စီးရီးအေ ကလပ် နာပိုလီ ကတော့ အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ခါဗစ်ချာ ခါဗရာစခီလီယာရဲ့ နေရာမှာ အစားထိုးဖို့ ကစားသမားသစ် ရှာဖွေနေပါတယ်။ နာပိုလီက မန်ချက်စတာယူနိုက်တက် လူငယ် တောင်ပံတိုက်စစ် ကြယ်ပွင့် ဂါနာချိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီပမာဏက ယူနိုက်တက်တို့ အလိုရှိနေတဲ့ ပမာဏနဲ့ တော်တော်လေး ကွာဟနေတာကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ခဲယဉ်းနေတယ်လို့ သိရပါတယ်။
နာပိုလီ နည်းပြ အန်တိုနီယို ကွန်တီဟာ ခါဗရာစခီလီယာရဲ့ နေရာ အတွက် ဂါနာချိုနဲ့သာ အစားထိုးချင်နေပြီး အရ ခေါ်ယူပေးဖို့လည်း အသင်း ဘက်က တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒါကြောင့် စီးရီးအေ ကလပ်ရဲ့ တာဝန်ရှိသူတွေက ဂါနာချိုကို ခေါ်ယူဖို့ ယူနိုက်တက်ထံ ယူရို ၄၅ သန်းနဲ့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ် အရွယ် ဂျော်ဂျီယာ လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား ခါဗရာစခီလီယာ ကတော့ လက်ရှိ ဇန်နဝါရီမှာ အသင်း ကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားသူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကစားသမားက ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီ အသင်းထံ ယူရို ၇၅ သန်းနဲ့ ပြောင်းရွှေ့ဖို့လည်း သဘောတူညီမှု ရရှိထားကြောင်း သတင်းတွေမှာ အတည်ပြုထားပါတယ်။
ယူနိုက်တက် ကတော့ ဂါနာချိုကို လက်မလွှတ်ချင်ပေမယ့် ပရီးမီးယားလိဂ်ရဲ အမြတ်အစွန်းနှင့် ရေရှည် တည်တံ့ရေး စည်းမျဉ်း (PSR)နဲ့ ကိုက်ညီစေဖို့ အတွက် အသင်းရဲ့ ကစားသမား တချို့ကို ရောင်းထုတ်ရဖို့ ရှိနေတာပါ။ ယူနိုက်တက်ဟာ ဝယ်ယူထားတဲ့ ကစားသမားတွေထက် အသင်းရဲ့ အကယ်ဒမီထွက် ကစားသမား ဂါနာချိုကို ရောင်းချမယ် ဆိုရင် အသားတင် အမြတ်ငွေ ရရှိမှာ ဖြစ်တာကြောင့် အခုလိုမျိုး စီစဉ်နေရတာလည်း ဖြစ်ပါတယ်။
သတင်းတွေ အရ ဆိုရင်တော့ ယူနိုက်တက်က အလက်ဟန်ဒရို ဂါနာချို အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ အထိ အလိုရှိနေတယ်လို့လည်း သိရသည်။ ဒါကြောင့် စီးရီးအေ ကလပ် နာပိုလီ ဘက်က ကမ်းလှမ်းလာတဲ့ ယူရို ၄၅ သန်း ကတော့ သေချာပေါက် အဆင်ပြေနိုင်မှာ မဟုတ်တဲ့ေ ကြးမျိုးလည်း ဖြစ်ပါတယ်။ အီတလီ မီဒီယာ တစ်ခု ဖြစ်တဲ့ Corriere dello Sport ရဲ့ ဖော်ပြချက်အရ နာပိုလီက ဂါနာချို အတွက် တိုးမြှင့် ကမ်းလှမ်းရမယ် ဆိုရင်လည်း ယူရို သန်း ၆၀ ထက် ပိုပေးဖို့ အစီအစဉ် မရှိကြောင်း သိရပါတယ်။
အစောပိုင်း သတင်းတွေ မှာတော့ ယူနိုက်တက်က ပီအက်စ်ဂျီ ဘယ်နောက်ခံလူ နူနို မန်းဒက်စ်ကို ခေါ်ယူချင်နေတာကြောင့် ဂါနာချိုကို အလိုက်ပေး ကမ်းလှမ်းဖို့ ရှိနေတယ်လို့လည်း ဖော်ပြနေကြပါတယ်။ ပီအက်စ်ဂျီ ဘက်က နူနို မန်းဒက်စ် အတွက် ယူရို ၆၅ သန်း ဝန်းကျင် အလိုရှိနေတာကြောင့် ယူနိုက်တက် အနေနဲ့ ဂါနာချိုကို အလိုက်ပေး ကမ်းလှမ်းမယ်လို့ သတင်းတွေ ဖော်ပြနေကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သတင်းတွေ ကတော့ လက်ရှိ အချိန်ထိ အတည်ပြုလို့ မရသေးပါဘူး။
ဂါနာချိုကို ခေါ်ယူဖို့ အတွက် နာပိုလီ အပြင် ဂျူဗင်တပ်စ်နဲ့ အက်တလက်တီကိုမက်ဒရစ် တို့ကလည်း စိတ်ဝင်စားနေပြီး နာပိုလီ ကသာ ကမ်းလှမ်းထားခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.