အဲလ်နာဆာ ကတော့ မနေ့ညက ကစားခဲ့တဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်မှာ အဲလ်အာလီကို သူတို့ရဲ့ အိမ်ကွင်း Al-Awwal Park မှာ ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ရော်နယ်ဒို၊ ကိုမန် တို့ရဲ့ ဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့ အဲလ်နာဆာက ဒီနိုင်ပွဲကြောင့် ဆော်ဒီပရိုလိဂ် ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ ခြေလှမ်းကြီး တစ်လှမ်း လှမ်းလိုက်နိုင်ပြီလည်း ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
အသက် ၄၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ပွဲကစားချိန် ၇၆ မိနစ်မှာ ခေါင်းတိုက်ကာ အဖွင့်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အဲလ်နာဆာ အနေနဲ့ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယား ဒုတိယနေရာက အဲလ်ဟီလာ အသင်းကို ၈ မှတ်၊ တတိယနေရာက အဲလ်အာလီကို ၁၃ မှတ် ဖြတ်ပြီး ဇယားထိပ်မှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ (ဒါပေမယ့် ဖိအားပေးနေတဲ့ အဆိုပါ အသင်း နှစ်သင်းစလုံးဟာ အဲလ်နာဆာထက် တစ်ပွဲလျော့ ကစားထားကြပါတယ်) ။
ပွဲကစားချိန် ၁၃ မိနစ်မှာ အဲလ်အာလီက မီရီ ဒါမီရယ်လ်ရဲ ခေါင်းတိုက်ချက်ကို အဲလ်နာဆာ ဂိုးသမား ဘန်တို ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဂယ်လီနိုရဲ့ အဝေးကန်ချက် ကလည်း ဂိုးသမား အတွက် အခက်အခဲ မရှိခဲ့ပါဘူး။ ဒုတိယပိုင်း အစမှာလည်း ရီယက်ဒ် မာရက်ဇ် ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း လူကျွံဘော အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။ အခြားတစ်ဖက် မှာလည်း ယာအို ဖီးလစ်က ရရှိလာတဲ့ အခွင့်အရေးကောင်းကို အသုံးမချနိုင်ဘဲ ဘားပေါ်ကျော်ကန်ခဲ့ပါတယ်။

ပွဲကစားချိန် ၆၈ မိနစ် မှာတော့ ယာအို ဖီးလစ် ကန်တင်ပေးတဲ့ ပြစ်ဒဏ်ဘောက တစ်ဦး တစ်ယောက်နဲ့မှ မထိဘဲ လွဲချော်ခဲ့ပေမယ့်လည်း မကြာခင်မှာတော့ အဲ့လ်နာဆာတို့ အဖွင့်ဂိုး ရရှိခဲ့ပါတယ်။ ယာအို ဖီးလစ်ရဲ့ ဖန်တီးပေးမှုက တစ်ဆင့် ရော်နယ်ဒိုက ပါးနပ်စွာနဲ့ ဂိုးထောင့်ထဲကို ခေါင်းတိုက် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီးခါနီး မိနစ် ၉၀ မှာတော့ အေမန် ယာယာရဲ့ အကွက်မြင်မြင် ဖန်တီးပေးမှုက တစ်ဆင့် ကင်စလေ ကိုမန်က ဂိုးသမား အက်ဒ်ဝပ် မန်ဒီရဲ့ အနီးထောင့်ထဲကို အပြင်း ကန်သွင်းကာ အနိုင်ဂိုးကို အတည်ပြုနိုင်ခဲ့ပါတယ်။
ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ
ဒီပွဲမှာ နှစ်ဖက်စလုံး ဂိုးရဖို့ ရုန်းကန်ခဲ့ရပေမယ့်လည်း အဲလ်နာဆာရဲ့ ခံစစ်ကျစ်လျစ်မှုက အဓိကကျခဲ့ပါတယ်။ အဲလ်နာဆာဟာ ကန်ချက် ၇ ကြိမ်မှာ မျှော်မှန်းဂိုး ၀.၅၄ သာ ရှိခဲ့ပြီး အဲလ်အာလီ ကတော့ ကန်ချက် ၄ ကြိမ်မှာ ၀.၁၁ သာ ရှိခဲ့ပါတယ်။
အဲလ်နာဆာဟာ ဒီရာသီမှာ Clean Sheet ၁၇ ပွဲ အထိ ရရှိထားပြီး ဒါဟာ ကလပ်သမိုင်း တစ်လျှောက် ရာသီ တစ်ခု အတွင်း အများဆုံး စံချိန် ဖြစ်နေပါတယ်။ ဒါ့အပြင် အိမ်ကွင်းမှာ ၈ ပွဲအထိ ဂိုးမပေးရအောင် ကစားထားနိုင်ခြင်း ကလည်း စံချိန်သစ် တစ်ခု ဖြစ်လာပါတယ်။
ယာအို ဖီးလစ် ကတော့ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပွဲအတွင်း အခွင့်အရေး ဖန်တီးမှု (၃ ကြိမ်) နဲ့ အများဆုံး ဖြစ်ခဲ့သလို၊ ကန်ချက် (၂ ကြိမ်) နှင့် တစ်ဦးချင်း ကျော်ဖြတ်မှု (၄ ကြိမ်) နဲ့ အသင်း အတွက် အဓိက အခန်းကဏ္ဍ ကနေ ပါဝင်ခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


