ကီလီယန် အမ်ဘာပေး ကတော့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇနက်ဒင် ဇီဒန်းကို ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ ဖြစ်လာစေချင်ကြောင်း ပြောဆိုလာခဲ့ပါတယ်။ အမ်ဘာပေးက ဇီဒန်း အနေနဲ့ ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ ဖြစ်လာမယ် ဆိုရင် သူ့အနေနဲ့ အလွန် ပျော်ရွှင်ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဇီဒန်းဟာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလား အပြီးမှာ ပြင်သစ်လက်ရွေးစင် အသင်း နည်းပြ ဒီဒီရာ ဒက်စ်ရွှမ့်စ်ရဲ့ နေရာကို ဆက်ခံဖို့ ရေပန်းအစားဆုံး ဖြစ်နေသူပါ။
ဒီဒီယာ ဒက်စ်ရွှမ့်စ် ကတော့ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ သက်တော်ရှည် နည်းပြ ဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလား အပြီးမှာအသင်းရဲ့ နည်းပြ ရာထူး ကနေ နှုတ်ထွက်မှာ ဖြစ်ကြောင်း အတည်ပြုထားသူပါ။ လက်ရှိမှာ TF1 သတင်းထောက်က ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ ဒက်စ်ရွှမ့်စ်ရဲ့ နေရာကို ဇီဒန်း ဆက်ခံမယ် ဆိုရင် ပျော်ရွှင်မလားလို့ မေးမြန်းတာကို အမ်ဘာပေးက ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပေးက “ဒက်စ်ရွှမ့်စ်ရဲ့ နေရာ အတွက် ဆက်ခံမယ့်သူကို ကျွန်တော် ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ကျွန်တော် အများကြီး မပြောချင်ပါဘူး။ ဒါက ကျွန်တော့် အလုပ်လည်း ဟုတ်မနေပါဘူး။ ပြီးတော့ ဒီမှာ နည်းပြလည်း ရှိနေပါတယ်။ ဒီမှာ ရှိနေတဲ့ လူတွေကို ကျွန်တော်တို့ လေးစားမှု ရှိရမှာပါ။ ဇီဒန်းကို ကျွန်တော် ဘယ်လောက် ချစ်တယ် ဆိုတာလူတိုင်း သိပါတယ်။ တကယ်လို့ ဇီဒန်းသာ ပြင်သစ် နည်းပြ ဖြစ်လာမယ် ဆိုရင် အရမ်းကောင်းမှာပါ။ ဇီဒန်းသာ ပြင်သစ် နည်းပြဖြစ်လာမယ် ဆိုရင် ကျွန်တော် အရမ်းပဲ ပျော်ရွှင်ရမှာပါ။ ဒါပေမယ့် ဒါက ကျွန်တော် ဆုံးဖြတ်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
ဒီဒီယာ ဒက်စ်ရွှမ့်စ်ဟာ ပြင်သစ် လက်ရွေးစင် အသင်းကို ၂၀၁၂ ခုနှစ် ကတည်းက စတင် ကိုင်တွယ်ခဲ့ပြီးတော့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှု များစွာ ရယူပေးထားသူလည်း ဖြစ်ပါတယ်။ ဒက်စ်ရွှမ့်စ်ဟာ ကစားသမား ဘဝမှာ ပြင်သစ်လက်ရွေးစင် အသင်းနဲ့ ၁၉၉၈ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ထားသလို နည်းပြ ဘဝ မှာလည်း ၂၀၁၈ မှာ တစ်ကြိမ် ချန်ပီယံ ဖြစ်ထားပါတယ်။ ၂၀၂၂ ခုနှစ် မှာလည်း ပြင်သစ်က ကမ္ဘာ့ဖလား ဗိုလ်လုပွဲ ထပ်မံ တက်လှမ်းနိုင်ခဲ့ပေမယ့် ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။
နည်းပြ ဇနက်ဒင် ဇီဒန်း ကတော့ ရီးရဲလ်မက်ဒရစ်နဲ့ အတူ ချန်ပီယံလိဂ် အပါအဝင် ဆုဖလား အောင်မြင်မှု များစွာ ရရှိခဲ့ပြီးနောက် လက်ရှိအချိန်ထိ အနားယူနေသူ ဖြစ်ပါတယ်။ ဒက်စ်ရွှမ့်စ်ဟာ ပြင်သစ် လက်ရွေးစင် အသင်း နည်းပြ ရာထူးကိုအချိန်တော်ကြာ ပစ်မှတ်ထားနေသူ ဖြစ်ပြီး ထိပ်တန်း ကလပ်ပေါင်းများစွာရဲ့ ကမ်းလှမ်းမှုတွေ ကိုတောင် ငြင်းဆန် ပယ်ချခဲ့သူ ဖြစ်ပါတယ်။ပြင်သစ် လက်ရွေးစင် အသင်းဟာ လက်တလော နိုင်ငံတကာ ရက်သတ္တပတ်မှာ ခရိုအေးရှားနဲ့ နေးရှင်းလိဂ် ပွဲစဉ် နှစ်ကျော့ ကစားရဖို့ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.