လစ်ဗာပူးလ် တိုက်စစ်မှူး ဟူဂို အစ်ကီတီကေး ကတော့ တံကောက်ကြော ဒဏ်ရာကြောင့် ပရီးမီးယားလိဂ် လက်ကျန် ပွဲစဉ်တွေ သာမက လာမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲ ကိုပါ လွဲချော်တော့မှာပါ။ အစ်ကီတီကေးရဲ့ ဒဏ်ရာနဲ့ ပတ်သတ်လို့ ပြင်သစ် ဘောလုံးအဖွဲ့ချုပ်က သူတို့ရဲ့ ကစားသမားဟာ လာမယ့် ကမ္ဘာ့ဖလား ခရီးစဉ်ကို လွဲချော်တော့မှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ အင်္ဂါနေ့က ကစားခဲ့တဲ့ ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ် ပွဲစဉ် ပထမပိုင်း အတွင်း အစ်ကီတီကေးဟာ ကွင်းအတွင်း ပြိုင်ဘက် ကစားသမားနဲ့ ထိခိုက်မှု မရှိပဲ ဘောလုံး မရှိတဲ့ နေရာမှာ လဲကျသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် သူ့ကို ထမ်းစင်နဲ့ ကွင်းပြင်ဆီ သယ်ဆောင်သွားခဲ့ရပြီး သတင်းတွေရဲ့ ဖော်ပြချက်အရ အစ်ကီတီကေးဟာ ညာဘက် တံကောက်ကြော ပြတ်တောက်သွားခဲ့တာ ဖြစ်ပြီး အနည်းဆုံး ၉ လခန့် အနားယူရဖွယ် ရှိနေပါတယ်။
အစ်ကီတီကေးရဲ့ ဒဏ်ရာနဲ့ ပတ်သတ်လို့ ပြင်သစ် နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်က “ကံမကောင်းစွာနဲ့ပဲ အစ်ကီတီကေးရဲ့ ဒဏ်ရာ ပြင်းထန်မှုကြောင့် သူဟာ လစ်ဗာပူးလ်နဲ့ အတူ ရာသီကုန် အထိ ကစားနိုင်မှာ မဟုတ်သလို ကမ္ဘာ့ဖလား မှာလည်း ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။” လို့ ထုတ်ပြန်ချက် အတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အဲဒီနောက် “ဒီဒဏ်ရာဟာ သူ့အတွက်ရော ပြင်သစ် လက်ရွေးစင် အသင်း အတွက်ပါ ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခုပါ။ ကျွန်တော်နဲ့ နည်းပြ အဖွဲ့ဝင် အားလုံးက သူ့ကို အပြည့်အဝ ထောက်ခံ အားပေးကြောင်း ပြောကြားလိုပါတယ်။” လို့ ၎င်းက ဆက်လက် ပြောဆိုခဲ့ပါတယ်။
လစ်ဗာပူးလ် အသင်း ဘက်က ဒဏ်ရာ အခြေအနေကို အသေးစိတ် အတည်မပြုရသေးပါဘူး ဒါပေမယ့်လည်း လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် (၅) နေရာမှာ ရပ်တည်နေပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ကြိုးပမ်းနေတဲ့ လစ်ဗာပူးလ် အတွက် အစ်ကီတီကေး မပါဝင်နိုင်ခြင်းမှာ ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်။ အစ်ကီတီကေးဟာ လစ်ဗာပူးလ်ကို ရောက်ရှိလာတဲ့ ပထမဆုံး ရာသီ မှာတင်ပဲ ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ၁၇ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားပါတယ်။ အစ်ကီတီကေးဟာ ပြင်သစ် လက်ရွေးစင် အသင်း အတွက် ၂၀၂၅ ခုနှစ် ဩဂုတ်လမှာ စတင် ကစားခွင့်ရခဲ့ပြီး ၈ ပွဲ ကစားရာမှာ ၂ ဂိုး သွင်းယူထားပါတယ်။
ပြင်သစ် အသင်းနဲ့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် အသင်းဖော် ဖြစ်တဲ့ အီဘရာဟီမာ ကိုနာတေးက “ဒါဟာ တကယ်ကို ဆိုးရွားတဲ့ ကိစ္စပါ။ ကမ္ဘာ့ဖလား ကလည်း နီးနေပြီ ဆိုတော့ သူ့အတွက် တကယ်ကို ခက်ခဲတဲ့ အချိန် ဖြစ်ပါလိမ့်မယ်။ ကျွန်တော် သူ့အတွက် ဆုတောင်းပေးနေပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
သေချာတာ ကတော့ ရာသီကုန် အထိ အနားယူရတော့မယ့် အစ်ကီတီကေးဟာ လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် ထိပ်ဆုံး ၅ သင်း စာရင်း ဝင်ရေး မျှော်လင့်ချက်နဲ့ ပြင်သစ်ရဲ့ ကမ္ဘာ့ဖလား မျှော်လင့်ချက် ခရီးစဉ်တွေ အတွက် သက်ရောက်မှုတွေ ရှိလာနိုင်ပြီ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


