နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိုနာနာကိုဆော်ဒီပရိုလိဂ်ဆီရောင်းချတော့မယ့် ယူနိုက်တက်၊ ဥရောပထိပ်တန်းကလပ် များစွာရဲ့ ပစ်မှတ်ထားခြင်းခံနေရတဲ့ လွတ်ခ်မန်း| ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်အပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်ကတော့ဂိုးသမားအန်ဒရေအိုနာနာကိုဆော်ဒီပရိုလိဂ်ဆီရောင်းထုတ်ဖို့စဉ်းစားနေတယ်လို့သိရပါတယ်။ဒါ့အပြင်အိုနာနာရဲ့နေရာမှာအစားထိုးဖို့ရွိုင်ရယ်အန့်ဝပ်ဂိုးသမားဆန်နီလန်မန်စ်သို့မဟုတ်လိုင်လိဂိုးသမားလူးကပ်စ်ချဗလီယာနဲ့အစားထိုးဖို့ကြိုးပမ်းနေကြောင်း The Sun ကဖော်ပြလာပါတယ်။
လစ်ဗာပူးလ်ကတော့စီးရီးအေကလပ်အင်တာမီလန်နောက်ခံလူအလက်ဆန်ဒရိုဘက်စတိုနီကိုလာမယ့်နွေရာသီမှာခေါ်ယူဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။အကယ်၍လစ်ဗပူးလ်သာအီတလီလူငယ်ခံစစ်ကြယ်ပွင့်ကိုခေါ်ယူချင်ရင်တော့အနည်းဆုံးပေါင်သန်း၆၀ဝန်းကျင်ပေးချေရဖွယ်ရှိပါတယ်။

နယူးကာဆယ်ကတော့မန်ချက်စတာယူနိုက်တက်နဲ့အပြိုင်ဘရန့်ဖို့ဒ်ရဲ့ကင်မရွန်းတိုက်စစ်မှူးဘရိုင်ယန်အမ်ဘူအမ်မိုကိုခေါ်ယူဖို့အဆင်သင့်ရှိနေတယ်လို့သိရပါတယ်။နယူးကာဆယ်ဟာဒီတိုက်စစ်မှူးအတွက်ဘရန့်ဖို့ဒ်ကိုလိုချင်တဲ့ပြောင်းရွှေ့ကြေးအတိုင်းပေးချေဖို့အသင့်ရှိနေတာလည်းဖြစ်ပါတယ်။

လိုင်ယွန်ကတော့သူတို့ရဲ့ပြင်သစ်ယူ၂၁ကြယ်ပွင့်ရေယန်ချာခီကိုအခုနွေရာသီမှာရောင်းချဖို့ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း The Sun ကဖော်ပြလာပါတယ်။ပြင်သစ်လူငယ်ကြယ်ပွင့်လေးကိုတော့လစ်ဗာပူးလ်၊ဘေယန်မြူးနစ်နဲ့ဒေါ့မန်တို့ကအပြိုင်အဆိုင်ခေါ်ယူဖို့ကြိုးပမ်းနေကြတာဖြစ်ပါတယ်။

ဒီခြေစွမ်းပြတောင်ပံကစားသမားကိုပရီးမီးယားလိဂ်ကလပ်တွေအပြင်ဘာစီလိုနာ၊အက်တလက်တီကိုမက်ဒရစ်နဲ့ဂျူဗင်တပ်စ်တို့ကလည်းပစ်မှတ်စာရင်းမှာထည့်သွင်းထားပါတယ်။
အတ္တလန္တာကနေထွက်ခွာဖို့ များနေတဲ့ လွတ်ခ်မန်း

မန်ချက်စတာယူနိုက်တက်ကတော့အခုနွေရာသီမှာတိုက်စစ်မှူးရက်စ်မက်စ်ဟွိုက်ဂျ်လန်းကိုရောင်းချနိုင်ချေက၅၀ရာခိုင်နှုန်းအောက်မှာသာရှိနေကြောင်း GIVEMESPORT ကဖော်ပြပါတယ်။အစောပိုင်းမှာတော့ယူနိုက်တက်ဟာဂါလာတာဆာရေးမှာအငှားနဲ့ကစားနေတဲ့နာပိုလီတိုက်စစ်မှူးဗစ်တာအိုဆင်မ်ဟန်ကိုခေါ်ယူဖို့ဟွိုက်ဂျ်လန်းကိုအလိုက်ပေးသွားဖို့ရှိနေကြောင်းသတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့အာဆင်နယ်၊ဗီလာ၊ချဲလ်ဆီး၊လစ်ဗာပူးလ်၊ယူနိုက်တက်၊နယူးကာဆယ်နဲ့စပါးတို့ကတော့အတ္တလန္တာတောင်ပံကစားသမားအဒမ်မိုလာလွတ်ခ်မန်းကိုအပြိုင်အဆိုင်ကြိုးပမ်းလာဖွယ်ရှိနေပါတယ်။ဒီခြေစွမ်းပြတောင်ပံကစားသမားကိုပရီးမီးယားလိဂ်ကလပ်တွေအပြင်ဘာစီလိုနာ၊အက်တလက်တီကိုမက်ဒရစ်နဲ့ဂျူဗင်တပ်စ်တို့ကလည်းပစ်မှတ်စာရင်းမှာထည့်သွင်းထားပါတယ်။

ဆက်စပ်သတင်းတွေအရချဲလ်ဆီးနဲ့လစ်ဗာပူးလ်တို့ဟာလွတ်ခ်မန်းကိုခေါ်ယူဖို့အတွက်ယူရို၇၅သန်း (ပေါင်၆၃.၂သန်း) အထိအသုံးပြုကာကမ်းလှမ်းဖို့အဆင်သင့်ဖြစ်နေကြောင်းလည်းသိရပါတယ်။

နော့တင်ဟမ်ဖောရက်စ်ကတော့ဒီရာသီအကုန်မှာဂျူဗင်တပ်စ်ကွင်းလယ်လူဒေါက်ဂလပ်စ်လူးဝစ်ကိုခေါ်ယူဖို့ကြိုးပမ်းသွားမှာဖြစ်ကြောင်းအီတလီမီဒီယာTuttosportကဖော်ပြပါတယ်။ဘရာဇီးလ်ကွင်းလယ်လူဟာအက်စတွန်ဗီလာမှာခြေစွမ်းကောင်းတွေပြသပြီးနောက်ဂျူဗင်တပ်စ်ကိုပြောင်းရွှေ့ခဲ့ပေမယ့်ရုန်းကန်ခဲ့ရတာကြောင့်သူ့အတွက်အသားကျပြီးသားဖြစ်တဲ့ပရီးမီးယားလိဂ်ဆီပြန်လည်ခြေချဖို့စဉ်းစားနေတာဖြစ်ပါတယ်။

ဘာစီလိုနာကတော့၂၀၂၆ခုနှစ်မှာစာချုပ်သက်တမ်းကုန်ဆုံးမယ့်ဗဟိုနောက်ခံလူအန်ဒရီရာခရစ္စတန်ဆန်ကိုအခုနွေရာသီမှာရောင်းချဖို့ရှိနေကြောင်း Marca ကဖော်ပြလာပါတယ်။ဒိန်းမတ်သားဟာအသက်အရွယ်ရလာချိန်လာလီဂါကလပ်အတွက်ပုံမှန်ပွဲထွက်ခွင့်မရတော့ပဲရုန်းကန်နေရသူလည်းဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်