ပရီးမီးယားလိဂ်အပါအဝင်ဥရောပထိပ်တန်းလိဂ်တွေရဲ့အပြောင်းအရွှေ့နဲ့စိတ်ဝင်စားဖွယ်သတင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။
လီဂူးဝမ်းကလပ်ပီအက်စ်ဂျီကတော့ဘာစီလိုနာကကမ်းလှမ်းထားတဲ့ကာလရှည်စာချုပ်သစ်အားလက်မှတ်မထိုးဖို့လာမင်းယာမယ်ကိုဖိအားပေးနေကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။ပီအက်စ်ဂျီဟာလာမင်းယာမယ်ကိုကီလီယန်အမ်ဘာပေးတုန်းကပေးချေခဲ့တဲ့ပမာဏမျိုးနဲ့ကမ်းလှမ်းဖို့ရှိနေတယ်လို့လည်းသိရပါတယ်။
ဒေါ့မန်ရဲ့ဗဟိုခံစစ်ကစားသမားနီကိုရှလော့တ်တာဘက်ခ်ကိုတော့လစ်ဗာပူးလ်ကဗာဂျယ်ဗန်ဒိုက်ခ်ရဲ့နေရာမှာအစားချင်နေကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ဒါပေမယ့်လည်းဒေါ့မန်ဘက်ကတော့ရောင်းချဖို့ဆန္ဒမရှိကြောင်းသိရပါတယ်။ဗာဂျယ်ဗန်ဒိုက်ခ်နဲ့လစ်ဗာပူးလ်တို့ရဲ့စာချုပ်သက်တမ်းတိုးမှုအခြေအနေကတော့လက်ရှိအချိန်ထိကြန့်ကြာနေဆဲဖြစ်တာကြောင့်စောင့်ကြည့်ရဦးမှာလည်းဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ကတော့အမ်းမရိတ်စ်မှာပုံမှန်ပွဲထွက်ခွင့်မရဖြစ်နေတဲ့အာဆင်နယ်နောက်ခံလူရစ်ကာဒိုကာလာဖီအိုရီရဲ့အခြေအနေကိုစောင့်ကြည့်နေကြောင်းFichajesကဖော်ပြခဲ့ပါတယ်။အသက်၂၂နှစ်အရွယ်အီတလီနောက်ခံလူကဒီရာသီမှာအာဆင်နယ်အတွက်ပရီးမီးယားလိဂ်အပါအဝင်ပြိုင်ပွဲစုံ၂၆ပွဲကစားပြီး၃ဂိုးသွင်းကာ၂ဂိုးဖန်တီးပေးထားပါတယ်။ကာလာဖီအိုရီကပရီးမီးယားလိဂ်မှာတော့မိနစ်ပေါင်း၉၂၇မိနစ်သာကစားထားပါတယ်။
ရာဟင်းမ်စတာလင်ကတော့အာဆင်နယ်နဲ့အငှားစာချုပ်သက်တမ်းကုန်ဆုံးချိန်ရာသီအကုန်မှာချဲလ်ဆီးထံပြန်လည်စေလွှတ်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။စတာလင်ကတော့အာဆင်နယ်အတွက်ပြိုင်ပွဲစုံ၂၃ပွဲပါဝင်ကစားထားပေမယ့်ပွဲချိန်အများစုမှာမိနစ်ပိုင်းသာဝင်ရောက်ကစားခွင့်ရရှိထားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးကတော့ထိပ်တန်းကစားသမားနဲ့သာအစားထိုးနိုင်ရင်ရီးရဲလ်မက်ဒရစ်ရဲ့ပစ်မှတ်ဖြစ်တဲ့ခရစ္စတီယန်ရိုမီယိုကိုအသင်းကနေထွက်ခွာခွင့်ပြုဖို့ဆန္ဒရှိနေတယ်လို့သိရပါတယ်။ရိုမဲယိုကတော့စပါးရဲ့အဓိကနောက်ခံလူတစ်ဦးဖြစ်ပေမယ့်ဒီရာသီမှာတော့ဒဏ်ရာကြောင့်အနားယူနေရကာပွဲချိန်အနည်းစုသာကစားပေးထားနိုင်ပါတယ်။
ဘေယန်မြူးနစ်ကတော့ရီးရဲလ်ဘက်တစ်မှာအငှားနဲ့သွားရောက်ကစားနေတဲ့မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမားအန်တိုနီကိုနွေရာသီအပြောင်းအရွှေ့မှာခေါ်ယူဖို့ကြိုးပမ်းလာဖွယ်ရှိနေပါတယ်။အန်တိုနီကရီးရဲလ်ဘက်တစ်အတွက်ပြိုင်ပွဲစုံ၁၁ပွဲကစားရာမှာ၄ဂိုးသွင်း၊၄ဂိုးဖန်တီးပြီးခြေစွမ်းပြနေတာလည်းဖြစ်ပါတယ်။
ခရာဘောင်ဖလားချန်ပီယံနယူးကာဆယ်ကတော့အသင်းရဲ့တိုက်စစ်မှူးအလက်ဇန္တားအိဆက်ခ်နေရာမှာအစားထိုးဖို့တိုက်စစ်မှူး၄ဦးကိုပစ်မှတ်ထားနေကြောင်းသိရပါတယ်။နယူးကာဆယ်ရဲ့ပစ်မှတ်စာရင်းမှာတော့စပို့တင်းလစ္စဘွန်းကဗစ်တာယိုကီးရက်စ်၊အစ်ပ်ဆွစ်ချ်ကလီယမ်ဒီလပ်၊ပေါ်တိုကဆာမူအက်ဂ်ဟီဟိုဝါ၊လေဗာကူဆင်ကဗစ်တာဘိုနီဖေ့စ်တို့ပါဝင်နေပါတယ်။
ပရီးမီးယားလိဂ်ကလပ်အက်စတွန်ဗီလာကတော့ပီအက်စ်ဂျီကနေအငှားနဲ့လာရောက်ကစားနေတဲ့မာကိုအဆန်စီယိုကိုအပြီးသတ်ခေါ်ယူဖို့သေချာလုနီးပါးဖြစ်နေပြီလို့ Football Insider ကဖော်ပြလာပါတယ်။အဆန်စီယိုကတော့အက်စတွန်ဗီလာအတွက်ပြိုင်ပွဲစုံ၈ပွဲကစားပြီး၇ဂိုးသွင်းယူပေးထားပါတယ်။
စီးရီးအေထိပ်သီးဂျူဗင်တပ်စ်နဲ့အင်တာမီလန်တို့ကတော့ဂျီနိုအာကွင်းလယ်လူမော်တင်ဖရန်ဒရက်ကိုစောင့်ကြည့်နေတယ်လို့ Mundo Deportivo ကဖော်ပြလာပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.