ဒီကနေ့ မနက် ပွဲစဉ်တွေ အပြီးမှာ နာမည်ကျော် ပေါ်တူဂီ အသင်း ကတော့ ကမ္ဘာ့ဖလားရဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ သေချာသွားခဲ့ပါပြီ။ ဒါပေမယ့် နည်းပြ ရော်ဘတ်တို မာတီနက်ဇ် ကတော့ လက်ရှိ ရင်ဆိုင်ရမယ့် ကိုလံဘီယာနဲ့ ပွဲက လွဲလို့ ရှေ့ကို အဝေးကြီး ကြိုမတွေးသေးကြောင်း သိရပါတယ်။
သူကတော့ ရှုံးထွက်အဆင့်မှာ ဘယ်အသင်းနဲ့ တွေ့နိုင်မလဲဆိုတာထက် အုပ်စု (K) ရဲ့ နောက်ဆုံး ပွဲစဉ် ဖြစ်တဲ့ ကိုလံဘီယာနဲ့ ပွဲကိုပဲ အပြည့်အဝ အာရုံစိုက်ထားတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောကြားလာပါတယ်။ ဒီပွဲကို Miami Stadium မှာ ကစားမှာ ဖြစ်ပြီး အုပ်စု ပထမနေရာကို လုကြမယ့် ပွဲလည်း ဖြစ်ပါတယ်။ နက်စတာ လိုရန်ဇိုရဲ့ ကိုလံဘီယာ အသင်း ကတော့ အစောပိုင်း နှစ်ပွဲစလုံးနိုင်ထားလို့ နောက်တစ်ဆင့် တက်ဖို့ ရာနှုန်းပြည့် သေချာနေပြီးသားပါ။
ကိုလံဘီယာသာ သရေ ဒါမှမဟုတ် နိုင်ခဲ့ရင် သူတို့ အုပ်စု ပထမရမှာ ဖြစ်ပြီး အုပ်စု (D, E, I ဒါမှမဟုတ် L) က အကောင်းဆုံး တတိယရတဲ့ အသင်းနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ပေါ်တူဂီ အနေနဲ့ အုပ်စု ပထမနေရာကို လုချင်ရင် ဒီပွဲမှာ မဖြစ်မနေ အနိုင်ရမှ ဖြစ်မှာပါ။ သူတို့ ကတော့ ပြီးခဲ့တဲ့ ပွဲမှာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဆုံးအကြိမ် လာရောက် ကစားတဲ့ ဥဇဘက်ကစ္စတန်ကို ၅-၀ နဲ့ အပြတ်အသတ် နိုင်ထားလို့ ယုံကြည်မှု မြင့်တက်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။
သမိုင်းကြောင်းအရ ကြည့်ရင် ပေါ်တူဂီဟာ ကမ္ဘာ့ဖလား အုပ်စု ပွဲစဉ် နောက်ဆုံး ၁၇ ပွဲမှာ ၂ ပွဲပဲ ရှုံးဖူးပါတယ်။ အဲဒီ ရှုံးပွဲ ၂ ပွဲ ကတော့ ၂၀၁၄ တုန်းက ဂျာမနီကို ၄-၀၊ ၂၀၂၂ တုန်းက တောင်ကိုရီးယားကို ၂-၁ နဲ့ ရှုံးခဲ့တာပါ။ ဒါပေမယ့် သူတို့ ရင်ဆိုင်ရမယ့် ကိုလံဘီယာ ကိုလည်း လျှော့တွက်လို့ မရပါဘူး။ ဥရောပ အသင်းတွေနဲ့ ကစားခဲ့တဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ၃ ပွဲစလုံးမှာ အရေးနိမ့်ထားခြင်း မရှိသလို၊ ယခုနှစ် ပြိုင်ပွဲမှာ အဖွင့် ၂ ပွဲစလုံးကို အနိုင်ရထားတဲ့ ၇ သင်းထဲက တစ်သင်းလည်း ဖြစ်နေပါတယ်။
နည်းပြ မာတီနက်ဇ်ကတော့ သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွားခဲ့ပါတယ်။ “ကျွန်တော် တို့ရဲ့ အဓိက ပန်းတိုင်က ဒီပွဲကို နိုင်အောင်ကစားဖို့ပဲ။ နောက်ဆင့်မှာ ဘယ်သူနဲ့ တွေ့မလဲ ဆိုတာကို ကြိုတွေးမနေပါဘူး။ ပြိုင်ပွဲမှာ အဝေးကြီး သွားချင်ရင် ဘယ်အသင်းနဲ့ တွေ့တွေ့ နိုင်အောင် ကစားရမှာပဲလေ။ ကမ္ဘာ့ဖလားလို ပြိုင်ပွဲမျိုးမှာ ဒါကမှ လမ်းမှန်ဆိုတာမျိုး သတ်မှတ်လို့ မရဘူး။ အရေးကြီးဆုံးက ကိုယ့်ဘက်က အကောင်းဆုံး ပုံစံပြနိုင်ဖို့နဲ့ နိုင်ပွဲရဖို့ပဲ ဖြစ်ပါတယ်။” လို့ ရော်ဘတ်တို မာတီနက်ဇ်က ဆိုပါတယ်။
အစပြုမှု အားမရခဲ့ပေမယ့် အရှိန်ရလာတဲ့ ပေါ်တူဂီ
တကယ်လို့ ပေါ်တူဂီသာ အုပ်စု ဒုတိယပဲ ရခဲ့ရင်တော့ အုပ်စု (L) က ဒုတိယ ရတဲ့ အသင်းနဲ့ ကစားရမှာပါ။ တကယ်လို့သာ အုပ်စု ပထမနေရာ ပျောက်ဆုံးခဲ့မယ် ဆိုရင်တော့ အဖွင့်ပွဲတုန်းက ဒီအာကွန်ဂိုနဲ့ သရေကျခဲ့ခြင်းက နောင်တရစရာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒုတိယပွဲ ဖြစ်တဲ့ ဥဇဘက်ကစ္စတန်နဲ့ပွဲ မှာတော့ ပေါ်တူဂီတို့ ကောင်းကောင်း တုံ့ပြန်နိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ စီရော်နယ်ဒိုက ၂ ဂိုး သွင်းယူခဲ့ပြီး “ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ် ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး သမိုင်းဝင် ကစားသမား” ဖြစ်လာခဲ့ပါတယ်။ အခု ကိုလံဘီယာနဲ့ ပွဲမှာတော့ ရော်နယ်ဒို အနေနဲ့ ၂၀၁၈ ခုနှစ် နောက်ပိုင်း ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာ ပထမဆုံးအကြိမ် အဖြစ် နှစ်ပွဲဆက်တိုက် ဂိုးသွင်းနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။
ဆက်လက် ပြီးတော့လည်း မာတီနက်ဇ်က “ဒုတိယပွဲက ကောင်းမွန်တဲ့ အချက်တွေကို အခြေခံပြီး ကျွန်တော်တို့ လိုအပ်ချက်တွေကို ဆက်ပြင်သွားမှာပါ။ ကိုလံဘီယာက ကျွန်တော် တို့ရဲ့ အဆင့်အတန်းကို တကယ် တိုင်းတာမယ့် ပွဲကြီးပွဲကောင်း တစ်ပွဲပေါ့။ နိုင်ပွဲ ဆက်ချင်သလို လက်ရှိသွားနေတဲ့ ပုံစံကောင်း ကိုလည်း ထိန်းထားချင်ပါတယ်။ အသင်းက ကောင်းမွန်တဲ့ မျှခြေတစ်ခုကို ရှာတွေ့နေပါပြီ။ ဒုတိယပွဲက ခြေစွမ်းကြောင့် ကစားသမားတွေ ယုံကြည်မှုနဲ့ ခွန်အားတွေ အများကြီး ရထားတယ်။ ကျွန်တော်တို့ ပိုပိုကောင်းလာပြီး ပေါ်တူဂီရဲ့ အရည်အသွေး အစစ်အမှန်ကို ထပ်ပြရပါလိမ့်မယ်။” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ကိုလံဘီယာရဲ့ အန္တရာယ်ရှိတဲ့ တိုက်စစ်အပေါ် သတိပေးချက်
ဒါပေမယ့်လည်း ကိုလံဘီယာဟာ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလားမှာ ပေါ်တူဂီနဲ့ တစ်ခါမှ မဆုံဖူးသေးဘဲ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်လို့ အတော်လေး ခက်ခဲမယ့်ပွဲ ဖြစ်တယ် ဆိုတာကို မာတီနက်ဇ်က ကောင်းကောင်း သဘောပေါက်ထားပြီး သူတို့ရဲ့ တိုက်စစ် အန္တရာယ်ကို အခုလို သတိပေးသွားခဲ့ပါတယ်။
“ကိုလံဘီယာက မျှတပြီး တောင့်တင်းတဲ့ အသင်းတစ်သင်းပါ။ သူတို့ ကစားကွက် အပေါ် သူတို့ ကိုယ်တိုင် အပြည့်အဝ ယုံကြည်မှု ရှိကြတယ်။ နည်းပြရဲ့ ကစားဟန် ကလည်း အချိတ်အဆက်မိပြီး စိတ်ကူး စိတ်သန်း ရှင်းလင်းတယ်။ ကွင်းထဲမှာ ဘယ်သူပါလာလဲ ဆိုတာထက် သူတို့ အသင်းလိုက် ကစားကွက်က ပိုကြောက်ဖို့ ကောင်းပါတယ်။ ကွင်းလယ်မှာ ဟွမ်ဖာနန်ဒို ကင်ထာရိုနဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ် တို့လို လူတွေရှိသလို၊ ကောင်တာ တိုက်စစ် အကူးအပြောင်းမှာ အန္တရာယ် အလွန်များတဲ့ လူးဝစ် ဒီးယက်ဇ်နဲ့ လူးဝစ် ဆွာရက်ဇ် တို့လို ကစားသမားတွေလည်း ရှိနေပါတယ်။” လို့ မာတီနက်ဇ်က ပြောကြားသွားခဲ့ပါတယ်။
ဒီတော့ ပေါ်တူဂီအသင်း အုပ်စုပထမနေရာကို လုယူပြီး ခရစ္စတီယာနို ရော်နယ်ဒို တစ်ယောက် နှစ်ပွဲဆက် ဂိုးထပ်သွင်းနိုင်မလား၊ ဒါမှမဟုတ် ပုံစံကောင်းပြနေတဲ့ တောင်အမေရိက အသင်း ကိုလံဘီယာ ကပဲ အုပ်စုဗိုလ် နေရာကို အပိုင်သိမ်းသွားမလား ဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


