နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဇာဗီ ဆိုင်မွန်ကို ခေါ်ယူဖို့ လက်ရှိ အချိန်ထိ စိတ်ဝင်စားနေဆဲ ဖြစ်တဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ လိုက်ပ်ဇစ် ကြယ်ပွင့် ဇာဗီ ဆီမွန်ကို ခေါ်ယူသွားဖို့ ဆက်လက် စိတ်ဝင်စားနေဆဲလို့ သိရပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက် အနေနဲ့ အဆိုပါ ခြေစွမ်းပြ နယ်သာလန် ကစားသမားကို ခေါ်ယူချင်ရင်တော့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေး ပေးချေဖို့ အဆင်သင့် ပြင်ထားရမှာလည်း ဖြစ်ပါတယ်။

ဇာဗီ ဆိုင်မွန်ဟာ ပီအက်စ်ဂျီ ကနေ လိုက်ပ်ဇစ်ကို အငှားစာချုပ်နဲ့ အရင်ဆုံး ပြောင်းရွှေ့လာခဲ့ပြီးတော့ သူ့ရဲ့ ဘောလုံးကို ကျွမ်းကျင်စွာ ကစားနိုင်မှုနဲ့ ဘက်စုံ ထူးချွန်မှုတွေကြောင့် ပိုပြီး နာမည်ကြီးလာသူ ဖြစ်ပါတယ်။ သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် ဒီနှစ် အစောပိုင်းမှာ ဘွန်ဒက်စ်လီဂါ ကလပ်က ယူရို သန်း ၅၀ (ပေါင် ၄၂ သန်း) နဲ့ အပြီးသတ် ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Sky Deutschland ရဲ့ ဖော်ပြချက်ရ လိုက်ပ်ဇစ်ဟာ ဇာဗီ ဆိုင်မွန်ကို လာမယ့် နွေရာသီမှာ ရောင်းချဖို့ ဆုံးဖြတ်ခဲ့ရင် အနည်းဆုံး ယူရို သန်း ၈၀ (ပေါင် ၆၇ သန်း) တောင်းဆိုဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ်ဟာ ပီအက်စ်ဂျီ ကနေ ခေါ်ယူခဲ့ပြီးနောက် အမြတ်အစွန်း များစွာ ရရှိဖို့ ရည်ရွယ်ထားပြီးတော့ သူတိုရဲ့ သတ်မှတ်ထားတဲ့ ကြေးထက် နည်းပါးတဲ့ ဘယ်ကမ်းလှမ်းမှုမျိုးကိုမှ ထည့်သွင်း စဉ်းစားမှာ မဟုတ်ကြောင်း သိရပါတယ်။ ဆိုင်မွန်ဟာ ၂၀၂၇ ခုနှစ် အထိ လိုက်ပ်ဇစ်နဲ့ စာချုပ် သက်တမ်း ကျန်ရှိနေပေမယ့် ကလပ် ဘက်ကတော့ အပြောင်းအရွှေ့ ဆွေးနွေးမှုတွေကို နားစွင့်ထားကြောင်း သိရပါတယ်။

ဇာဗီ ဆိုင်မွန်ကို ပရီးမီးယားလိဂ် ကလပ်တွေ အပြင် ဘေယန်မြူးနစ် ကလည်း စိတ်ဝင်စားနေပြီးတော့ အခြေအနေကို အနီးကပ် စောင့်ကြည့်လျက် ရှိပါတယ်။
ဇာဗီ ဆိုင်မွန်ကို အလွယ်တကူ လက်လွှတ်သွားမှာ မဟုတ်တဲ့ လိုက်ပ်ဇစ်

ဇာဗီ ဆိုင်မွန်ဟာ အစောပိုင်းမှာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် အနားယူခဲ့ရသေးပေမယ့် ပြန်လည် သက်သာလာချိန် မှာတော့ လိုက်ပ်ဇစ် အတွက် သူ့ရဲ့ အရေးပါမှုကို ဆက်လက် ပြသနိုင်ဆဲ ဖြစ်ပါတယ်။ ဒီနယ်သာလန်သားက အခုရာသီမှာ လိုက်ပ်ဇစ် အတွက် ပြိုင်ပွဲစုံ ၂၅ ပွဲ ကစားပြီး ၈ ဂိုး သွင်းကာ ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားပါတယ်။ သူ့ရဲ့ တည်ငြိမ်တဲ့ ခြေစွမ်းတွေနဲ့ တန်ဖိုး သိသိသာသာ မြင့်တက်လာမှုကြောင့် လိုက်ပ်ဇစ်ဟာ အပြောင်းအရွှေ့ အတွက် ညှိနှိုင်းတဲ့ နေရာမှာ အလေးသာနေပြီး အလျင်စလိုလည်း ဆုံးဖြတ်ချက်ချသွားမှာ မဟုတ်ပါဘူး။

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ပြီးခဲ့တဲ့ နွေရာသီ ကတည်းက ဆိုင်မွန်ရဲ့ တိုးတက်မှုကို တောက်လျောက် စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ ဆိုင်မွန်ကို နယ်သာလန် လူမျိုး နည်းပြဟောင်း ဖြစ်တဲ့ အဲရစ်ခ် တန်ဟက်ဂ်က မန်ချင်စတာဆီ ခေါ်ဆောင်ဖို့ စိတ်အားထက်သန်ခဲ့ပါတယ်။ ဒါ့အပြင် နည်းပြ အပြောင်းအလဲတွေ ရှိလာသည့် တိုင်အောင် ယူနိုက်တက်က ဇာဗီ ဆီမွန်ကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆိုင်မွန်ကို ခေါ်ယူဖို့ အတွက် ဆိုရင်တော့ ယူနိုက်တက် အနေနဲ့ ငွေကြေးပိုင်းမှာ ခက်ခဲမှု ရှိနိုင်ပါတယ်။ ယူနိုက်တက်ဟာ လက်တလောမှာ ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲတွေ ရှိနေပြီး၊ PSR စည်းမျဉ်းနဲ့လည်း မညိစွန်းစေဖို့ ကလည်း အရေးကြီးနေပါသေးတယ်။ ဒါ့အပြင် ကစားသမား တစ်ဦးတည်း အတွက် ယူရို သန်း ၈ဝ ကျော် သုံးစွဲဖို့ ဆိုတာ ကလည်း ယူနိုက်တက်ရဲ့ လက်ရှိ ဘက်ဂျက် အစီအစဉ်နဲ့ ကိုက်ညီမှု ရှိမနေပါဘူး။

ဇာဗီ ဆိုင်မွန်ကို ပရီးမီးယားလိဂ် ကလပ်တွေ အပြင် ဘေယန်မြူးနစ် ကလည်း စိတ်ဝင်စားနေပြီးတော့ အခြေအနေကို အနီးကပ် စောင့်ကြည့်လျက် ရှိပါတယ်။ အကယ်၍ ဘေယန်မြူးနစ် အနေနဲ့ လေဗာကူဆင်က ဖလော်ရီယန် ဝစ်ဇ် ကိုသာ မခေါ်နိုင်ခဲ့ရင် ဆိုင်မွန်ကို ပြောင်းလဲ ကြိုးပမ်းလာနိုင်ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ တစ်ဖက်မှာ လိုက်ပ်ဇစ် ကလည်း ဆိုင်မွန်နဲ့ ပတ်သတ်လို့ သူတိုရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောကြားထားတာကြောင့် နယ်သာလန် ကွင်းလယ် ကြယ်ပွင့်ကို ခေါ်ယူလိုတဲ့ ဘယ်အသင်းမဆို သူတို့ သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးအတိုင်း ပေးချေနိုင်ဖို့တော့ လိုအပ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်