ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ လက်ရှိမှာ အငှားချထားတဲ့ ဂိုးသမား အန်ဒရေ အိုနာနာ အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ ထရပ်ဇွန်စပေါ် ဒုတိယ ဥက္ကဋ္ဌ ဇေယတ် ကာဖကတ်စ်ရဲ့ ထုတ်ဖော် ပြောကြားချက်အရ ဆိုရင် ယူနိုက်တက်က ကင်မရွန်း ဂိုးသမား အတွက် ဒေါ်လာ သန်း ၅၀ ကျော် သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ဒီပြောင်းရွှေ့ကြေးဟာ သာမန်အချိန်မှာ ဆိုရင် မများပေမယ့် လက်ရှိ အိုနာနာရဲ့ လက်စွမ်းအရ ဆိုရင်တော့ ဟာသ တစ်ခုလို ဖြစ်နေတာပါ။
အိုနာနာဟာ ပရီးမီးယားလိဂ် ကလပ်ဆီ ရောက်ရှိလာတဲ့ ပထမနှစ်နှစ် အတွင်း မျှော်မှန်းထားတဲ့ လက်စွမ်းမျိုး မပြသနိုင်ခဲ့ဘဲ အမှားအယွင်းတွေ ဆက်တိုက် ကျူးလွန်ခဲ့ပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဂိုးသမားသစ် ရှာဖွေခဲ့ရပြီး ရွိုင်ရယ် အန့်ဝပ် အသင်းက ဆန်နီ လမ်မန်းစ်ကို ခေါ်ယူကာ အိုနာနာ နေရာမှာ အစားထိုးခဲ့ရပါတယ်။
တဖက် မှာလည်း လက်စွမ်း ကျဆင်းနေပြီး ဟာသဆန်တဲ့ ကာကွယ်မှုတွေ ပြုလုပ်တတ်တဲ့ ကင်မရွန်း လက်ရွေးစင် အိုနာနာကို တူရကီ ကလပ် ထရပ်ဇွန်စပေါ်ဆီ အငှားချခဲ့ပါတယ်။ လက်ရှိမှာ လမ်မန်းစ်က ယူနိုက်တက် ဂိုးပေါက်မှာ အခြေကျနေတာကြောင့် ၂၀၂၃ ခုနှစ်မှာ အင်တာမီလန် ကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ အိုနာနာရဲ့ ညံ့ဖျင်းတဲ့ လက်စွမ်းကို ပိုမိုသိသာစေခဲ့ပါတယ်။
ယူနိုက်တက်ဟာ အိုနာနာကို ဒေါ်လာ ၅၇ သန်းနဲ့ ခေါ်ယူခဲ့စဉ်ကထက် ယခုအခါ ကစားသမားရဲ့ တန်ဖိုးက ထိုးဆင်းသွားခဲ့ပေမယ့်လည်း ၎င်းတို့ ပေးခဲ့ရတဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏ နီးပါးကို ပြန်လည် ရရှိဖို့ ဆုံးဖြတ်ထားပုံ ရပါတယ်။ ထရပ်ဇွန်စပေါ် ဒုဥက္ကဌ ကာဖကတ်စ်က “ယူနိုက်တက် ဘက်က အိုနာနာ အတွက် တောင်းဆိုတဲ့ ဈေးနှုန်းက ယူရို ၄၅ သန်းကနေ သန်း ၅၀ (ဒေါ်လာ ၅၂ သန်း ကနေ ၅၈ သန်း) ဝန်းကျင်မှာ ရှိနေပါတယ်။ ကျွန်တော်တို့ ဥက္ကဋ္ဌ ကတော့ ထရပ်ဇွန်စပေါ် အသင်းရဲ့ လက်တွေ့ဘဝ အခြေအနေတွေကို ရိုးရိုးသားသားပဲ အကြောင်းပြန်ထားပါတယ်။” လို့ ဆိုပါတယ်။ ဆက်လက်ပြီး သူက အိုနာနာ အနေနဲ့ အင်္ဂလန်မှာ ဆက်မကစား ဖြစ်ပါက ဥရောပရှိ တခြား ကလပ် တစ်ခုခုမှာ ဆက်လက် ကစားလိုတဲ့ ဆန္ဒရှိနေကြောင်းလည်း ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ဒီတော့ သုံးသပ်ရရင် ပရီးမီးယားလိဂ် ကလပ်ရဲ့ အိုနာနာ အပေါ် ဈေးနှုန်း သတ်မှတ်ချက်က တော်တော်လေး လက်တွေ့မဆန်ပဲ အလွန်အမင်း မြင့်မားနေတယ်လို့တောင် ဆိုနိုင်ပါတယ်။ အသက်အရွယ်အရ ဆိုရင်လည်း အိုနာနာက လာမယ့် ဧပြီလမှာ အသက် ၃၀ ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီတစ်ချက်နဲ့တင် မူလ ခေါ်ယူစဉ်က ပေးချေခဲ့ရတဲ့ ပမာဏကို ပြန်ရဖို့က မဖြစ်နိုင်သလောက် ရှိနေပြီး လက်ရှိမှာ မူလ တန်ဖိုးရဲ့ ထက်ဝက်ခန့် ရရှိရရင်တောင် ကံကောင်းလို့လို့ သတ်မှတ်ရမှာပါ။
ဒါ့အပြင် အိုနာနာက တစ်ပတ် လုပ်ခလစာ ဒေါ်လာ ၁၆၄,၀၀၀ ရရှိနေပြီး ဒီပမာဏကို ပေးချေဖို့က တခြားသော ကလပ်တွေက ခေါ်ယူဖို့ အဟန့်အတား ဖြစ်နေပါတယ်။ အကယ်၍ အမြဲတမ်း အပြောင်းအရွှေ့ အတွက် ဝယ်ယူမယ့်သူ မရှိရင်တော့ ယူနိုက်တက်က အိုနာနာရဲ့ လစာဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့ အတွက် နောက်ထပ် အငှားချမှုတွေ ကိုသာ ဆက်လက် လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။
အိုနာနာဟာ ဒီရာသီ ထရပ်ဇွန်စပေါ် အတွက် ပြိုင်ပွဲစုံ ၂၁ ပွဲ ကစားပေးထားပြီး Clean Sheet ၄ ကြိမ်သာ ရရှိထားပါတယ်။ သူ့ရဲ့ အသင်း ကတော့ တူရကီလိဂ်တွင် အဆင့် ၃ နေရာမှာ ရှိနေပါတယ်။ ယူနိုက်တက် ကတော့ အိုနာနာရဲ့ လက်စွမ်း တိုးတက် ကောင်းမွန်လာခဲ့ရင်တောင် လမ်မန်းစ် ကိုသာ နံပါတ်တစ် ဂိုးသမား အဖြစ် ဆက်ရှိနေစေမယ်လို့ သိရပါတယ်။
ဒုတိယ ဂိုးသမား အဲလ်တေး ဘာယင်ဒါ ကလည်း လာမယ့် နွေရာသီမှာ တူရကီကို ဒေါ်လာ ၁၀ သန်းအောက်နဲ့ ပြန်သွားဖွယ် ရှိနေပါတယ်။ ဒီလို ဖြစ်လာရင်တော့ ယူနိုက်တက်က ဂိုးသမားသစ် တစ်ဦး ထပ်မံ ရှာဖွေရဦးမှာ ဖြစ်သလို ဒါမှမဟုတ်ရင်လည်း အိုနာနာ အနေနဲ့ ကမ္ဘာ့လစာ အများဆုံး ဒုတိယဂိုးသမား တစ်ဦး ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


