နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အေစီမီလန် ကနေ ထွက်ခွာနိုင်ဖွယ် ရှိတဲ့ အခြေအနေ အပေါ် ဆွေးနွေးထားကြောင်း ရာဖေးလ် လီယာအို အတည်ပြု | စီးရီးအေ

စီးရီးအေ ကလပ် အေစီမီလန်မှာ ရာဖေးလ် လီယာအိုရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ဝေဖန်သံတွေ ထွက်ပေါ်နေတာ လအနည်းငယ် ကြာမြင့်နေခဲ့ပြီ ဖြစ်ပါတယ်။ ပေါ်တူဂီ တိုက်စစ်မှူး ကိုယ်တိုင် ကလည်း စိန်ခေါ်မှု အသစ် တစ်ခုကို ရင်ဆိုင်ဖို့ အသင့်ရှိနေကြောင်း မကြာခဏဆိုသလို ထုတ်ဖော် ပြောကြားထားခဲ့တာပါ။

ဒီနွေရာသီမှာ အေစီမီလန် ကနေ ထွက်ခွာနိုင်ခြေနဲ့ ပတ်သက်လို့ အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီး ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း ရှေ့ဆက် ဘာဖြစ်လာမယ် ဆိုတာ မသိသေးကြောင်း အသက် ၂၇ နှစ် အရွယ် တိုက်စစ်မှူးက ဆိုထားပါတယ်။ ဆန်စီရိုမှာ ၂ နှစ် သက်တမ်း ကျန်ရှိနေသေးတဲ့ လီယာအိုကို ခေါ်ယူဖို့ ဖီနာဘာချီ၊ ဂါလာတာဆာရေးနဲ့ တော့တင်ဟမ်ဟော့စပါး အသင်းတွေက စိတ်ဝင်စားနေကြကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

လီယာအိုဟာ ၂၀၁၉ ခုနှစ်က လိုင်လီ ကနေ အေစီမီလန်ကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်း အတွက် ၂၉၁ ပွဲ ပါဝင် ကစားကာ ဂိုး ၈၀ သွင်းယူပြီး ဂိုးဖန်တီးမှု ၅၅ ကြိမ် ပြုလုပ်ပေးထားပါတယ်။ လီယာအိုဟာ သူရောက်ရှိလာချိန်က စလို့ မီလန် ကစားသမားတွေထဲမှာ သွင်းဂိုးနဲ့ ဖန်တီးမှု အများဆုံး ကစားသမား အဖြစ် စံချိန်တင်ထားပါတယ်။ သူဟာ စီးရီးအေ ပြိုင်ပွဲတစ်ခုတည်းမှာတင် ၁၀၇ ဂိုးမှာ တိုက်ရိုက် ပါဝင်ပတ်သက်ခဲ့သူ ဖြစ်ပါတယ် (၆၄ ဂိုးသွင်း၊ ၄၃ ဂိုးဖန်တီး)။ ဒါဟာ ၂၀၁၉-၂၀ ရာသီ နောက်ပိုင်း စီးရီးအေရဲ့ ၆ ဦးမြောက် အကောင်းဆုံး စံချိန်ရှင်လည်း ဖြစ်ပါတယ်။

မက်ဆီမီလီယာနို အယ်လီဂရီ လက်ထက် အေစီမီလန် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက စီးရီးအေ အဆင့် ၅ နေရာနဲ့သာ ပြီးဆုံးခဲ့ရပါတယ်။ ဒါကြောင့် မီလန်ဟာ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး ဒီရာသီ အတွက် အယ်လီဂရီရဲ့ နေရာမှာ ရူဘင် အမော်ရင်ကို အစားထိုး ခန့်အပ်ထားခဲ့ပါတယ်။

မက်ဆီမီလီယာနို အယ်လီဂရီ လက်ထက် အေစီမီလန် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက စီးရီးအေ အဆင့် ၅ နေရာနဲ့သာ ပြီးဆုံးခဲ့ရပါတယ်။
တော့တင်ဟမ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ ပစ်မှတ် ဖြစ်နေတဲ့ လီယာအို

နွေရာသီ အပြောင်းအရွှေ့ ပိတ်သိမ်းချိန်မှာ ဘယ်အသင်း အတွက် ကစားပေးရမလဲ ဆိုတာ မရေရာသေးပေမယ့် မီလန်မှာ ရှိနေသမျှ ကာလပတ်လုံး အသင်း အတွက် အစွမ်းကုန် ဆက်လက် ပေးဆပ်သွားမယ်လို့ လီယာအိုက အာမခံခဲ့ပါတယ်။ “အတွေ့အကြုံအသစ် တစ်ခု စိန်ခေါ်ကြည့်ချင်တဲ့ အကြောင်းနဲ့ ပတ်သက်လို့ အသင်းနဲ့ ဆွေးနွေးထားပြီးပါပြီ” ဟု လီယာအိုက ဘရာဇီးလ် ပေါ့ဒ်ကတ်စ် တစ်ခု ဖြစ်တဲ့ Podpah မှာ ပြောကြားခဲ့ကြောင်း La Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။

“ရှေ့ဆက် ဘာဖြစ်လာမလဲတော့ ကျွန်တော် မသိသေးပါဘူး။ ဇူလိုင် ၂၉ ရက်မှာ မီလန်နယ်လိုကို သတင်းပို့ရမှာ ဖြစ်ပြီး အဲဒီမှာ ရှိနေသမျှ ကာလပတ်လုံး အရာရာကို ပေးအပ်ခဲ့တဲ့ ဒီအသင်းရဲ့ ဂျာစီကို လေးစားတဲ့ အနေနဲ့ အမြဲတမ်း အစွမ်းကုန် ကြိုးစားသွားမှာပါ။ ဒီကလပ်ဟာ နည်းလမ်း ပေါင်းစုံနဲ့ ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တဲ့ အသင်းပါ။ ဒါပေမယ့် ဘဝမှာ အခြား ရည်မှန်းချက်တွေလည်း ရှိသေးတာပေါ့။ ရွေးချယ်စရာတွေကို သေချာ လေ့လာသွားမှာ ဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ကျွန်တော်ဟာ မီလန် ကစားသမား တစ်ဦးပါပဲ။” လို့ လီယာအိုက ဆိုပါတယ်။

အေစီမီလန်ဟာ သြဂုတ် ၂၃ ရက်မှာ တိုရီနို အသင်းနဲ့ စီးရီးအေ ရာသီသစ် ပွဲစဉ် မစတင်မီ ရာသီကြို ခြေစမ်းပွဲတွေ အဖြစ် ဆဲလ်တစ်၊ အင်တာမီလန်၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက် တို့နဲ့ ရင်ဆိုင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်