွာ ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် ၂၀၁၇ ခုနှစ် မှာလည်း ဘယ်လွန်ဒေါဆု ဆန်ခါတင် စာရင်းထဲ ပြန်လည် ရောက်ရှိခဲ့ပေမယ့်လည်း အဆိုပါ ကစားသမား နှစ်ဦးရဲ့ နောက်မှာသာ ရပ်တည်ခဲ့ရပြီး ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ပြီး နောက်ပိုင်း ကမ္ဘာ့အကောင်းဆုံး ကစားသမားစာရင်းမှာ အဆင့် (၁၂) ထက် ကျော်လွန်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိတော့သူ ဖြစ်ပါတယ်။
ကာဖူးဟာ နေမာရဲ့ သမိုင်းကြောင်း ကိုပဲ စိတ်ဝင်စားနေတာတော့ မဟုတ်ပါဘူး။ ကာဖူးက အသက် (၃၄) နှစ် အရွယ် နေမာကို ဒီနွေရာသီမှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ဘရာဇီးအသင်းတွင် ထည့်သွင်း သင့်၊ မသင့် အပေါ် သုံးသပ် ပြောဆိုခဲ့ပါတယ်။ “နေမာလို အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမား ရှိတဲ့ ဘယ်အသင်းမဆို သူ့ကို လိုအပ်ပါတယ်။ နေမာသာ ကြံ့ခိုင်မှု၊ နည်းဗျူဟာပိုင်းနဲ့ နည်းစနစ်ပိုင်းမှာ အဆင်သင့် ဖြစ်နေမယ် ဆိုရင် သူက ပွဲကို အဆုံးအဖြတ်ပေးနိုင်သူ ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် ဘရာဇီးလ် နည်းပြ အန်ဆယ်လော့တီသာ ဆုံးဖြတ်နိုင်ပြီး နေမာ ကိုယ်တိုင်ပဲ သူ အဆင်သင့်ဖြစ်မဖြစ် သိနိုင်မှာပါ” လို့ အနားယူသွားတာ ကြာပြီ ဖြစ်တဲ့ ဘရာဇီးလ် ညာနောက်ခံလူက ဆိုပါတယ်။
နည်းပြ အန်ဆယ်လော့တီက ပြီးခဲ့တဲ့ နွေရာသီက တာဝန်ယူပြီး ကတည်းက နေမာကို အသင်း အတွက် ခေါ်ယူခြင်း မရှိသေးပါဘူး။ ကာဖူး ကတော့ အန်ဆယ်လော့တီကို “အီတလီ နည်းပြတွေထဲမှာ ဘရာဇီးလ် အဆန်ဆုံး” လို့ တင်စားထားတာပါ။ အန်ဆယ်လော့တီ ကတော့ နေမာ အနေနဲ့ အသင်းရဲ့ လူစာရင်းမှာ ပါဝင်ဖို့ အတွက် “ ရုပ်ပိုင်းဆိုင်ရာအရ ၁၀၀ ရာခိုင်နှုန်း” အဆင်သင့် ဖြစ်ရမယ်လို့ ပြတ်ပြတ်သားသား ပြောဆိုထားပါတယ်။
တကယ်တော့ ကစားသမားကောင်းတွေထက် နေမာရဲ့ ကစားသမားဘဝ လက်ရှိ အခြေအနေမှာ အကြီးမားဆုံး ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုက သူ့ရဲ့ ကိုယ်ခန္ဓာသာ ဖြစ်ပြီး၊ သူ့အနေနဲ့ ဒီစိန်ခေါ်မှုတွေ ကိုတော့ မကြာသေးခင်က အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိထားပါဘူး။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


