နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကမ္ဘာ့ဖလား ချန်ပီယံဟောင်းတွေထဲမှာ ပထမဆုံး အဖြစ် ၃ ကြိမ်ဆက် ပြိုင်ပွဲနဲ့ လွဲချော်ခဲ့တဲ့ အီတလီ

အီတလီ လက်ရွေးစင် အသင်း ကတော့ ဘော့စနီးယားကို ရှုံးနိမ့်ခဲ့တာကြောင့် ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ (၃) ကြိမ် ဆက်တိုက် လွဲချော်ခဲ့ပါတယ်။ ဒါဟာ ကမ္ဘာ့ဖလား ချန်ပီယံဟောင်းတွေထဲမှာ ပထမဆုံး အဖြစ်လည်း မှတ်တမ်းဆိုး တစ်ခု ပိုင်ဆိုင်သွားခဲ့တာလည်း ဖြစ်ပါတယ်။ 

ဇနီကာမြို့တွင် ကစားခဲ့တဲ့ ဒီပွဲဟာ တင်းမာမှုတွေနဲ့ ပြည့်နှက်ခဲ့ပြီး အီတလီ လက်ရွေးစင် အသင်းဟာ အလက်ဆန်ဒရို ဘက်စတိုနီ အထုတ်ခံခဲ့ရတာကြောင့် ၁-၁ သရေကျခဲ့ပြီး၊ ပင်နယ်တီ အဆုံးအဖြတ်မှာ ၄-၁ နဲ့ ရှုံးနိမိတ်ကာ ကမ္ဘာ့ဖလားနဲ့ ထပ်မံ ဝေးကွာခဲ့ရတာ ဖြစ်ပါတယ်။ 

ပွဲအစပိုင်းမှာ ဘော့စနီးယား ဂိုးသမား နီကိုလာ ဗာဆေးလ်ရဲ့ အမှား ကနေ တစ်ဆင့် မွိုက်စ် ကင်းန်က အီတလီအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ပထမပိုင်း ပြီးခါနီးမှာ Last Defender အဖြစ် ပြိုင်ဘက်ကို ဖျက်ထုတ်ခဲ့တဲ့ ဘတ်စ်တိုနီ တယောက် အနီကတ်ပြ ထုတ်ပယ်ခံရပြီးနောက် အီတလီတို့ တစ်ဖက်သတ် ဖိအားပေးခံခဲ့ရပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ ဟာရစ် တာဘာကိုဗစ်က ချေပဂိုး သွင်းယူခဲ့ပြီး၊ အချိန်ပိုမှာ ဘယ်အသင်းမှ ဂိုးမရခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူရာမှာ ဘော့စနီးယားက ၄ လုံး စလုံး ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ပါတယ်။ အီတလီ ဘက်က လူစားဝင် ကစားသမားတွေ ဖြစ်တဲ့ အက်စ်ပိုစီတိုက အပေါ် ထောင်ကန်ခဲ့ပြီး၊ ခရစ္စတန်တေးက ဂိုးဘားတန်းကို ထိမှန်ခဲ့တာကြောင့် အီတလီတို့ ကမ္ဘာ့ဖလားနဲ့ နောက်ထပ် ၄ နှစ် ထပ်မံ ဝေးကွာသွားခဲ့ရပြီ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပွဲချိန် ၁၅ မိနစ်မှာ ဂိုးသမား ဗာဆေးလ်ရဲ့ ပေးပို့မှု အမှားကို ဘာရယ်လာက ဖြတ်ယူပြီး မွိုက်စ် ကင်းန်ဆီ ပေးပို့ခဲ့ရာ၊ ကင်းန်က လှပတဲ့ ကန်ချက်နဲ့ အီတလီ အတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ၄၁ မိနစ်မှာ အီတလီ အတွက် အချိုးအကွေ့ ဖြစ်စေခဲ့တဲ့ အနီကတ် ပြဿနာ ဖြစ်ပေါ်ခဲ့ပါတယ်။ မီမစ် ပြေးထွက်သွားတာကို ဘတ်စ်တိုနီက Last Defender အဖြစ် ဖျက်ထုတ်ခဲ့တာကြောင့် ဒိုင်လူကြီး ကလီမန့် တာပင်က တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခဲ့ပါတယ်။

ဆာဂေး ဘာဘာရက်ဇ် ဦးဆောင်တဲ့ ဘော့စနီးယား အသင်းဟာ ဇွန်လ ၁၁ ရက်နေ့မှာ အိမ်ရှင် ကနေဒါနဲ့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ် အဖြစ် ကစားရမှာ ဖြစ်ပါတယ်။
ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ဘော့စနီးယားကို ပင်နယ်တီနဲ့ ရှုံးပြီ ကမ္ဘာ့ဖလားနဲ့ လွဲခဲ့တဲ့ အီတလီ

ဒုတိယပိုင်းမှာ တစ်ယောက် အသာရသွားတဲ့ ဘော့စနီးယားက ပြိုင်ဘက်ကို တရစပ် ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ အီတလီ ဂိုးသမား ဂျီယန်လူဝီဂျီ ဒွန်နာရမ်းမာက အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ပေမယ့်လည်း ၇၉ မိနစ်မှာ အီဒင် ဒီဂျက်ကိုရဲ့ ခေါင်းတိုက်ချက်ကို ပုတ်ထုတ်ရာ ကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို တာဘာကိုဗစ်က အပိုင် ပိတ်သွင်းကာ ချေပဂိုး ရယူခဲ့ပါတယ်။

ပင်နယ်တီ အဆုံးအဖြတ်ကို အက်စ်ပိုစီတိုနဲ့ ခရစ္စတန်တေးတို့ ဝင်အောင် မကန်သွင်းနိုင်ခဲ့ပဲ ဘော့စနီးယားရဲ့ ဘာဂျာတာရီဗစ်က အဆုံးအဖြတ် ပင်နယ်တီကို ဂိုးဝင်အောင် ကန်သွင်းကာ မြောက်အမေရိဆီ သွားရမယ့် ကမ္ဘာ့ဖလား လက်မှတ်ကို အရယူပေးနိုင်ခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

အီတလီ လက်ရွေးစင် အသင်းဟာ ကမ္ဘာ့ဖလား ၃ ကြိမ် ဆက်တိုက် လွဲချော်ခဲ့တဲ့ ပထမဆုံး ချန်ပီယံဟောင်း အသင်း ဖြစ်လာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်တွင် ချန်ပီယံ ဖြစ်ပြီး နောက်ပိုင်း ၎င်းတို့ဟာ ကမ္ဘာ့ဖလား နောက်ဆုံး အဆင့် ပွဲစဉ် ကစားရခြင်း မရှိတာက ၂၄ နှစ် အထိ ကြာမြင့်သွားခဲ့ပြီ ဖြစ်ပါတယ်။ မွိုက်စ် ကင်းန်က အီတလီ လက်ရွေးစင် အသင်း အတွက် ၆ ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ အီတလီ အသင်း သမိုင်းမှာ စတုတ္ထမြောက် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘော့စနီးယားက တစ်ယောက် အသာနဲ့ အီတလီကို အသာစီးရယူခဲ့ရာ ဂိုးပေါက် ခြိမ်းခြောက်မှု ၃၀ ကြိမ် (ဂိုးပေါက်တည့်မှု ၁၁ ကြိမ်) အထိ ရှိခဲ့ပြီး၊ အီတလီက ၉ ကြိမ် (ဂိုးပေါက်တည့်မှု ၃ ကြိမ်) သာ ရှိခဲ့သည်။

 

လာမယ့် ပွဲစဉ်များ

ဆာဂေး ဘာဘာရက်ဇ် ဦးဆောင်တဲ့ ဘော့စနီးယား အသင်းဟာ ဇွန်လ ၁၁ ရက်နေ့မှာ အိမ်ရှင် ကနေဒါနဲ့ ကမ္ဘာ့ဖလား အဖွင့် ပွဲစဉ် အဖြစ် ကစားရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ကာတာ၊ ဆွစ်ဇာလန် တို့နဲ့ ဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ တဖက် မှာလည်း အီတလီ ကတော့ April Fool မဟုတ်ပဲ အမှန်တကယ် ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်