အေစီမီလန် ကတော့ အခုတစ်ပတ် စီးရီးအေ ပွဲစဉ်မှာ ဘိုလော့ဂ်နာကို ၃-၀ နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ဒီပွဲစဉ် အပြီးမှာတော့ နည်းပြ မက်စီမီလီယာနို အယ်လီဂရီက အသင်းရဲ့ အဓိက ကစားသမား နှစ်ဦး ဖြစ်တဲ့ ရူဘင် လော့ဖ်တပ်စ်-ချိခ်နဲ့ ခရစ္စတိုဖာ အန်ကွန်ကူ တို့ရဲ့ ထူးကဲတဲ့ အရည်အသွေးတွေကို ချီးကျူး စကားဆိုလိုက်ပါတယ်။
အင်္ဂါနေ့က ကစားခဲ့တဲ့ ပွဲစဉ်မှာ အေစီမီလန်ဟာ ဘိုလော့ဂ်နာကို ၃-၀ ဂိုးနဲ့ အနိုင်ယူပြီး စီးရီးအေ အမှတ်ပေးဇယား အဆင့် (၂) နေရာကို အခိုင်အမာ ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဆင့် (၃) က လက်ရှိ ချန်ပီယံ နာပိုလီ ကိုလည်း ၄ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ ပွဲကစားချိန် မိနစ် ၂၀ မှာ လော့ဖ်တပ်စ်-ချိခ်က အဖွင့်ဂိုး သွင်းယူခဲ့ပြီး ပထမပိုင်း မပြီးခင်မှာ အန်ကွန်ကူက ပင်နယ်တီ ကနေ တစ်ဆင့် ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။
အဲဒီနောက် ပထမဂိုး အတွက် ဖန်တီးပေးခဲ့တဲ့ အက်ဒရီယန် ရာဘီယော့တ်ကပဲ ဒုတိယပိုင်းမှာ တတိယဂိုးကို ထပ်မံ သွင်းယူခဲ့ပါတယ်။ ရာဘီယော့တ် ကတော့ ဒီရာသီ စီးရီးအေမှာ ၄ ဂိုး သွင်း၊ ၄ ဂိုး ဖန်တီးမှု ပြုလုပ်ထားနိုင်ပါတယ်။ သူဟာ နီကို ပက်ဇ်နဲ့ အတူ ဒီရာသီ စီးရီးအေမှာ အနည်းဆုံး ၄ ဂိုး သွင်း၊ ၄ ဂိုး ဖန်တီးနိုင်တဲ့ ကွင်းလယ်လူ နှစ်ဦး ထဲက တစ်ဦး ဖြစ်လာပါတယ်။
အန်ကွန်ကူ ကတော့ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ၆ ပွဲမှာ ၅ ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။ ဒါဟာ သူအရင်က ကစားခဲ့တဲ့ စီးရီးအေနဲ့ ပရီးမီးယားလိဂ် ၄၈ ပွဲပေါင်း သွင်းဂိုး အရေအတွက်နဲ့ တူညီသွားတာ ဖြစ်ပါတယ်။ လော့ဖ်တပ်စ်-ချိခ် ကတော့ ဘိုလော့ဂ်နာ အသင်းနဲ့ ရင်ဆိုင်ရတိုင်း ခြေစွမ်းပြလေ့ ရှိပြီး စီးရီးအေမှာ ဘိုလော့ဂ်နာ အသင်း ဘက်ကို စုစုပေါင်း ၃ ဂိုး အထိ သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ပွဲအပြီး DAZN နဲ့ အင်တာဗျူးမှာ အယ်လီဂရီက အခုလိုပဲ ပြောကြားခဲ့ပါတယ်။ “အန်ကွန်ကူနဲ့ လော့ဖ်တပ်စ်-ချိခ် တို့ဟာ ထူးကဲတဲ့ အရည်အသွေး ရှိတဲ့ ကစားသမားတွေပါ။ ဘိုလော့ဂ်နာဟာ ခံစစ်ပိုင်း ကျစ်လျစ်ပြီး ကစားပုံ ကောင်းတဲ့ အန္တရာယ် ရှိတဲ့ အသင်း ဖြစ်တာကြောင့် ဒီပွဲကို ကျွန်တော်တို့ အလေးအနက်ထား ကစားခဲ့ရပါတယ်။ ကျွန်တော်တို့ အသင်းသားတွေ တိုက်စစ်ရော ခံစစ်ပါ ကောင်းမွန်ခဲ့ကြပါတယ်။”
ဆက်လက်ပြီး အယ်လီဂရီက “ဒီနေ့ပွဲမှာ အန်ကွန်ကူနဲ့ လော့ဖ်တပ်စ်-ချိခ်တို့ ခြေစွမ်းပြနိုင်ခဲ့လို့ ကျွန်တော်တို့ ဘောလုံးကို ပိုင်ပိုင်နိုင်နိုင် ကစားနိုင်ခဲ့သလို တိုက်စစ် ကိုလည်း နက်နက်ရှိုင်းရှိုင်း ကစာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးကိုင် ကစားတဲ့ အပိုင်း မှာတော့ ဒီထက်ပိုပြီး ကောင်းအောင်လုပ်ဖို့ လိုပါသေးတယ်။” လို့ သုံးသပ်ခဲ့ပါတယ်။
အေစီမီလန်ဟာ အခုပွဲ အပြီးမှာ စုစုပေါင်း ရမှတ် ၅၀ အထိ ရရှိလာခဲ့ပါတယ်။ ပွဲစဉ် ၂၃ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၅၀ ရရှိခဲ့တာဟာ ၁၉၉၄-၁၉၉၅ ရာသီ နောက်ပိုင်း အသင်း သမိုင်းတလျှောက် (၃) ကြိမ်မြောက်သာ ရှိသေးတဲ့ စံချိန်ကောင်း တစ်ခု ဖြစ်ပါတယ်။ (ယခင်က ၂၀၀၃-၂၀၀၄ နဲ့ ၁၉၉၅-၁၉၉၆ ရာသီတွေမှာသာ ရရှိခဲ့ဖူးပါတယ်) ။
နည်းပြ အယ်လီဂရီ ကတော့ “ကျွန်တော် တို့ရဲ့ အဓိက ပန်းတိုင်က အဆင့် ၄ အတွင်း ဝင်ဖို့ ဖြစ်လို့ အခုလို ရမှတ် ၅၀ ကို စောစောစီးစီး ရောက်ရှိတာဟာ အရေးကြီးပါတယ်။ အခု ရလာတဲ့ အားလပ်ရက်မှာ ကစားသမားတွေ အနားယူပြီး ဒဏ်ရာရနေတဲ့သူတွေလည်း အမြန်ဆုံး ပြန်လာနိုင်ဖို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


