ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် နည်းပြ အာနေး ဆလော့တ် ကတော့ မိုဟာမက် ဆာလာ ပြန်လာတော့မှာ ဖြစ်လို့ ပျော်ရွှင်နေကြောင်း ပြောဆိုလာခဲ့ပါတယ်။ ဒါ့အပြင် ဆလော့တ်က ဆာလာဟာ အသင်း အတွက်ရော သူ့အတွက်ပါ အလွန်တရာမှ အရေးပါတဲ့ ကစားသမား ဖြစ်ကြောင်းလည်း ဆလော့တ်က ဖွင့်ဟခဲ့ပါသေးတယ်။
အာနေး ဆလော့တ်က “ပထမဦးဆုံး ပြောချင်တာ ကတော့ သူ့ (ဆာလာ) အနေနဲ့ စနေနေ့မှာ အီဂျစ် လက်ရွေးစင် အသင်း အတွက် ယှဉ်ပြိုင် ကစားပြီးရင် ပြန်လာမှာပါ။ သူ ပြန်လာမှာကို ကျွန်တော် ပျော်ရွှင်ပါတယ်။ သူက အသင်း အတွက်ရော ကျွန်တော့် အတွက်ပါ အလွန်တရာမှ အရေးပါတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါကြောင့် သူ ပြန်လာမှာကို ကျွန်တော် ပျော်ရွှင်နေတာပါ။ အသင်းမှာ တိုက်စစ် ကစားသမား ၁၅ ယောက် ရှိနေရင်တောင် သူ ပြန်လာတာကို တွေ့ရရင် ကျွန်တော် ပျော်ရွှင်မှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
မိုဟာမက် ဆာလာဟာ အာဖရိကဖလား ပြိုင်ပွဲကို သွားရောက် မကစားခင် အရန်ခုံ ထိုင်ခဲ့ရတာတွေကြောင့် လစ်ဗာပူးလ် အသင်းနဲ့ နည်းပြ ဖြစ်သူ အာနေး ဆလော့တ်ကို အင်တာဗျူးတွေမှာ ဒဲ့ဝေဖန်ခဲ့တာပါ။ ဆလော့တ်နဲ့ သူ့ရဲ့ အကြားမှာ တင်းမာမှုတွေ ရှိခဲ့ပြီး ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ရပြီးနောက် ဘရိုက်တန်နဲ့ ပွဲမှသာ ပွဲထွက်လူစာရင်းထဲ ပြန်လည် ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဆာလာဟာ အာဖရိကဖလား ပြိုင်ပွဲ ပြီးရင် လစ်ဗာပူးလ် အတွက် အနာဂတ် မရှိနိုင်တော့ကြောင်း သတင်းတွေ ထွက်ခဲ့သလို ဆော်ဒီပရိုလိဂ် ကလပ်တွေ ကလည်း အီဂျစ်သားရဲ့ အခြေအနေကို စောင့်ကြည့်ခဲ့ကြပါတယ်။

လက်ရှိမှာ မိုဟာမက် ဆာလာဟာ အီဂျစ် လက်ရွေးစင် အသင်းနဲ့ အတူ ၂၀၂၅ အာဖရိကနိုင်ငံများ ဖလား ပြိုင်ပွဲကို သွားရောက် ယှဉ်ပြိုင်နေပြီး စနေနေ့ တတိယနေရာလုပွဲ ယှဉ်ပြိုင် ကစားပြီးရင်တော့ အန်ဖီးလ်ကို ပြန်လာတော့မှာ ဖြစ်ပါတယ်။ အီဂျစ်ဟာ ဆီမီးဖိုင်နယ်မှာ လစ်ဗာပူးလ် ကစားသမားဟောင်း ဆာဒီယို မာနေး ဦးဆောင်တဲ့ ဆီနီဂေါကို ရှုံးနိမ့်ခဲ့တဲ့ အတွက် ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ပေမယ့် တတိယ နေရာလုပွဲ ဆက်လက် ကစားရဦးမှာ ဖြစ်ပါတယ်။ ဆာလာ ကတော့ ဒီဇင်ဘာလ ၁၃ ရက်နေ့က ဘရိုက်တန်နဲ့ ပွဲမှာ လစ်ဗာပူးလ် အတွက် နောက်ဆုံး အကြိမ် ကစားပေးထားခဲ့ပြီး အဲဒီနောက် ၆ ပွဲ ဆက်တိုက် လွဲချော်ထားခဲ့တာ ဖြစ်ပါတယ်။ လာမယ့် ဘန်လေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကတော့ ဆာလာ အတွက် ၇ ပွဲမြောက် လွဲချော်မယ့် ပွဲစဉ်လည်း ဖြစ်လာမှာပါ။
အီဂျစ်က အာဖရိကဖလား ဗိုလ်လုပွဲ တက်ရောက်နိုင်ခြင်း မရှိခဲ့တဲ့ အတွက် လစ်ဗာပူးလ်နဲ့ စောစီးစွာ ပြန်လည် ပူးပေါင်းနိုင်တဲ့ အခွင့်အရေး ရှိခဲ့တာပါ။ ဒါပေမယ့်လည်း ဆာလာ အနေနဲ့ တတိယနေရာလုပွဲ ဆက်လက် ယှဉ်ပြိုင် ကစားဖို့ ဆုံးဖြတ်ခဲ့တဲ့ အတွက် လစ်ဗာပူးလ် အနေနဲ့ အီဂျစ်သားကို မာဆေးလ်နဲ့ ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလိဂ် ပွဲစဉ် မှသာ အသုံးပြုနိုင်ဖွယ် ရှိနေတာလည်း ဖြစ်ပါတယ်။
ဆာလာ ကတော့ ဒီရာသီမှာ ခြေစွမ်း သိသိသာသာ ကျဆင်းသွားပြီး လစ်ဗာပူးလ် အတွက် ပရီးမီးယားလိဂ် အပါအဝင် ပြိုင်ပွဲစုံ ပွဲ ၂၀ ကစားပြီး ၅ ဂိုးသွင်း၊ ၄ ဂိုး ဖန်တီးထားပါတယ်။ ဒါဟာ ဆာလာ အတွက် ပြီးခဲ့တဲ့ ရာသီကနဲ့ ယှဉ်ရင်တော့ တော်တော်လေးကို ကျဆင်းသွားတဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


