စပိန် အသင်း ကတော့ ၂၀၂၄ ယူရိုဖလား အပြင် ၂၀၂၆ ကမ္ဘာ့ဖလား ကိုပါ ဆက်တိုက် သိမ်းပိုက်ထားနိုင်ခဲ့တာပါ။ ဒါပေမယ့် စပိန် တောင်ပံ ကြယ်ပွင့် လာမင်း ယာမယ်ရဲ့ အကောင်းဆုံး ပုံစံ ကိုတော့ အမေရိကမြေမှာ မမြင်တွေ့ခဲ့ရဘူးလို့ ဘာစီလိုနာ အသင်းဖော်ဟောင်း ရောဘတ် လီဝမ်ဒေါစကီးက သုံးသပ်လိုက်ပါတယ်။
လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က နယူးဂျာစီမှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ စပိန် အသင်းဟာ အာဂျင်တီးနားကို အချိန်ပိုမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အနိုင်ဂိုး ကိုတော့ လီဝမ်ဒေါစကီးရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်း တစ်ဦး ဖြစ်သူ ဖာရန် တောရက်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပြီး စပိန် အသင်း အတွက် ဒုတိယမြောက် ကမ္ဘာ့ဖလား ဖြစ်လာခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် စပိန်ဟာ ပြိုင်ပွဲစုံ ၃၈ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကို ပိုင်ဆိုင်သွားခဲ့ပြီး ဒါဟာ ဥရောပ ဒါမှမဟုတ် တောင်အမေရိက အမျိုးသား လက်ရွေးစင် အသင်းတွေထဲမှာ အရှည်ကြာဆုံး ရှုံးပွဲမရှိ စံချိန်လည်း ဖြစ်ပါတယ်။ စပိန်တို့ရဲ့ ဖလားဆွတ်ခူးမှုဟာ ခိုင်မာလွန်းတဲ့ ခံစစ်တန်းပေါ်မှာ အခြေခံခဲ့တာ ဖြစ်ပြီး ၈ ပွဲလုံးမှာ ၁ ဂိုးတည်းသာ ပေးခဲ့ရတာကြောင့် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ အသင်းတွေထဲမှာ ဂိုးအနည်းဆုံး ပေးခဲ့ရတဲ့ စံချိန်သစ် ကိုလည်း တင်နိုင်ခဲ့ပါတယ်။
ယူရို ၂၀၂၄ တုန်းက ပရိသတ်တွေကို ရင်သပ်ရှုမော ဖြစ်စေခဲ့တဲ့ တောင်ပံ တိုက်စစ် ကစားဟန် ကိုတော့ ဒီပြိုင်ပွဲမှာ အပြည့်အဝ မမြင်ခဲ့ရပါဘူး။ အကြောင်းရင်း ကတော့ လာမင်း ယာမယ်ရော နီကို ဝီလီယမ်စ်ပါ ဒဏ်ရာ ပြဿနာ အသီးသီးနဲ့ ကမ္ဘာ့ဖလားကို ရောက်ရှိလာခဲ့ကြလို့ပါပဲ။ နီကို ဝီလီယမ်စ်ဟာ ပွဲထွက်ခွင့် မရဘဲ လူစားဝင် ၆ ပွဲမှာ ၁၀၈ မိနစ်ပဲ ကစားခဲ့ရပေမယ့် ယာမယ် ကတော့ ပြီးခဲ့တဲ့ ဧပြီလတုန်းက ကလပ် အသင်း ရာသီကို အဆုံးသတ်စေခဲ့တဲ့ ပေါင်နောက်ကြော ဒဏ်ရာ ကနေ ပြန်လည် သက်သာလာပြီး ၇ ပွဲ ပွဲထွက် အပါအဝင် ပွဲစဉ်အားလုံးမှာ ပါဝင်ကစားခဲ့ပါတယ်။
ယာမယ်ဟာ အုပ်စုအဆင့်မှာ ဆော်ဒီအာရေဗျကို ၄ – ၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ၁ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု လုံးဝ မလုပ်နိုင်ခဲ့ပါဘူး။ ဂိုးဖန်တီးမှု အခွင့်အရေး ၇ ကြိမ် ဖန်တီးပေးခဲ့ပေမယ့် နည်းပြ လူးဝစ္စ ဒီလာဖွန်တေရဲ့ အသင်းမှာ သူ့ထက် အခွင့်အရေး ပိုမို ဖန်တီးပေးနိုင်ခဲ့သူ ကစားသမား ၇ ယောက်တောင် ရှိခဲ့ပါတယ်။
ESPN နဲ့ အင်တာဗျူးမှာ ကမ္ဘာ့ဖလားမှာ ယာမယ်ရဲ့ အကောင်းဆုံး ခြေစွမ်းကို မြင်တွေ့ခဲ့ရသလားလို့ မေးမြန်းခဲ့ရာမှာတော့ လီဝန်ဒေါစကီးက “ရိုးရိုးသားသား ပြောရရင် မမြင်ခဲ့ရပါဘူး။ ကျွန်တော့် အတွက်တော့ လာမင်းရဲ့ အကောင်းဆုံး ပုံစံက ပြီးခဲ့တဲ့ရာသီ မဟုတ်ပါဘူး၊ လွန်ခဲ့တဲ့ နှစ်ရာသီတုန်းကပါပဲ။ အဲဒါက ကျွန်တော့် အတွက်တော့ လာမင်း ယာမယ်ရဲ့ အကောင်းဆုံး ဗားရှင်းပါ။”

“သူက အသက်ငယ်ပါသေးတယ်။ ကမ္ဘာ့ဖလား ကိုလည်း ဒဏ်ရာကနေ ပြန်ကောင်းခါစမှာ ရောက်လာတာ ဖြစ်ပြီး ၈ ပတ်လောက် နားထားခဲ့ရတာပါ။ ပွဲတစ်ပွဲနဲ့ တစ်ပွဲကြား လေ့ကျင့်ခန်းဆင်းဖို့ အချိန်မရတဲ့ ကမ္ဘာ့ဖလားလို ပြိုင်ပွဲမှာ တန်းကစားရတာ တကယ် မလွယ်ပါဘူး။ ဒါပေမယ့် သူ သူ့ရဲ့ အရည်အသွေးကို ပြသနိုင်ခဲ့ပါတယ်။ စပိန် ကစားသမားတွေနဲ့ အသင်းက လာမင်းကို ကူညီခဲ့သလို လာမင်း ကလည်း အသင်း တစ်ဖွဲ့လုံးကို ကူညီခဲ့ပါတယ်။ ဒီပူးပေါင်း ဆောင်ရွက်မှုက ပြီးပြည့်စုံခဲ့တယ်လို့ ထင်ပါတယ်” လို့ ဖြေကြားသွားခဲ့ပါတယ်။
လီဝမ်ဒေါစကီးက လွန်ခဲ့တဲ့ နှစ်ရာသီက ယာမယ် ပိုကောင်းခဲ့တယ်လို့ သုံးသပ်ခဲ့ပေမယ့် စာရင်းဇယားတွေ အရတော့ ယာမယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅-၂၆ ရာသီမှာ ဘာစီလိုနာ အတွက် ၄၅ ပွဲ ကစားပြီး ဂိုးပါဝင် ပတ်သက်မှု ၄၁ ကြိမ် (၂၄ ဂိုးသွင်း၊ ၁၇ ကြိမ် ဖန်တီး) အထိ လုပ်ဆောင်နိုင်ခဲ့တာကြောင့် ပိုမို စွမ်းဆောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ၂၀၂၄-၂၅ ရာသီတုန်း ကတော့ ၅၅ ပွဲမှာ ၃၉ ကြိမ် (၁၈ ဂိုးသွင်း၊ ၂၁ ကြိမ်) ဖန်တီး ခဲ့တာပါ)။
ဆက်လက်ပြီး ပိုလန် အသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်မြင်ခဲ့တာကြောင့် ဘယ်အသင်းကို အားပေးခဲ့သလဲလို့ မေးမြန်းရာ မှာတော့ လီဝမ်ဒေါစကီးက “ကျွန်တော် စပိန် ကစားသမား တော်တော်များများကို သိတယ်လေ၊ ဘာစီလိုနာ မှာလည်း သူတို့နဲ့ အချိန်အကြာကြီး အတူ ဖြတ်သန်းခဲ့ဖူးတော့ သူတို့ကိုပဲ အပြည့်အဝ အားပေးခဲ့ပါတယ်။”
“အာဂျင်တီးနားထဲမှာ ဆိုရင်တော့ လီယွန်နယ် (မက်ဆီ) တစ်ယောက်တည်း ကိုပဲ လူချင်းသိတာပါ။ ဒါပေမယ့် သူက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားကို ရထားပြီးပြီလေ။ အဲဒါကြောင့်လည်း စပိန် လက်ရွေးစင် အသင်းကို အားပေးခဲ့တာပါ။ အတူတူ ကစားဖူး၊ အချိန်အကြာကြီး ဖြတ်သန်းဖူးတဲ့သူတွေ ရှိတော့ ဒီအသင်းကို အားပေးရတာ ပိုလွယ်တာပေါ့။ သူတို့ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ဖို့ အသင့်ဖြစ်နေမှန်း သိထားတာမို့လို့ သူတို့ နိုင်သွားတော့ ကျွန်တော် ဝမ်းသာမိပါတယ်။ သူတို့က အရမ်းငယ်ပါသေးတယ်၊ အနာဂတ်ကြီး တစ်ခုလုံးက သူတို့ ရှေ့မှာ စောင့်ကြိုနေတာပါ”လို့ အားရပါးရ ပြောပြသွားခဲ့ပါတယ်။
ဝါရင့် တိုက်စစ်မှုးကြီး လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့ရာသီ အကုန်မှာ ဘာစီလိုနာ ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့ပြီး လက်ရှိ မှာတော့ မေဂျာလိဂ် ကလပ် ချီကာဂိုဖိုင်းယား အသင်းဆီ ရောက်ရှိနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


