အင်္ဂလန် လက်ရွေးစင် အသင်း နည်းပြ သောမက်စ် တူချယ် ကတော့ အသင်းရဲ့ ကစားသမားတွေ အနေနဲ့ တစ်ဦး အပေါ် တစ်ဦး အလွန် ရိုးသားကြဖို့နဲ့ ညီအစ်ကိုလို ဆက်ဆံကြဖို့ တိုက်တွန်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ တူချယ် ကတော့ အင်္ဂလန် လက်ရွေးစင် အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားမှာ အောင်မြင်မှု ရရှိရေး ဦးဆောင်ဖို့ ခန့်အပ်ခံထားရတာ ဖြစ်ပါတယ်။
ဂျာမန် လူမျိုး နည်းပြ သောမက်စ် တူချယ် ကတော့ မတ်လ ၁၇ ရက်နေ့က အင်္ဂလန် ကစားသမားတွေနဲ့ ပထမဆုံး အကြိမ် တွေ့ဆုံခဲ့ပြီးတော့ အမေရိကန် NBA ကစားသမားတွေရဲ့ ဆက်ဆံရေး အတိုင်း ပေါင်းသင်း ဆက်ဆံကြဖို့ အသင်းရဲ့ ကစားသမားတွေကို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ တူချယ် ကတော့ မတ်လ ၂၁ ရက်နေ့မှာ အဲလ်ဘေးနီးယားနဲ့ ကစားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အင်္ဂလန် နည်းပြ အဖြစ် စတင် ကိုင်တွယ်မှာ ဖြစ်ပါတယ်။ တူချယ်ဟာ အင်္ဂလန် အသင်းသားတွေနဲ့ ပထမဦးဆုံး အကြိမ် တွေ့ဆုံရာမှာ ကစားပုံထက် အသင်းရဲ့ ကစားသမား အချင်းချင်း စည်းလုံး ညီညွှတ်ကြဖို့ တိုက်တွန်လာခဲ့တာ ဖြစ်ပါတယ်။

တူချယ်နဲ့ ပထမဦးဆုံး အကြိမ် တွေ့ဆုံမှုနဲ့ ပတ်သတ်လို့ အင်္ဂလန် အသင်းမှာ ပထမဦးဆုံး အကြိမ် ရွေးချယ်ခံခဲ့ရတဲ့ နယူးကာဆယ် နောက်ခံလူ ဒန်ဘန်းက “ကမ္ဘာ့ဖလား မတိုင်ခင် ကျွန်တော်တို့ လေ့ကျင့်ဖို့ ၂၄ ရက်ပဲ အချိန်ရမယ်လို့ နည်းပြက ပြောခဲ့ပါတယ်။ ဒါက သိပ်မများပါဘူး။ ပထမဦးဆုံး အကြိမ် တွေ့ဆုံမှုက သူက ဘယ်လို ကစားရမယ် ဆိုတာကို မပြောပဲ စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်လို့ ပြောပြခဲ့တာပါ။ သူက ကျွန်တော် တို့ကို အချင်းချင်း ရိုးသား ပွင့်လင်းကြပြီး ညီအစ်ကိုလို ဆက်ဆံကြဖို့ တိုက်တွန်းခဲ့ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒန်ဘန်းက အသင်း နည်းပြ တူချယ်ဟာ အသင်းရဲ့ ကစားသမားတွေကို အမေရိကန် NBA က ကစားသမားတွေ အတိုင်း ပြုမူဆက်ဆံကြဖို့လည်း အလိုရှိနေကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
အင်္ဂလန် လက်ရွေးစင် အသင်းဟာ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲခဲ့ပြီးနောက် အဓိက ပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။ ဒါကြောင့် တူချယ်က လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန် အသင်းကို အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးဖို့ စိတ်အားထက်သန်လျက် ရှိတယ်လို့လည်း သိရပါတယ်။
အသက် ၅၁ နှစ် အရွယ် ဂျာမနီ လူမျိုး နည်းပြ သောမက်စ် တူချယ် ကတော့ သူ့ရဲ့ နည်းပြ ဘဝမှာ ဂျာမန် ကလပ်တွေ ဖြစ်တဲ့ အော့စ်ဘာ့ဂ်၊ မိန့်ဇ်၊ ဒေါ့မန်၊ ပီအက်စ်ဂျီ၊ ချဲလ်ဆီးနဲ့ ဘေယန်မြူးနစ် တို့ကို ကိုင်တွယ်ခဲ့ပါတယ်။ နိုင်ငံလက်ရွေးစင် အသင်း တစ်သင်း ကိုတော့ ပထမဦးဆုံး အကြိမ် ကိုင်တွယ်မှာ ဖြစ်ပြီး အောင်မြင်မှု ရရှိအောင် စွမ်းဆောင်နိုင်မလား ဆိုတာ အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.