ပီအက်စ်ဂျီ ကတော့ စီးရီးအေ ကလပ် နာပိုလီ တောင်ပံ တိုက်စစ်ကစားသမား ခါဗစ်ချာ ခါဗရာစခီလီယာကို ခေါ်ယူနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီက ဂျော်ဂျီယာ ကြယ်ပွင့်ကို မနေ့ကပဲ တရားဝင် မိတ်ဆက်သွားခဲ့တာ ဖြစ်ပြီး ၂၀၂၉ ခုနှစ် အထိ စာချုပ်ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ပြင်သစ် ကလပ်ဟာ အသက် ၂၂ နှစ် အရွယ်သာ ရှိနေသေးတဲ့ ဂျော်ဂျီယာ လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၇၀ + အပိုဆုကြေး ပေးကာ ခေါ်ယူခဲ့ရတာလည်း ဖြစ်ပါတယ်။
ခါဗရာစခီလီယာဟာ နာပိုလီ ကနေ ထွက်ခွာခွင့်ရဖို့ ကိုယ်တိုင် တောင်းဆိုခဲ့ပြီးတော့ နည်းပြ အန်တိုနီယို ကွန်တီနဲ့ အသင်း ဘက်က လက်လွှတ်ဖို့ အတွက် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ခါဗရာစခီလီယာ အနေနဲ့ သူ့ကို ခေါ်ယူချင်တဲ့ ကလပ် အသင်း များစွာ ထဲကမှ ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ ကိုသာ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာလည်း ဖြစ်ပါတယ်။ ခါဗရာစခီလီယာ ကိုတော့ ပီအက်စ်ဂျီ အပြင် ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာယူနိုက်တက်၊ လစ်ဗာပူးလ်နဲ့ ချဲလ်ဆီး တို့ကလည်း စိတ်ဝင်စားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမား ကတော့ ပီအက်စ်ဂျီ ကိုသာ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်ခဲ့ပြီး ဂျော်ဂျီယာသားက စီးရီးအေ ကလပ် နာပိုလီမှာ ရခဲ့တဲ့ လုပ်ခလစာထက် ၅ ဆ နီးပါး တိုးမြှင့် ရရှိသွားဖို့လည်း ရှိနေပါတယ်။
အသက် ၂၃ နှစ် အရွယ် ခါဗစ်ချာ ခါဗရာစခီလီယာ ကတော့ နာပိုလီမှာ တတိယမြောက် ရာသီကို ဖြတ်သန်းခဲ့ပြီးတော့ ပြိုင်ပွဲစုံ ၁၀၇ ပွဲ ကစားရာမှာ ဂိုး ၃၀ သွင်းယူခဲ့ပါတယ်။ ဒီကစားသမားဟာ ဘယ်တောင်ပံ နေရာမှာ အဓိက ကစားသူ ဖြစ်ပေမယ့် အထောင် တိုက်စစ်နဲ့ ကွင်းလယ် တိုက်စစ် နေရာတွေ မှာလည်း ကစားနိုင်သူ ဖြစ်ပါတယ်။
တစ်ဖက်မှာ စီးရီးအေ ကလပ် ကလည်း လစ်လပ်သွားတဲ့ ခါဗရာစခီလီယာ နေရာမှာ အစားထိုးဖို့ တောင်ပံ ကစားသမား တစ်ဦး ရှာဖွေနေပြီ ဖြစ်ပါတယ်။ နည်းပြ အန်တိုနီယို ကွန်တီ ကတော့ မန်ချက်စတာယူနိုက်တက်က မားကပ်စ် ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် နာပိုလီက လူငယ် တောင်ပံ တိုက်စစ် ကြယ်ပွင့် ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒီပမာဏက ယူနိုက်တက်တို့ အလိုရှိနေတဲ့ ပမာဏနဲ့ တော်တော်လေး ကွာဟနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ခဲယဉ်းနေတယ်လို့ သိရပါတယ်။
ဂါနာချိုကို ခေါ်ယူဖို့ အတွက် နာပိုလီ အပြင် ဂျူဗင်တပ်စ်နဲ့ အက်တလက်တီကိုမက်ဒရစ် တို့ကလည်း စိတ်ဝင်စားနေပြီး လက်ရှိမှာ နာပိုလီ ကသာ ကမ်းလှမ်းထားခဲ့တာ ဖြစ်ပါတယ်။ နာပိုလီဟာ ဂါနာချို အတွက် ပထမတစ်ကြိမ် ကမ်းလှမ်းမှု ပယ်ချခံလိုက်ရတာကြောင့် ဒုတိယအကြိမ် ကမ်းလှမ်းလာဖွယ် ရှိပေမယ့် ပေါင်သန်း ၆၀ ထက်တော့ ပိုပြီး သုံးစွဲလိုခြင်းတော့ မရှိဘူးလို့ သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.