နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဖိုဒန် အနေနဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ဖို့ သေချာပေါက် အာမခံချက် မရှိသေးကြောင်း တူချယ် ဖွင့်ဟ

ဒီနှစ် အင်္ဂလန် ကြယ်ပွင့်ကစားသမား ဖီးလ် ဖိုဒန် အနေနဲ့ လာမယ့် ကမ္ဘာ့ဖလား လူစာရင်းမှာ ပါဝင်ဖို့ သေချာပေါက် အာမခံချက် မရှိသေးကြောင်း သောမက်စ် တူချယ်က သတိပေးလိုက်ပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ ခြေစမ်းပွဲတွေ ဖြစ်တဲ့ ဥရုဂွေး၊ ဂျပန်တို့နဲ့ ပွဲစဉ်တွေမှာ ဖိုဒန်ဟာ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့တာကြောင့် နည်းပြ တူချယ်လ်က သူ့ရဲ့ ကမ္ဘာ့ဖလား ကစားခွင့် တစ်နေရာ အတွက် အာမခံချက် မရှိသေးကြောင်း သတိပေးစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ဖိုဒန်ဟာ ဒီရာသီမှာ ကလပ် အသင်း ဖြစ်တဲ့ မန်စီးတီး အတွက်ရော လက်ရွေးစင် အသင်း မှာပါ ပုံမှန် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။ ဖိုဒန်က ဒီရာသီမှာ မန်စီးတီး အတွက် ပြိုင်ပွဲစုံ ၁၀ ဂိုး သွင်းယူထားပြီး အာလင်း ဟာလန်း (ဂိုး ၃၀) ပြီးရင် အသင်းရဲ့ ဒုတိယဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်သားက ဖေဖော်ဝါရီလလယ် ဖူလ်ဟမ်နဲ့ ပွဲမှာ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပြီးကတည်းက နောက်ပိုင်း ပွဲစဉ်တွေမှာ ဂိုးပါဝင်ပတ်သက်မှု လုံးဝ မရှိတော့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂျပန်နဲ့ ပွဲမှာ အသင်းခေါင်းဆောင် ဟယ်ရီ ကိန်း မပါဝင်နိုင်မှုကို အစားထိုးဖို့ ဖိုဒန်ကို အသုံးပြုခဲ့ပေမယ့် သူဟာ ဂိုးပေါက် ကန်သွင်းခွင့် တစ်ကြိမ်မှ မရခဲ့သလို ဂိုးရနိုင်မယ့် အခွင့်အရေး ဖန်တီးပေးနိုင်ခြင်းလည်း မရှိခဲ့ပါဘူး။ ပြီးခဲ့တဲ့ တပတ်က ဥရုဂွေးနဲ့ သရေကျခဲ့တဲ့ ပွဲမှာလည်း သူဟာ အသင်း အပေါ် သက်ရောက်မှု အားနည်းခဲ့ပါတယ်။

အင်္ဂလန်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား မတိုင်ခင် နယူးဇီလန်၊ ကော်စတာရီကာ တို့နဲ့ ခြေစမ်းပွဲတွေ ကစားရဦးမှာ ဖြစ်ပါတယ်။
အင်္ဂလန် အတွက်ရော၊ မန်စီးတီး အတွက်ပါ ခြေစွမ်းမပြနိုင်သေးတဲ့ ဖိုဒန်

ဂျပန်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီးမှာ သောမက်စ် တူချယ်က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။ “သူ (ဖိုဒန်) ကမ္ဘာ့ဖလား လိုက်ရမယ် ဆိုတဲ့ အာမခံချက် မရှိပါဘူး။ မန်စီးတီးမှာ သူ ပွဲထွက်ခွင့် သိပ်မရခဲ့ပေမယ့် လက်ရွေးစင် လေ့ကျင့်ရေး စခန်း ကိုတော့ အရမ်းတက်ကြွတဲ့ အပြုံးတွေနဲ့ ရောက်လာခဲ့ပြီး လေ့ကျင့်ရေး မှာလည်း တော်တော်လေး ကောင်းခဲ့ပါတယ်။ သူ ကျွန်တော် တို့ကို အံ့အားသင့်အောင် လုပ်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်း ကွင်းထဲ မှာတော့ အသင်း အပေါ် အပြည့်အဝ သက်ရောက်မှု ရှိဖို့ ရုန်းကန်နေရတုန်းပါပဲ။” လို့ တူချယ်က ဆိုပါတယ်။

ဖိုဒန်ဟာ မန်စီးတီးရဲ့ နောက်ဆုံး ၁၅ ပွဲမှာ ၄ ပွဲသာ ပွဲထွက်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။ တူချယ်က သူဟာ လေ့ကျင့်ရေးကော၊ ပွဲကစားပုံကော၊ ကစားသမားတွေရဲ့ တုံ့ပြန်ပုံတွေ ကနေပါ အမြဲတမ်း သင်ယူနေကြောင်း ပြောဆိုခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား မတိုင်ခင် နယူးဇီလန်၊ ကော်စတာရီကာ တို့နဲ့ ခြေစမ်းပွဲတွေ ထပ်မံ ကစားရဖို့ ရှိနေပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု အဆင့် မှာတော့ အင်္ဂလန်ဟာ ခရိုအေးရှား၊ ဂါနာ၊ ပနားမား တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

အင်္ဂလန်ဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား မတိုင်ခင် နယူးဇီလန်၊ ကော်စတာရီကာ တို့နဲ့ ခြေစမ်းပွဲတွေ ကစားရဦးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ခြေစမ်းပွဲ နှစ်ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တဲ့ အင်္ဂလန် အတွက် ကမ္ဘာ့ဖလား မတိုင်ခင် ရလဒ်ကောင်းတွေ ရှာဖွေနိုင်ဖို့ လိုအပ်နေပြီး တူချယ် တစ်ယောက် ဘယ်လိုမျိုး ပြင်ဆင်သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်