ဒီဇင်ဘာ ၁၁ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေရဲ့ စိတ်ဝင်စားဖွယ် သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
စီးရီးအေ ကလပ် အေစီမီလန်ရဲ့ ဂိုးသမား မိုက်ခ် မိုက်ဂ်နွန် ကိုတော့ လစ်ဗာပူးလ်က ချဲလ်ဆီးနဲ့ အပြိုင် ခေါ်ယူချင်နေကြောင်း သိရပါတယ်။ လစ်ဗာပူးလ် အနေနဲ့ ပြင်သစ် ဂိုးသမားနဲ့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် တစ်ဖက် မှာလည်း အလီဆွန်ကို ဆုံးရှုံးရနိုင်တယ်လို့ ထင်ကြေးပေးမှုတွေ ရှိလာပါတယ်။
ချဲလ်ဆီး ကတော့ နွေရာသီ တစ်လျှောက်လုံး ဘာစီလိုနာက မာ့ခ် ကာဆာဒိုရဲ့ အပြောင်းအရွှေ့ကို စောင့်ကြည့်လျက် ရှိပြီး လာမယ့် ဆောင်းရာသီ မှာတော့ ပိုပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ချဉ်းကပ်ဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။

စီးရီးအေ ကလပ် အင်တာမီလန် အသင်းခေါင်းဆောင် လော်တာရို မာတီနက်ဇ် ကတော့ စိန်ခေါ်မှု အသစ် တစ်ခုကို ရှာဖွေနေတယ်လို့ သိရပါတယ်။ အာဂျင်တီးနားသား ကတော့ ရောဘတ် လီဝမ်ဒေါစကီးရဲ့ နေရာမှာ အစားထိုးဖို့ နောက် နွေရာသီမှာ ဘာစီလိုနာထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း El Nacional က ဖော်ပြပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ အီဒါ မီလီတာအိုရဲ့ နေရာမှာ အစားထိုးဖို့ ဒေါ့မန်က နီကို ရှလော့တ်တာဘက်ခ်ကို စိတ်ဝင်စားနေပါတယ်။ ဒေါ့မန် ကတော့ သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၆၀ (ပေါင် ၅၂.၄ သန်း၊ ဒေါ်လာ ၆၉.၈ သန်း) အထိ တိုးမြှင့်လိုက်ကြောင်း DefensaCentral က ဖော်ပြပါတယ်။
ဂွန်ဆာလို ဂါစီယာ ကတော့ ပွဲထွက် ကစားချိန် ပိုမို လိုချင်တာကြောင့် လာမယ့် ဇန်နဝါရ်မှာ ရီးရဲလ်ဘက်တစ်ကို အငှားနဲ့ ပြောင်းရွှေ့မယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။
အသက် ၃၉ နှစ်အရွယ် ဆာဂျီယို ရာမို့စ်ဟာ လာမယ့် ဇန်နဝါရီလမှာ အလွတ် အေးဂျင့် ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ် ဘက်ကတော့ သူတို့ရဲ့ ကစားသမားကို ပြန်လည် ခေါ်ယူဖို့ အတွက်တော့ ပွင့်ပွင့်လင်းလင်း ငြင်းဆိုထားပါတယ်။
ဖရန့်ဖတ်နဲ့ ပွဲမှာ ဂိုးဖန်တီးမှု တစ်ကြိမ် ပြုလုပ်နိုင်ခဲ့တဲ့ ဘာစီလိုနာ တိုက်စစ်မှူး လာမင်း ယာမယ် ကတော့ ချန်ပီယံလိဂ်မှာ ဂိုးပါဝင် ပတ်သက်မှု ၁၉ ကြိမ် အထိ ရှိလာပြီ ဖြစ်တာကြောင့် အမ်ဘာပေးရဲ့ အသက်အငယ်ဆုံး စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။
မန်ချက်စတာစီးတီး နည်းပြ ပပ် ဂွါဒီယိုလာ ကတော့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့ပေမယ့် ချန်ပီယံလိဂ် ဖလား အကြောင်း ပြောဖို့ စောလွန်းနေသေးကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ် ကွင်းလယ် ကစားသမား ဂျူ့ဒ် ဘယ်လင်ဟမ် ကတော့ မိမိတို့ တစ်သင်းလုံး နည်းပြ အလွန်ဆိုကို ထောက်ခံထားကြောင်း ပြောဆိုလာခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၁၂ က အာဆင်နယ် ကနေ ရော်ဘင် ဗန်ပါစီကို ခေါ်ယူခဲ့သလိုမျိုး ဒီတစ်ခါ မှာလည်း လူငယ် ကြယ်ပွင့် အီသန် နွမ်နရီကို ယူနိုက်တက်တို့ ခေါ်ယူလိုနေကြောင်း သိရပါတယ်။
မန်ချက်စတာစီးတီး ကတော့ ဘုန်းမောက် တိုက်စစ် ကစားသမား အန်တိုနီယို ဆီမီညိုကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီနိုင်ခဲ့ပြီ ဖြစ်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ကစားသမား ကတော့ မန်စီးတီးထက် လစ်ဗာပူးလ်ဆီ ကိုသာ ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေပါတယ်။
မန်ချက်စတာယူနိုက်တက်က ခရစ္စတယ်ပဲလေ့စ် ကြယ်ပွင့် အဒမ် ဝှာတန်ကို ပေါင် ၈၇.၄ သန်းနဲ့ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ စီစဉ်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


