လစ်ဗာပူးလ်ရဲ့ အဓိက တောင်ပံ တိုက်စစ် ကစားသမား မိုဟာမက် ဆာလာ ကတော့ ဒီကနေ့ည ဘရိုက်တန်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အတွက် လူစာရင်းမှာ ပြန်လည် ပါဝင်လာကြောင်း သိရပါတယ်။
မိုဆာလာဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲဆက် အရန်ခုံထိုင်ခဲ့ရပြီးနောက် နည်းပြ ဖြစ်သူ အာနေး ဆလော့တ်နဲ့ ကလပ် အသင်းကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အီဂျစ်သားက အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ပွဲစဉ် အတွက် လူစာရင်း ကနေ ချန်လှပ်ခံခဲ့ရပါတယ်။ လိဒ်စ်ယူနိုက်တက်နဲ့ ၃-၃ ဂိုးစီ သရေကျတဲ့ ပွဲမှာ လူစားဝင် ကစားသမား အဖြစ်တောင် ကစားခွင့် မရတဲ့ အတွက် ပွဲအပြီးမှာ ဆာလာက လစ်ဗာပူးလ်ဟာ ရလဒ်ဆိုးတွေ အတွက် သူ့ရဲ့ တစ်ယောက်တည်း အပေါ် အပြစ်ပုံချခဲ့သလို အာနေး ဆလော့တ်နဲ့ သူ့ကြားမှာ ဆက်ဆံရေး ပျက်စီးသွားပြီ ဖြစ်ကြောင်း ဝန်ခံခဲ့တာပါ။
ဒါ့အပြင် အတိတ်မှာ သူ့ဟာ လစ်ဗာပူးလ်ကို များစွာ ကူညီပံ့ပိုးပေးခဲ့ကြောင်း ဒါကြောင့် သူ့ အနေနဲ့ ပွဲထွက်ခွင့်ဖို့ တိုက်ပွဲဝင်ဖို့ မလိုအပ်ကြောင်း ပြောဆိုခဲ့ပါတယ်။ မိုဆာလာဟာ တခါတရံမှသာ အင်တာဗျူး ဖြေကြားလေ့ရှိပေမယ့် ထူးဆန်းစွာနဲ့ပဲ မကျေနပ်မှုတွေကို ဖွင့်ဟလာခဲ့တာ ဖြစ်ပါတယ်။ ဆာလာ အနေနဲ့ လစ်ဗာပူးလ်မှာ အနာဂတ် မသေချာတာကြောင့် ဥရောပနဲ့ ဆော်ဒီပရိုလိဂ် ထိပ်တန်း ကလပ် များစွာက စောင့်ကြည့်လျက် ရှိနေပါတယ်။

ဆော်ဒီပရိုလိဂ် အမှုဆောင်ချုပ် ဖြစ်သူ အိုမာ မက်ဟာဘဲလ်က ဆော်ဒီပရိုလိဂ် ကလပ်တွေဟာ လာမယ့် ဇန်နဝါရီမှာ မိုဆာလာကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီလို့ အတည်ပြုခဲ့ပါတယ်။ ဆာလာဟာ ပြီးခဲ့တဲ့ ဧပြီလ ကမှ လစ်ဗာပူးလ်နဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ပေမယ့် မက်ဟာဘဲလ် ကတော့ ဆာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။ ဆော်ဒီပရိုလိဂ် ထိပ်သီး ကလပ် အဲလ်အစ်တီဟတ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဆာလာကို ပေါင်သန်း ၁၅၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် လစ်ဗာပူးလ်က ငြင်းဆန်ပယ်ချခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။
ဒါ့အပြင် မိုဆာလာဟာ ပြီးခဲ့တဲ့ ကြာသပတေးညတုန်းက လစ်ဗာပူးလ် အသင်းဖော်ဟောင်း ဂျော်ဒန် ဟန်ဒါဆင်နဲ့ တွေ့ဆုံးပြီး ညစာစားခဲ့တာကြောင့် ဆာလာ အနေနဲ့ ဆော်ဒီပရိုလိဂ် ပြိုင်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ဟန်ဒါဆင်ကို မေးမြန်းခဲ့ပုံရတယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။
လက်ရှိ မှာတော့ မိုဆာလာနဲ့ အာနေး ဆလော့တ် တို့ဟာ လစ်ဗာပူးလ်ရဲ့ ရုံးချုပ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပြီး နှစ်ယောက် အကြားက ပြဿနာတွေကို အဆုံးသတ်ခဲ့ပြီလို့ သိရပါတယ်။ ဒါကြောင့် နည်းပြ အာနေး ဆလော့တ်က ဘရိုက်တန်နဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အတွက် လူစာရင်းမှာ မိုဆာလာကို ပြန်လည် ထည့်သွင်းသွားတော့မှာ ဖြစ်ပါတယ်။
အင်္ဂလန်က လာတဲ့ သတင်းတွေ မှာတော့ အာနေး ဆလော့တ်နဲ့ မိုဆာလာတို့ အကြားမှာ ဆက်ဆံရေး ပြန်လည် အဆင်ပြေသွားခဲ့ပေမယ့် ဆာလာရဲ့ အနာဂတ်က လစ်ဗာပူးလ်မှာ ဆက်ရှိနေဖို့ မသေချာသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက အင်တာဗျုးမှာ မိုဆာလာက “ဘရိုက်တန်နဲ့ ပွဲမှာ ပွဲထွက် ကစားရသည် ဖြစ်စေ၊ အရန်ခုံထိုင်ရသည် ဖြစ်စေ ကျွန်တော် ကတော့ ကျေနပ်ပါတယ်။ အန်ဖီးလ်မှာ ပရိသတ်တွေကို နှုတ်ဆက်ပြီး အာဖရိကနိုင်ငံများဖလား ပြိုင်ပွဲ ဆင်နွှဲဖို့ သွားတော့မှာပါ။ အဲဒီပြိုင်ပွဲ ကစားမယ့် ကာလ အတွင်း မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာ ကျွန်တော်လည်း မသိသေးပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


