နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ဒုတိယအကြိမ် နှစ်ဦးနှစ်ဖက် သဘောတူညီချက်နဲ့ လာဇီယိုနဲ့ လမ်းခွဲခဲ့တဲ့ ဆာရီ | စီးရီးအေ

မော်ရီဇီယို ဆာရီ နဲ့ လာဇီယိုတို့တို့ ချုပ်ဆိုထားတဲ့ စာချုပ်ကို နှစ်ဦး သဘောတူ ဖျက်သိမ်းလိုက်ပြီ ဖြစ်တာကြောင့် သူ့ရဲ့ ဒုတိယအကြိမ်မြောက် လာဇီယို နည်းပြဘဝ သက်တမ်းက ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ စီးရီးအေ ကလပ်ဟာ အသက် ၆၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ဆာရီ အပါအဝင် သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေရဲ့ စာချုပ်တွေကိုပါ နှစ်ဦး သဘောတူ ဖျက်သိမ်းဖို့ သဘောတူညီခဲ့တာပါ။

ဗုဒ္ဓဟူးနေ့မှာ စာချုပ်ဖျက်သိမ်းကြောင်း အတည်ပြု ကြေညာခဲ့ပြီးနောက် ထွက်ခွာသွားခဲ့တဲ့ ဆာရီက အတ္တလန္တာကို ဆက်လက် ကိုင်တွယ်ဖွယ် ရှိကြောင်း သတင်းတွေက ဖော်ပြလျက် ရှိပါတယ်။ ဆာရီက ၂၀၂၁ ခုနှစ် ကနေ ၂၀၂၄ ခုနှစ် အထိ လာဇီယိုကို ပထမအကြိမ် စတင် ကိုင်တွယ်ခဲ့ပြီး သူ့ရဲ့ ဒုတိယမြောက် ရာသီမှာ အသင်းကို စီးရီးအေ ပြိုင်ပွဲရဲ့ ဒုတိယနေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒီရလဒ်ဟာ ၁၉၉၉-၂၀၀၀ ရာသီမှာ လာဇီယို အသင်း စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့ပြီး နောက်ပိုင်း အမှတ်ပေးပြိုင်ပွဲမှာ အမြင့်မားဆုံး ရရှိခဲ့တဲ့ အဆင့်လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီအချိန်က ပြိုင်ပွဲစုံ ၆ ပွဲမှာ ၅ ပွဲ အထိ ရှုံးနိမ့်ခဲ့တဲ့ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် တာဝန်ယူပြီး တစ်နှစ် မပြည့်ခင် အချိန်မှာပဲ သူ့ရဲ့ ရာထူး ကနေ နှုတ်ထွက်ခဲ့ရဖူးပါတယ်။

နာပိုလီနဲ့ ဂျူဗင်တပ်စ် နည်းပြဟောင်း ဖြစ်တဲ့ ဆာရီက ပြီးခဲ့တဲ့ ဇွန်လ ကမှ အီတလီ မြို့တော် ကလပ် လာဇီယိုထံ ဒုတိယအကြိမ် အဖြစ် ပြန်လည် ရောက်ရှိလာခဲ့ပြီး ဒီရာသီမှာ အသင်းကို ကိုပါအီတာလီယာ ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ရှုံးနိမ့်ခဲ့ရသလို၊ စီးရီးအေ အမှတ်ပေးဇယား မှာလည်း အဆင့် ၉ နေရာနဲ့သာ ရာသီသိမ်းနိုင်ခဲ့တာကြောင့် ရလဒ်ပိုင်း အရ အားရစရာ မရှိဘဲ ၂၀၂၆-၂၀၂၇ ရာသီ အတွက် ဥရောပ ပြိုင်ပွဲ ဝင်ခွင့်တွေနဲ့ လွဲချော်ခဲ့ရပါတယ်။

လာဇီယိုရဲ့ ထုတ်ပြန်ချက်မှာတော့ “အသင်း အနေနဲ့ နည်းပြချုပ် မော်ရီဇီယို ဆာရီ အပါအဝင် သူ့ရဲ့ နည်းပြ အဖွဲ့ဝင်တွေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေကို နှစ်ဦးသဘောတူ ဖျက်သိမ်းဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်” လို့ ဖော်ပြထားပါတယ်။ ဒါအပြင် အသင်းက X လူမှုကွန်ရက် စာမျက်နှာပေါ်မှာ “အရာအားလုံး အတွက် ကျေးဇူးတင်ပါတယ် Commander ဆိုတဲ့ စာသားနဲ့ အတူ ဗီဒီယို တစ်ခု ကိုလည်း တင်ခဲ့ပါတယ်။

ဒီရလဒ်ဟာ ၁၉၉၉-၂၀၀၀ ရာသီမှာ လာဇီယို အသင်း စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့ပြီး နောက်ပိုင်း အမှတ်ပေးပြိုင်ပွဲမှာ အမြင့်မားဆုံး ရရှိခဲ့တဲ့ အဆင့်လည်း ဖြစ်ပါတယ်။
လာဇီယိုကို နှစ်ကြိမ်တိုင်တိုင် ကိုင်တွယ်ခဲ့တဲ့ ဆာရီ

ဆာရီက အတ္တလန္တာ အသင်းရဲ့ နည်းပြ ရာဖေးလ် ပယ်လာဒီနိုရဲ့ နေရာကို အစားထိုး ဝင်ရောက် ကိုင်တွယ်ဖွယ် ရှိနေပြီး ခရစ္စတီယာနို ဂျွန်တိုလီ ကလည်း တိုနီ ဒီအာမီကိုရဲ့ နေရာမှာ အားကစားဒါရိုက်တာ အဖြစ် အစားထိုး တာဝန်ယူဖွယ် ရှိနေပါတယ်။ တစ်ဖက် မှာလည်း လာဇီယိုက ဆာရီရဲ့ နေရာမှာ အစားထိုးဖို့ အတွက် အီတလီ လက်ရွေးစင် အသင်း နည်းပြဟောင်း ဂျန်နာရို ဂတ်တူဆိုနဲ့ သဘောတူညီမှု ရရှိထားပြီ ဖြစ်ကြောင်း သိရပါတယ်။

ဒီလို ပြောင်းရွှေ့ရင်တော့ လောလောဆယ် အတ္တလန္တာရဲ့ အားကစားဒါရိုက်တာ အဖြစ် ခန့်အပ်ခံထားရတဲ့ ခရစ္စတီယာနို ဂျွန်တိုလီနဲ့ ပြန်လည် လက်တွဲခွင့် ရရှိမှာ ဖြစ်ပါတယ်။

ဆာရီနဲ့ ဂျွန်တိုလီ တို့ဟာ နာပိုလီမှာ အတူတူ လက်တွဲကာ အောင်မြင်တဲ့ ရာသီတွေကို ဖြတ်သန်းခဲ့ဖူးသူတွေ ဖြစ်ကြပါတယ်။ နာပိုလီ အသင်း ကိုယ်တိုင်လည်း အန်တိုနီယို ကွန်တီရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် တစ်ဦး ရှာဖွေနေပေမယ့်လည်း၊ ဆာရီ အနေနဲ့ နာပိုလီကို မပြန်ဘဲ အတ္တလန္တာကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ခြင်းက ဂျွန်တိုလီနဲ့ ပြန်လည် လက်တွဲလိုခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

တစ်ဖက်မှာလည်း အတ္တလန္တာ အသင်းဟာ လက်ရှိ နည်းပြ ပယ်လာဒီနိုနဲ့ လမ်းခွဲမယ့် ကိစ္စ အတွက် တစ်စုံတစ်ရာ ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။ အတ္တလန္တာ အသင်းက နည်းပြဟောင်း ဖြစ်တဲ့ အိုင်ဗန် ဂျူရစ်ရဲ့ စာချုပ် ဖျက်သိမ်းကြေးကို အခုထက်ထိ ပေးချေနေရဆဲ ဖြစ်တာကြောင့် အသင်းရဲ့ အသုံးစရိတ် ဘတ်ဂျက်တွေက အကန့်အသတ် ဖြစ်နေပြီး ရုန်းကန်နေရကြောင်း TMW က ဖော်ပြထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်