နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ် ခံစစ် တံတိုင်းကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အဲလ်နာဆာ | ဆော်ဒီပရိုလိဂ်

ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာ ကတော့ အာဆင်နယ် ဗဟိုခံစစ်မှူး ဂါဘရီရယ် မက်ဂါဟေးစ်ကို ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ တချို့သတင်းတွေ မှာ‌တော့ ဆော်ဒီပရိုလိဂ် ကလပ်ဟာ ဂါဘရီရယ် အတွက် မကြာခင်မှာ ဆွေးနွေးမှုတွေ စတင်ပြီးတော့ ကြီးမားတဲ့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

talkSPORT ကတော့ ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ်ဟာ ဘရာဇီးလ် ဗဟိုခံစစ်မှူးကို ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အသေအချာ ဖော်ပြထားပါတယ်။ ဒါ့အပြင် တစ်နှစ် လုပ်ခ လစာ ယူရို သန်း ၂၀ (ပေါင် ၁၆ သန်း) နီးပါး ပေးချေဖို့ အဆင်သင့် ရှိနေကြောင်း ဖော်ပြပါတယ်။ ဒါဟာ လက်ရှိ ပရီးမီးယားလိဂ် ကလပ်မှာ ဂါဘရီရယ် ရရှိနေတဲ့ လုပ်ခ လစာထက် သုံးဆနီးပါး ပိုများနေတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဆော်ဒီပရိုလိဂ် ကလပ်ဟာ ဂါဘရီရယ်ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ ကနဦး ဆက်သွယ်မှုတွေပါ ပြုလုပ်ထားပြီးပြီလို့လည်း ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။

လက်ရှိမှာ ဆော်ဒီပရိုလိဂ် ကလပ်ဟာ ဂါဘရီရယ်ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ ကနဦး ဆက်သွယ်မှုတွေပါ ပြုလုပ်ထားပြီးပြီလို့လည်း ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။
ဂါဘရီရယ်ကို အလွယ်တကူ လက်လွှတ်သွားဖို့တော့ မရှိတဲ့ အာဆင်နယ်

ဂါဘရီရယ်က လက်ရှိမှာ အာဆင်နယ်နဲ့ ၂၀၂၇ ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပြီးတော့ မြောက်လန်ဒန် ကလပ် ကတော့ ကစားသမားနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်နေပါတယ်။ ဒါ့အပြင် အသစ် ခန့်အပ်ဖို့ ရှိနေတဲ့ အားကစား ဒါရိုက်တာ အန်ဒရီယာ ဘာတာ ကလည်း ဂါဘရီရယ်ရဲ့ စာချုပ် ကိစ္စ ဆွေးနွေးမှုတွေကို သေချာကိုင်တွယ်သွားမယ်လို့ သိရပါတယ်။ အာဆင်နယ် ရပ်ဝန်းက လာတဲ့ သတင်းတွေ မှာတော့ ဂါဘရီရယ်ဟာ ပရီးမီးယားလိဂ် ကလပ်မှာပဲ ပျော်ရွှင်နေပြီးတော့ စာချုပ်သစ် ချုပ်ဆိုဖို့လည်း စိတ်အားထက်သန်နေကြောင်း ဖော်ပြထားပါတယ်။ အကယ်၍ ဘရာဇီးလ် နောက်ခံလူသာ အသင်းနဲ့ စာချုပ် သက်တမ်းမတိုးပဲ နွေရာသီမှာ ဆော်ဒီပရိုလိဂ်ကို ပြောင်းရွှေ့ခဲ့မယ် ဆိုရင်တော့ အာဆင်နယ် ဘက်က သူတို့ရဲ့ ကစားသမား အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ ဝန်းကျင် တောင်းဆိုသွားဖွယ် ရှိနေပါတယ်။

ဂါဘရီယယ်ဟာ ၂၀၂၀ ခုနှစ်မှာ လီဂူးဝမ်း ကလပ် လိုင်လီ ကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီးတော့ လက်ရှိ အချိန်ထိ အသင်းရဲ့ ခံစစ် အတွက် အဓိကကျသူလည်း ဖြစ်ပါတယ်။ ဂါဘရီရယ်က ခံစစ် အသင်းဖော် ဝီလီယံ ဆာလီဘာနဲ့ အတူ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်အတွဲတွေ ထဲက တစ်ခု အဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါ့အပြင် ဂါဘရီရယ်က ဒီရာသီမှာ အသင်း အတွက် ပြိုင်ပွဲစုံ ၄၁ ပွဲ ကစားပြီး ၅ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်ထားပါတယ်။

နည်းပြ မီခဲလ် အာတေးတားရဲ့ အာဆင်နယ် ကတော့ နိုင်ငံတကာ ပွဲစဉ်တွေ အပြီး လာမယ့် ဧပြီလ ၂ ရက်နေ့မှာ ဖူလ်ဟမ်၊ ၅ ရက်နေ့မှာ အဲဗာတန် တို့နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကစားရမှာ ဖြစ်ပါတယ်။ ဒီပွဲတွေ အပြီး မှာတော့ အာဆင်နယ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် ရီးရဲလ်မက်ဒရစ်ကို အမ်းမရိတ်စ်မှာ ရင်ဆိုင် သွားရမှာ ဖြစ်ပြီး ဒုတိယအကျော့ ဘာနေဗျူး ပွဲစဉ် ကိုတော့ ဧပြီ ၁၇ ရက်နေ့မှာ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်