ပရီးမီးယားလိဂ်ကလပ်မန်ချက်စတာယူနိုက်တက်ဟာဆိုးရွားတဲ့ဘောလုံးရာသီကိုဖြတ်သန်းနေရပေမယ့်အသင်းတာဝန်ရှိသူတွေကတော့ပရိသတ်သဘောမကျမယ့်ကိစ္စတစ်ခုကိုလုပ်ဆောင်လာခဲ့ပါတယ်။ဒါကတော့တခြားမဟုတ်ပဲလာမယ့်၂၀၂၅-၂၀၂၆ဘောလုံးရာသီသစ်အတွက်လက်မှတ်ခတွေကို၅ရာခိုင်နှုန်းတိုးမြှင့်လိုက်ကြောင်းအတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ကလူကြီးတွေအတွက်လက်မှတ်ခတွေတိုးမြှင့်မှာဖြစ်ပြီးအသက်၁၆နှစ်အောက်လူငယ်တွေအတွက်တော့လက်ရှိလက်မှတ်ရောင်းဈေးအတိုင်းသာဆက်လက်ထားရှိသွားမှာဖြစ်ကြောင်းကြေညာခဲ့တာပါ။ကလပ်ရဲ့ထုတ်ပြန်ချက်မှာယူနိုက်တက်အမှုဆောင်အရာရှိချုပ်အိုမာဘယ်ရယ်ဒါက “ကျွန်တော်တို့ပရိသတ်တွေရဲ့သစ္စာရှိပြီးစိတ်ရှည်သည်းခံတဲ့အားပေးမှုနဲ့အထူးသဖြင့်ကျွန်တော်တိုရဲ့ပွဲတွေကိုလာရောက်အားပေးကြည့်ရှုမှုရဲ့အခြေခံဖြစ်တဲ့ရာသီလက်မှတ်ကိုင်ဆောင်သူတွေကိုကျေးဇူးတင်ပါတယ်။သူတို့ရဲ့အသင်းကိုအားပေးမှုရဲ့အရေးပါမှုကိုကျွန်တော်တို့နားလည်ပါတယ်။မျှတပြီးကျိုးကြောင်းသင့်တဲ့ဈေးနှုန်းအစီအစဉ်တစ်ခုရရှိဖို့လည်းအသည်းအသန်ကြိုးစားခဲ့ပါတယ်။၁၁နှစ်ဆက်တိုက်ဈေးနှုန်းထိန်းထားပြီးနောက်လွန်ခဲ့တဲ့၂ရာသီမှာ၅ရာခိုင်နှုန်းတိုးမြှင့်ခဲ့ပြီးလည်ပတ်မှုကုန်ကျစရိတ်တွေဆက်လက်မြင့်တက်လာခြင်းကိုထိန်းညှိရန်အတွက်လာမယ့်ရာသီမှာလည်းအလားတူပြုလုပ်ဖို့ရည်ရွယ်ထားပါတယ်။”
“အထူးသဖြင့်ကွင်းထဲမှာစွမ်းဆောင်ရည်ညံ့ဖျင်းတဲ့ကာလတွေအတွင်းမှာဈေးနှုန်းတိုးမြှင့်လိုက်ရင်မကြိုဆိုဘူးဆိုတာကျွန်တော်တို့နားလည်ပါတယ်။ယူနိုက်တက်ပရိသတ်အကြံပေးဘုတ်အဖွဲ FAB ကဈေးနှုန်းထိန်းထားရေးအတွက်တင်ပြခဲ့တဲ့ခိုင်မာတဲ့အကြောင်းပြချက်တွေကိုလည်းဂရုတစိုက်နားထောင်ခဲ့ပါတယ်။ဒါပေမယ့်ကုန်ကျစရိတ်တွေမြင့်တက်လာပြီးကလပ်အသင်းကဘဏ္ဍာရေးဆိုင်ရာပြဿနာတွေနဲ့ဆက်လက်ရင်ဆိုင်နေရချိန်မှာဈေးနှုန်းတွေကိုပြောင်းလဲမှုမရှိဘဲထားရှိတာကမမှန်ကန်ကြောင်းကလပ်ကဆုံးဖြတ်ခဲ့ပါတယ်။”ဆိုပြီးရေးသားထားပါတယ်။

ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်ပရိသတ်တွေအနေနဲ့အသင်းကိုပူးတွဲပိုင်ရှင်သစ်ဆာဂျင်မ်ရက်ကလစ်ဖ်ရောက်ရှိလာချိန်မှာစိတ်ဝင်တစားကြိုဆိုခဲ့ကြတာပါ။ဒါပေမယ့်လက်ရှိမှာတော့လက်မှတ်ဈေးနှုန်းမြှင့်လိုက်ခြင်းနဲ့အသင်းရဲ့ဝန်ထမ်းရာပေါင်းများစွာကိုအလုပ်ကနေရပ်နားခဲ့တာကြောင့်ယူနိုက်တက်ပရိသတ်တွေနဲ့ INEOS အကြားမှာဆက်ဆံရေးတဖြည်းဖြည်းပျက်စီးနေပြီလည်းဖြစ်ပါတယ်။ရက်ကလစ်ဖ်ဟာပြီးခဲ့တဲ့တစ်ပတ်ကဂယ်ရီနဗီးလ်နဲ့အင်တာဗျူးမှာရာသီလက်မှတ်ခတွေတိုးမြှင့်နိုင်ဖွယ်ရှိကြောင်းလည်းပြောကြားခဲ့ပါသေးတယ်။အဲဒီအချိန်တုန်းကရက်ကလစ်ဖ်ကနည်းနည်းတိုးမြှင့်သွားမှာဖြစ်ကြောင်းသို့ပေမယ့်လည်းအများကြီးတော့မဟုတ်ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာရာသီလက်မှတ်ခတွေတိုးမြှင့်လိုက်တာကြောင့်အသင်းပရိသတ်တွေကကကြေညာချက်ကိုချက်ချင်းတုံပြန်ခဲ့ပြီးအများစုကတော့အမြက်ဒေါသထွက်လျက်ရှိပါတယ်။ယူနိုက်တက် တာဝန်ရှိသူတွေဟာပြီးခဲ့တဲ့ တစ်ပတ်ကကွင်းသစ် စီမံကိန်းနဲ့ ပတ်သတ်ပြီးချပြမှုတွေပြလုပ်ကာပရိသတ်တွေကိုအချိုကျွေးခဲ့ပေမယ့် ဒီတစ်ပတ် မှာတော့ လက်မှတ်ခတိုးပြီးအခါးပြန်ကျွေးသွားခဲ့တာလည်းဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာလက်ရှိရာသီမှာအက်ဖ်အေဖလား၊ခရာဘောင်ဖလားတို့မှာလည်းပြိုင်ပွဲကနေစောစောစီးစီးထွက်ခွာခဲ့ရသလိုပရီးမီးယားလိဂ်မှာလည်းဇယားအောက်ပိုင်းကိုရောက်ရှိနေပါတယ်။ယူနိုက်တက်ကယူရိုပါလိဂ်မှာတော့ကွာတားဖိုင်နယ်အဆင့်ကိုရောက်ရှိနေပြီးဆုဖလားမျှော်လင့်ချက်တော့ကျန်ရှိနေဆဲဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.