နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ကိုဘီ မိန်းနူးကို ရောင်းထုတ်ဖို့ စီစဉ်နေတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ လူငယ် ကြယ်ပွင့်ကွင်းလယ်လူ ကိုဘီ မိန်းနူးကို ရောင်းထုတ်ဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ယူနိုက်တက်ဟာ မိန်းနူးကို အစောပိုင်းမှာ ကတည်းက ရောင်းထုတ်မယ်လို့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့ပေမယ့် လက်ရှိ မှာတော့ သတင်း အတိအကျ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဘဏ္ဍာရေး ပြဿနာတွေ အပြင် ပရီးမီးယားလိဂ်ရဲ့ PSR စည်းမျဉ်းတွေကြောင့် လာမယ့် နွေရာသီမှာကစားသမားသစ်တွေကို ခေါ်ချင်တိုင်း ခေါ်ခွင့် မရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။ ယူနိုက်တက်ဟာ ကစားသမားသစ်တွေ ခေါ်ယူမယ် ဆိုရင်တော့ အသင်းမှာ ရှိတဲ့ ကစားသမားတွေကို အရင်ဦးဆုံး ရောင်းထုတ်ရမှာလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး ရောင်းထုတ်ရာမှာလည်း အမြတ်အစွန်း အသားတင် ရရှိဖို့ အတွက် အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေကို ဦးစားပေးရောင်းချရဖို့လည်း ရှိနေတာပါ။

လက်ရှိမှာ ကိုဘီ မိန်နူးကို ခေါ်ယူဖို့ အတွက် ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးက စိတ်ဝင်စားနေပါတယ်။
ကိုဘီ မိန်နူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ချဲလ်ဆီး

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာ အငှားချထားခဲ့တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ အန်တိုနီ၊ ဂျေဒန် ဆန်ချို တို့ အပြင် ဝါရင့် ကွင်းလယ်လူ ကက်စ်မဲရိုး ကိုပါ ရောင်းထုတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မယ့် ခရစ္စတီယန် အဲရစ်ခ်ဆင်နဲ့ ဗစ်တာ လင်ဒီလော့ဖ် တို့ကိုလည်း ထွက်ခွာခွင့်ပေးဖွယ် ရှိနေကြောင်းသိရပါတယ်။ ဒါ့အပြင် ယူနိုက်တက်က အလက်ဟန်ဒရို ဂါနာချို ကိုလည်း လာမယ့် နွေရာသီမှာ စီးရီးအေ ကလပ် နာပိုလီဆီရောင်းချဖို့ ဆွေးနွေးမှုတွေ ပြလုပ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ယူနိုက်တက်ဟာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ရေး အတွက် ရန်ပုံငွေ ပိုမိုရရှိဖို့ လိုအပ်ပြီး အသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား ကိုဘီ မိန်နူး ကိုပါ ရောင်းထုတ်ဖို့ ရှိနေကြောင်း ဗြိတိန် မီဒီယာတွေက ဖော်ပြနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၁၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင် လူငယ်ကစားသမား ကိုဘီ မိန်းနူးဟာ ယူနိုက်တက်နဲ့ ၂၀၂၇ ခုနှစ်မှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီးတော့ စာချုပ်သစ် ချုပ်ဆိုဖို့ အတွက်တော့ တစ်ပတ် လုပ်ခ လစာ ပေါင် ၁၅၀၀၀၀ အထိတောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒီအချက်ကလည်း ယူနိုက်တက် အနေနဲ့ မိန်းနူးကို တခြားအသင်း တစ်သင်းထံ ရောင်းချဖို့စဉ်းစားနေတာ ဖြစ်နိုင်ပါတယ်။

ယူနိုက်တက် ငယ်မွေးခြံပေါက် မိန်းနူးဟာ ၃ ရာသီ အတွင်း ပွဲပေါင်း ၆၀ ကစားကာ ၆ ဂိုး သွင်းယူပြီး ဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။ မိန်းနူးဟာ ဒီရာသီ နည်းပြ ရူဘင် အမော်ရင် လက်ထက် မှာတော့ ပုံမှန် ပွဲထွက်ခွင့်မရဖြစ်နေပြီးတော့ ပြိုင်ပွဲစုံ ၂၅ ပွဲ ကစားကာ ၁ ဂိုးသွင်း၊ ၁ ဂိုး ဖန်တီးပေးထားပါတယ်။လက်ရှိမှာ ကိုဘီ မိန်နူးကို ခေါ်ယူဖို့ အတွက် ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးက စိတ်ဝင်စားနေပါတယ်။ ဒါ့အပြင် အနာဂတ်မှာ အခုထက် ပိုပြီး တောက်ပလာနိုင်မယ့် ကစားသမား အဖြစ် သတ်မှတ်ခံထားရတာကြောင့် ဥရောပ ထိပ်တန်း ကလပ် များစွာ ကလည်း မိန်းနူးရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်