နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဂျာမနီ လက်ရွေးစင် အသင်းထံ ပြန်လာဖို့ အစီအစဉ်မရှိ ကြောင်း အတည်ပြုလိုက်တဲ့ နော်အာ | ကမ္ဘာ့ဖလား

ဂျာမနီ ဂိုးသမားကြီး မန်ဝဲလ် နော်အာ ကတော့ နိုင်ငံတကာ ကစားသမားဘဝ အနားယူမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပါတယ်။ လက်ရှိမှာ နော်အာ တယောက် ကမ္ဘာ့ဖလား မတိုင်ခင် ဂျာမန် လက်ရွေးစင် အသင်းမှာ ပြန်လည် ကစားပေးဖွယ် ရှိနေကြောင်း ခန့်မှန်းချက်တွေ ထွက်ပေါ်နေတာပါ။ ဒါပေမယ့် ကံယာကံရှင် ကိုယ်တိုင် ကတော့ နိုင်ငံတကာ စင်မြင့်ထက်ကို ပြန်လာဖို့ အစီအစဉ် လုံးဝ မရှိကြောင်း အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အသက် ၃၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နော်အာဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဂျာမနီ အသင်း အတွက် ပြန်လည် ကစားပေးဖို့ ရှိမလားဆိုတဲ့ မေးခွန်းကို “မရှိပါဘူး (အတည်ပါပဲ)” လို့ ပြတ်ပြတ်သားသား ဖြေကြားခဲ့ပါတယ်။ ယူရို ၂၀၂၄ ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ စပိန်ကို ရှုံးနိမ့်ပြီး နောက်ပိုင်း နော်အာဟာ နိုင်ငံတကာ ကစားသမား ဘဝ ကနေ အနားယူခဲ့သူ ဖြစ်ပါတယ်။ သူဟာ လက်ရွေးစင် ကစားသမားဘဝ ၁၅ နှစ်တာ ကာလ အတွင်း ပွဲပေါင်း ၁၂၄ ပွဲ ကစားပေးခဲ့ပြီး၊ ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၎င်းရဲ့ ကစားသမားဘဝ တလျှောက် ဂျာမနီ အတွက် ပွဲပေါင်း ၅၁ ပွဲကို ပေးဂိုး မရှိအောင် (Clean Sheets) ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

နော်အာရဲ့ နေရာကို ဆက်ခံမယ့်သူလို့ သတ်မှတ်ခံထားရတဲ့ မာ့ခ်-အန်ဒရေ တာစတီဂျန်ဟာ လက်ရှိမှာ ဒဏ်ရာ ပြဿနာတွေ ဆက်တိုက် ကြုံတွေ့နေရတာကြောင့်၊ ဂျာမနီ အသင်းရဲ့ ဂိုးသမား နေရာ အတွက် ပရိသတ်တွေက စိုးရိမ်မှုတွေ ရှိလာပြီး နော်အာကို ပြန်လည် ခေါ်ယူသင့်တယ် ဆိုပြီး အကြံပြုချက်တွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ နည်းပြ ဂျူလီယန် နာဂဲလ်စ်မန်းရဲ့ ပထမ ဦးစားပေး ဂိုးသမား ဖြစ်လာတဲ့ ဟော့ဖန်ဟိမ်း ဂိုးသမား အိုလီဗာ ဘောင်မန်းနဲ့ ပတ်သက်ပြီး နော်အာက အခုလို ချီးကျူးစကား ဆိုခဲ့ပါတယ်။ “သူ (ဘောင်မန်း) က အခု နံပါတ် (၁) ဂိုးသမားပါ။ သူ သူ့ရဲ့ အလုပ်ကို အရမ်းကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နေပါတယ်။ ခြေစွမ်းလည်း အရမ်းပြနေပါတယ်။ ကျွန်တော် သူ့ အတွက် ဆုတောင်းပေးနေသလို၊ အကောင်းဆုံး ဖြစ်ပါစေလို့လည်း ဆန္ဒပြုပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

BILD သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ နော်အာ ပြန်မလာဖြစ်ရခြင်းရဲ့ အဓိက အကြောင်းရင်းဟာ နည်းပြ ဂျူလီယန် နာဂဲလ်စ်မန်းရဲ့ အလျှော့မပေးတဲ့ သဘောထားကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ကျွမ်းကျင်သူ အများအပြားက နော်အာကို ပြန်ခေါ်ဖို့ တောင်းဆိုခဲ့ကြပေမယ့် နာဂဲလ်စ်မန်း ကတော့ သူ့ရဲ့ အသင်းကို အသွင်သစ်နဲ့ တည်ဆောက်မယ့် လမ်းစဉ်ကိုသာ တစိုက်မတ်မတ် ဆုပ်ကိုင်ထားခဲ့ပါတယ်။

အကယ်၍ နာဂဲလ်စ်မန်း ကသာ ကိုယ်တိုင်ကိုယ်ကျ ဖိတ်ခေါ်ခဲ့ရင် နော်အာ ပြန်လာနိုင်တယ်ဆိုတဲ့ ကောလာဟလတွေ ရှိခဲ့ပေမယ့် လက်တွေ့မှာတော့ နည်းပြက အဲဒီလို လုပ်ဆောင်ဖို့ ငြင်းဆန်ခဲ့ပြီး နော်အာ အတွက် တံခါးကို အပြီးအပိုင် ပိတ်ထားခဲ့ပါတယ်။ ဒီလို ဆက်ဆံရေး အေးစက်နေရခြင်းဟာ ဘေယန်မြူနစ်မှာ သူတို့နှစ်ဦး အတူရှိစဉ်ကတည်းက စတင်ခဲ့တဲ့ အငြင်းပွားမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။ အဲဒီ အချိန်တုန်းက နာဂဲလ်စ်မန်းဟာ နော်အာရဲ့ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သူ ဂိုးနည်းပြ တိုနီ တာပါလိုဗစ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ သူတို့နှစ်ဦး ပြန်လည် ပြေလည်ခဲ့ကြတယ် ဆိုပေမယ့် နာဂဲလ်စ်မန်း ကတော့ လာမယ့် ကမ္ဘာ့ဖလား အတွက် မျက်နှာသစ်တွေကိုသာ အသုံးပြုဖို့ ဆုံးဖြတ်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်