နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

စပိန် အသင်း ကမ္ဘာ့ဖလားရဖို့ ရေပန်းစားနေမှုကို နည်းပြ လူးဝစ္စ ဒီလာ ဖျူအန်တေး ကြိုဆို

၂၀၂၆ ကမ္ဘာ့ဖလားမှာ စပိန် လက်ရွေးစင် အသင်းက ချန်ပီယံ ဖြစ်ဖို့ ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ ဒီလိုမျိုး စပိန် အသင်း ရေပန်းအစားဆုံး ဖြစ်နေတဲ့ အပေါ် နည်းပြ လူးဝစ္စ ဒီလာ ဖျူအန်တေး ကလည်း ဒီလို မျှော်လင့်ချက်တွေကြောင့် ဖြစ်ပေါ်လာမယ့် ဖိအားတွေကို ရင်ဆိုင်ဖို့ အသင့် ရှိနေကြောင်း ပြောကြားလိုက်ပါတယ်။

ဒီလာ ဖျူအန်တေးဟာ ၂၀၂၄ ယူရို ဗိုလ်လုပွဲမှာ အင်္ဂလန်ကို အနိုင်ယူကာ စပိန် အသင်းအား ဥရောပ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပြီး လာမယ့် နွေရာသီ ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင် မှာလည်း သူ့ရဲ့ အသင်းဟာ အကောင်းဆုံး ပုံစံမှာ ရှိနေပါတယ်။ စပိန် လက်ရွေးစင် အသင်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၆ ပွဲမှာ ၅ ပွဲ အထိ အနိုင်ရရှိခဲ့ပြီး (၁ ပွဲ သရေ)၊ ၂၁ ဂိုး သွင်းယူကာ ပေးဂိုး ၂ ဂိုးသာ ခွင့်ပြုထားခဲ့ရပါတယ်။ စပိန်က ကမ္ဘာ့ဖလား အုပ်စု (H) မှာ ကိပ် ဗာဒီ၊ ဆော်ဒီအာရေဗျ၊ ဥရုဂွေး တို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ၂၀၁၀ နောက်ပိုင်း သူတို့ရဲ့ ဒုတိယမြောက် ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ 

လာမယ့် အင်္ဂါနေ့မှာ အီဂျစ်နဲ့ ခြေစမ်းပွဲ ကစားဖို့ ပြင်ဆင်နေတဲ့ ဒီလာဖျူအန်တေးက အသင်းရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ အသင်းဟာ ရေပန်းအစားဆုံး စာရင်းထဲမှာ ပါဝင်နေတာ သံသယ ဖြစ်စရာ မရှိပါဘူး။ အဲဒီလို အခြေအနေမျိုး ကိုလည်း ကျွန်တော် သဘောကျသလို ဒီစိန်ခေါ်မှု ကနေလည်း ရှောင်ဖယ်မှာ မဟုတ်ပါဘူး။ ကမ္ဘာ့ဖလားကို ရယူနိုင်ဖို့ ဆိုရင် အမှားအယွင်း မရှိတဲ့ စွမ်းဆောင်ရည်မျိုး လိုအပ်တယ် ဆိုတာ သိပါတယ်။ ကျွန်တော် တို့လိုပဲ အင်အား တောင့်တင်းတဲ့ အသင်းတွေ အများကြီးရှိနေတာ ကိုလည်း သတိပြုမိပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ ကတည်းက ကျွန်တော်တို့ ကမ္ဘာ့ဖလား အတွက် စတင် ပြင်ဆင်နေပါပြီ။ ဒါဟာ ကျွန်တော် တို့ရဲ့ တစ်ခုတည်းသော ရည်မှန်းချက်ပါပဲ။” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ ကတည်းက ကျွန်တော်တို့ ကမ္ဘာ့ဖလား အတွက် စတင် ပြင်ဆင်နေပါပြီ။
လာမင်း ယာမယ်ကြောင့် ပိုပြီး စိတ်ဝင်စားခြင်း ခံနေရတဲ့ စပိန်

စပိန် အသင်း ရေပန်းစားနေရခြင်းရဲ့ အဓိက အကြောင်းရင်း တစ်ခု ကတော့ လူငယ် ကြယ်ပွင့် လာမင်း ယာမယ်ရဲ့ ခြေစွမ်းကြောင့်လည်း ဖြစ်ပါတယ်။ ဒီရာသီ လာလီဂါ ကစားသမားတွေထဲမှာ ကီလီယန် အမ်ဘာပေး (၄၄ ဂိုး) ပြီးရင် ယာမယ်က သွင်းဂိုး ၂၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၅ ကြိမ် (စုစုပေါင်း ၃၆ ဂိုး) နဲ့ ဂိုးပါဝင် ပတ်သက်မှု အများဆုံး ဖြစ်နေပါတယ်။

ဒီလာ ဖျူအန်တေးက အသက် ၁၈ နှစ်အရွယ် ယာမယ်နဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောပါတယ်။ “လာမင်းဟာ လွန်ခဲ့တဲ့ ၂ နှစ် ကထက် အများကြီး ပိုတော်လာသလို၊ နောက်ထပ် ၂ နှစ် အကြာမှာ အခုထက် ပိုတော်လာဦးမှာပါ။ သူဟာ ဖွံ့ဖြိုးတိုးတက်နေဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ အသင်း အတွက်လည်း တစ်နေ့ထက် တစ်နေ့ ပိုပြီး အကျိုးပြုလာနိုင်ပါတယ်။ သူ့မှာ လျှောက်လှမ်းရမယ့် လမ်းကြောင်းတွေ အများကြီးရှိနေပြီး သူ့ရဲ့ အကောင်းဆုံးပုံစံက ရှေ့မှာ ရှိနေပါသေးတယ်။” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

စပိန် လက်ရွေးစင် အသင်းက လက်ရှိ နိုင်ငံတကာ ရက်သတ္တပတ်မှာ ဆားဘီးယားကို အိုရာဇာဘယ်၊ မူနော့ဇ် တို့ရဲ့ ဂိုးတွေနဲ့ ၃-၀ ရလဒ်နဲ့ အနိုင်ရထားပါတယ်။ စပိန်က ဒီကနေ့ ညမှာတော့ အာဖရိက ထိပ်သီး အီဂျစ်နဲ့ ခြေစမ်းပွဲ ဆက်လက် ကစားရဖို့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်