နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

ခီဖရန် သူရမ် အတွက် စုံစမ်းလာတဲ့ အင်္ဂလန် ထိပ်သီး ကလပ် ၃ သင်း၊ ဆူဇူကီးကို စိတ်ဝင်စားနေတဲ့ ဗီလာနဲ့ လိဒ်စ် | ပရီးမီးယားလိဂ်

ဒါကြောင့် ဒီနေ့ အတွက် ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ် ကွင်းလယ်လူ ကီဖရန် သူရမ် ကိုတော့ ပရီးမီးယားလိဂ် ကလပ် ၃ သင်း ဖြစ်တဲ့ လစ်ဗာပူးလ်၊ မန်ယူနဲ့ နော့တင်ဟမ်ဖောရက်စ် တို့က ခေါ်ယူဖို့ စုံစမ်းမှုတွေ လုပ်နေကြပါတယ်။ ဒါ့အပြင် ကွင်းလယ်လူ ခရိုင်ဆန်စီယို ဆမ်းမားဗီးလ်ကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ မန်ယူ တို့ရဲ့ ပြိုင်ပွဲထဲကို ဖူလ်ဟမ် အသင်း ကပါ ကြားက ဝင်လုဖို့ ပြင်ဆင်နေသလို၊ အတ္တလန္တာရဲ့ တောင်ပံနောက်ခံလူ ရာအူးလ် ဘယ်လာနိုဗာကို ရဖို့ အတွက်လည်း စပါး၊ အဲဗာတန်၊ ဖူဟမ်နဲ့ နော့တင်ဟမ်တို့ အပြိုင်အဆိုင် ဖြစ်နေကြပါတယ်။ စပါး အသင်းဟာ ဂျူဗင်တပ်စ် နောက်ခံလူ ဘရီမာ ကိုလည်း မျက်စိကျနေပါတယ်။

ချဲလ်ဆီး နည်းပြ ဇာဘီ အလွန်ဆိုဟာ မန်ချက်စတာယူနိုက်တက် ကပါ စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အော်ရီလီယန် ချူအာမေနီကို ဒီနွေရာသီမှာ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ လာဖို့ စည်းရုံးနိုင်ခဲ့တယ်လို့ El Nacional က ဖော်ပြထားပါတယ်။

တစ်ဖက် မှာလည်း မန်စီးတီးရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းဟာ နည်းပြသစ် အန်ဇို မာရက်စကာ လက်အောက်က အသင်းရဲ့ ဦးတည်ချက်အပေါ် သံသယရှိနေပြီး၊ အသင်း ကနေ ထွက်ခွာသွားကြတဲ့ ပပ် ဂွါဒီယိုလာ၊ ဘာနာဒို ဆေးလ်ဗား တို့လိုပဲ ဒီနွေရာသီမှာတင် အီတီဟတ်ကွင်း ကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ချဲလ်ဆီးမှာပဲ ဆက်နေပြီး နည်းပြသစ်ဆီမှာ နေရာရအောင် ကြိုးစားချင်နေတဲ့ တိုက်စစ်မှူး လီယမ် ဒီလက်ပ် ကိုတော့ အဲဗာတန်အသင်းက ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။

အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ဟာ အသင်း ကနေ ထွက်ပြီး ဂါလာတာဆာရေးကို ပြောင်းဖို့ သဘောတူညီမှု ရခဲ့တယ်။ ဂါလာတာဆာရေး ဘက်ကလည်း ယူရို သန်း ၄၀ အောက်နဲ့ ရဖို့ မျှော်လင့်နေတယ်လို့ သတင်းထွက်လာပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဒီထွက်ခွာမယ့် သတင်းဟာ “လုံးဝ မဟုတ်မမှန်ဘူး” လို့ GOAL သတင်းဌာနက ချက်ချင်း တုံ့ပြန်ထားပါတယ်။

ဒါ့အပြင် အာဆင်နယ်ဟာ ကွင်းလယ်လူသစ် တစ်ယောက် ရှာနေတာကြောင့် လိုင်လီ အသင်းရဲ့ လူငယ်ကြယ်ပွင့် အေယွတ်ဘ် ဘူအက်ဒီကို နောက်တစ်ရာသီ အငှားပြန်ချပေးထားရမယ့် ကမ်းလှမ်းမှုကို ငြင်းဆန်ထားပါတယ်။ လက်ရှိမှာတော့ အဲဒီအချက်ကို သဘောတူပြီး ဘူအက်ဒီကို ခေါ်ဖို့ မန်စီးတီးက အနီးစပ်ဆုံး ဖြစ်နေပါတယ်။ ဘုန်းမောက်ရဲ့ ကွင်းလယ်လူ အဲလက်စ် စကော့တ် ကိုတော့ အာဆင်နယ်၊ မန်စီးတီးနဲ့ မန်ယူ တို့က ဆက်သွယ်ခဲ့ကြပေမယ့် ဘုန်းမောက် ဘက်ကတော့ လုံးဝ ရောင်းမှာ မဟုတ်ဘူးလို့ တင်းခံထားပါတယ်။

လစ်ဗာပူးလ်ဟာ ဗဟိုနောက်ခံလူ ဗန်ဒိုက်ခ်ကို အသင်းရဲ့ အဓိက ကစားသမား အဖြစ် မြင်နေဆဲ ဖြစ်လို့ ဘယ်လိုကောလာဟလတွေပဲ ထွက်ထွက် ဒီနွေရာသီမှာ ပေးမထွက်ဘူးလို့ နာမည်ကြီး သတင်းထောက် ဂျိမ်းစ် ပီးယားစ်က အတည်ပြုပါတယ်။ တခြား တစ်ဖက် မှာတော့ စပိန် ဒုတိယလိဂ်မှာ ၂၅ ဂိုးသွင်း၊ ၇ ဂိုး ဖန်တီးပေးခဲ့တဲ့ အယ်လ်မီးရီးယားရဲ့ အသက် ၂၄ နှစ် အရွယ် ကွင်းလယ်လူ ဆာဂျီယို အရီဘတ်စ်ကို လစ်ဗာပူးလ်တို့ ခေါ်ယူဖို့ ရှိနေပါတယ်။

ပါးမား ဂိုးသမား ဇီယွန် ဆူဇူကီး ကိုတော့ ပရီးမီးယားလိဂ် ကလပ် နှစ်သင်း ဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ လိဒ်စ်ယူနိုက်တက် တို့က ခေါ်ယူဖို့ အခွင့်အရေး ရနေပါတယ်။
ကမ္ဘာ့ဖလားမှာ အကောင်းဆုံး လက်စွမ်းပြခဲ့တဲ့ ဆူဇူကီး

ပါးမား ဂိုးသမား ဇီယွန် ဆူဇူကီး ကိုတော့ ပရီးမီးယားလိဂ် ကလပ် နှစ်သင်း ဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ လိဒ်စ်ယူနိုက်တက် တို့က ခေါ်ယူဖို့ အခွင့်အရေး ရနေပါတယ်။ ဘာလို့လဲ ဆိုတော့ သူ့ကို စိတ်ဝင်စားနေတဲ့ ဂျူဗင်တပ်စ်က ပါးမား တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို မပေးချင်လို့ပါပဲ။

စပိန်မြေက ထူးခြားတဲ့ သတင်းကတော့ နည်းပြ ဂျိုဆေး မော်ရင်ညိုဟာ ဘေယန်မြူးနစ်က မိုက်ကယ် အိုလီဆေးကို ခေါ်ယူဖို့ ပိုက်ဆံရှာတဲ့ အနေနဲ့ ကွင်းလယ်လူ ဖီဒီ ဗယ်လ်ဗာဒီကို ရောင်းချဖို့ ရီးရဲလ်မက်ဒရစ်ကို တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။

တစ်ချိန်တည်းမှာပဲ ဘေယန်မြူးနစ် အသင်းဟာ ရီးရဲလ်မက်ဒရစ် တောင်ပံ ကစားသမား ဗင်နီးစီးယပ်စ် ဂျူနီယာကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ စတင်နေပါတယ်။ ဗင်နီဟာ ၂၀၂၇ မှာ စာချုပ်ကုန်မှာ ဖြစ်လို့ အလွတ်နဲ့ မဆုံးရှုံးရအောင် ရီးရဲလ်ဘက်က ဒီနွေရာသီမှာပဲ ရောင်းချဖို့ ခွင့်ပြုထားတာပါ။ ရီးရဲလ်ဟာ ဗင်နီကို ရောင်းချချင်စိတ် ပြင်းပြနေလွန်းလို့ သူ အသင်းပြောင်းဖို့ စဉ်းစားအောင် ပြောင်းရွှေ့ကြေးရဲ့ တစ်စိတ်တစ်ပိုင်း ကိုပါ ဗင်နီကို ခွဲပေးဖို့ အထိ ပြင်ဆင်နေတယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် ရီးရဲလ်ဟာ နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ် ကိုတော့ ယူရို ၇၀ သန်း နဲ့ ရနိုင်မယ့် အခွင့်အရေးကို တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှု အဖြစ် မြင်ပြီး ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

စပါး နောက်ခံလူ ခရစ္စတီယန် ရိုမီယို ကတော့ နည်းပြ ရော်ဘတ်တို ဒီဇာဘီက သူ့ကို ထိန်းသိမ်းချင်နေပေမယ့် အသင်း ကနေ ထွက်ခွာချင်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောထားတာကြောင့် သူ့ရဲ့ အခြေအနေကို အက်တလက်တီကိုမက်ဒရစ်နဲ့ ဘာစီလိုနာ တို့က စောင့်ကြည့်နေကြပါတယ်။

နောက်ဆုံး သတင်း အနေနဲ့ ဘာစီလိုနာရဲ့ ကွင်းလယ်လူ မာ့ခ် ကာဆာဒို ကိုတော့ ဆော်ဒီကလပ် အဲလ်ဟီလာက ခေါ်ယူဖို့ ကြိုးစားနေပြီး ဘာစီလိုနာ ဘက်ကလည်း ယူရို သန်း ၃၀ ဝန်းကျင် ရရင် အမြန်ဆုံး အရောင်းအဝယ် တည့်ဖို့ အသင့်ရှိနေကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်