နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရီးရဲလ်မက်ဒရစ်နဲ့ လစ်ဗာပူးလ် တို့ရဲ့ ဒေါ်လာ ၁၃၅ သန်းတန် အပြောင်းအရွှေ့ တိုက်ပွဲ၊ ပီအက်စ်ဂျီ ကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ဒမ်ဘီလီ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ ဈေးကွက် အတွင်း လှုပ်ရှားမှုတွေ ကတော့ ပိုပြီး မြိုင်ဆိုင်လာခဲ့ပါပြီ။ ဒါကြောင့် အခုတစ်ခါမှာတော့ ရီးရဲလ်မက်ဒရစ်၊ လစ်ဗာပူးလ်၊ မန်စီးတီးနဲ့ ဘာစီလိုနာတို့ အပြင် ဆော်ဒီပရိုလိဂ် ကလပ်တွေပါ ပါဝင်ပတ်သက်နေတဲ့ အပြောင်းအရွှေ့ သတင်းတွေကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးသွားပါမယ်။

မန်စီးတီးရဲ့ ပင်မဒေါက်တိုင် ရိုဒရီရဲ့ ကိုယ်စားလှယ်တွေဟာ ဒီတစ်ပတ်အတွင်း ရီးရဲလ်မက်ဒရစ် အသင်းနဲ့ “လျှို့ဝှက်တွေ့ဆုံမှု” တစ်ခု ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ရီးရဲလ်ဘက်က ၂၀၃၀ နွေရာသီအထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ် ကမ်းလှမ်းလာဖို့ မျှော်လင့်နေကြပြီး လောလောဆယ် မှာတော့ အသင်း နှစ်သင်းကြား တရားဝင် ဆွေးနွေးမှု မရှိသေးပါဘူး။

ဗင်နီးစီးယက်စ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ အကြား လစာ ငွေပမာဏ သဘောတူညီမှု မရဘဲ အဆင်မပြေဖြစ်နေချိန်မှာ လစ်ဗာပူးလ်က လှုပ်ရှားလာပါတယ်။ ပရီးမီးယားလိဂ် ကလပ်ဟာ လာမယ့်နှစ် စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ဘရာဇီးလ် တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ တစ်ဖက်မှာလည်း ရီးရဲလ်မက်ဒရစ်ဟာ ဗင်နီးစီးယက်စ် ထွက်ခွာသွားပါက အစားထိုးဖို့ အတွက် လိုက်ပ်ဇစ်ရဲ့ အိုင်ဗိုရီကိုစ့် တိုက်စစ်မှူး ယန် ဒီယိုမန်ဒေကို ပေါင် သန်း ၁၀၀ ပေးချေဖို့ အသင့်ရှိနေပါတယ်။ ဒါပေမယ့် လိုက်ပ်ဇစ် ဘက်ကတော့ ပေါင် သန်း ၁၂၀ အထိ တောင်းဆိုထားတာကြောင့် လစ်ဗာပူးလ် ကလည်း စိတ်ဝင်စားနေတဲ့ ဒီကစားသမား အတွက် ဈေးပြိုင်လုရမယ့်ကိန်း ဆိုက်နေပါတယ်။ 

ဘေယန်မြူးနစ် တိုက်စစ်ကစားသမား မိုက်ကယ် အိုလီဆေးဟာ စပိန်မြို့တော်ဆီ ပြောင်းရွှေ့ချင်တဲ့ ဆန္ဒရှိကြောင်း ပြင်သစ် အသင်းဖော်တွေကို ဝန်ခံထားပါတယ်။ ဒါပေမယ့်လည်း ၂၀၂၉ အထိ စာချုပ်သက်တမ်း ရှိနေတာကြောင့် အသင်းနဲ့ အဆင်မပြေ ဖြစ်ပြီး မဖြစ်မနေ ထွက်ခွာတာမျိုးတော့ ပြုလုပ်မှာ မဟုတ်ပါဘူး။

ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ်ကြယ်ပွင့် ဖရန်ကို မက်စတန်တူအိုနိုကို လာမယ့်ရာသီမှာ အငှားနဲ့ ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ဂျူဗင်တပ်စ်၊ အင်တာမီလန်နဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ရထားတဲ့ ကိုမို အသင်းတို့ ပါဝင်လာခဲ့ပါတယ်။

မန်စီးတီး အသင်းဟာ ရိုဒရီ ထွက်ခွာသွားပါက အစားထိုးနိုင်ဖို့ အတွက် လိုင်လီ အသင်းရဲ့ ကမ္ဘာ့ဖလား ကြယ်ပွင့်လေး အာယွတ်ဘ် ဘူအာဒီကို ပေါင် သန်း ၉၀နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ 

အန်ဒိုနီ အီရာအိုလာက အဲလက်ဆစ် မက်အယ်လစ္စတာ အပေါ် လူသိရှင်ကြား ယုံကြည်မှု ပြသနေပေမယ့် လစ်ဗာပူးလ် ဘက်ကတော့ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု ရရင် ရောင်းထုတ်ဖို့ အသင့်ရှိနေပြီး ချဲလ်ဆီး အသင်းက စိတ်ဝင်စားသူ အဖြစ် မထင်မှတ်ဘဲ ထွက်ပေါ်လာခဲ့ပါတယ်။

ပရီးမီးယားလိဂ် ကလပ် မန်ယူနိုက်တက်ဟာ ရိုးမား ကွင်းလယ်လူ မာနူ ကိုနေးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီး ပြောင်းရွှေ့ကြေးကို အေးဂျင့်နဲ့ပဲ ညှိနှိုင်းဖို့ပဲ ကျန်ပါတော့တယ်။
မာနူ ကိုနေးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားတဲ့ မန်ယူနိုက်တက်

နယူးကာဆယ် အသင်းဟာ ဘရူနို ဂီမာရေးစ် အတွက် အာဆင်နယ်က တိုးမြှင့် ကမ်းလှမ်းခဲ့တဲ့ ပေါင်သန်း ၇၀ ကို လက်ခံဖို့ အစီအစဉ်မရှိဘဲ ပယ်ချလိုက်ပါတယ်။ 

သတင်းတချို့မှာ ဖော်ပြနေကြပေမယ့် မန်ချက်စတာယူနိုက်တက် ကတော့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ဒီနွေမှာ ရောင်းထုတ်ဖို့ လုံးဝ စဉ်းစားထားခြင်း မရှိပါဘူး။ 

ပီအက်စ်ဂျီ လူငယ်ကြယ်ပွင့် အီဘရာဟီမာ အမ်ဘာယီကို အက်စတွန်ဗီလာက ပူပူနွေးနွေး လိုက်လံ ချဉ်းကပ်နေရာမှ မန်စီးတီး ပါဝင်လာခဲ့တာကြောင့် ဗီလာရဲ့ စိတ်ဝင်စားမှု အေးစက်သွားနိုင်ပါတယ်။ တစ်ဖက် မှာလည်း နည်းပြ အူနိုင်း အမ်မရီ လိုချင်နေတဲ့ တိုက်စစ်မှူး နီကိုလက်စ် ဂျက်ဆန်ကို ခေါ်ယူဖို့ အတွက် ယိုဟန် မန်ဇမ်ဘီကို ပေါင် ၅၁.၂ သန်းနဲ့ စံချိန်တင် ခေါ်ယူထားတာကို ကျော်လွန်ပြီး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးပေးဖို့ ဗီလာက ပြင်ဆင်နေပါတယ်။ 

ဘာစီလိုနာ အသင်းရဲ့ လာမင်း ယာမယ်က စပိန် အသင်းဖော် ပက်ဒရို ပေါ်ရိုကို ခေါ်ယူပေးဖို့ အသင်းကို ကိုယ်တိုင် တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ ကတော့ စပါးတို့ တောင်းဆိုထားတဲ့ ပေါင် ၆၄.၁ သန်းကို ပေးချေဖို့ တွန့်ဆုတ်နေပါတယ်။

တော့တင်ဟမ်ဟော့စပါး အသင်းဟာ ဂျူဗင်တပ်စ်နဲ့ ဖီနာဘာချိတို့ စိတ်ဝင်စားနေတဲ့ တိုက်စစ်မှူး ရစ်ချာလီဆင်ကို လက်လွှတ်ဖို့ ပြင်ဆင်ထားပါတယ်။

စပါး ကွင်းလယ်လူ လူးကပ်စ် ဘက်ဂျ်ဗဲလ်ဟာ မြောက်လန်ဒန် ကနေ ထွက်ခွာချင်နေပြီး ဘရိုက်တန်နဲ့ နော်တင်ဟမ်ဖောရက်စ်တို့ အကြား ဈေးပြိုင်လုပွဲ ဖြစ်နေပါတယ်။ စပါး တောင်းဆိုထားတဲ့ ပေါင် သန်း ၆၀ ကို ပေးချေဖို့ ဘရိုက်တန်က အသင့်ဖြစ်နေတာကြောင့် ဖောရက်စ်ထက် လက်ဦးမှု ရသွားနိုင်ပါတယ်။ 

ပရီးမီးယားလိဂ် ကလပ် မန်ယူနိုက်တက်ဟာ ရိုးမား ကွင်းလယ်လူ မာနူ ကိုနေးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိထားပြီး ပြောင်းရွှေ့ကြေးကို အေးဂျင့်နဲ့ပဲ ညှိနှိုင်းဖို့ပဲ ကျန်ပါတော့တယ်။

ချဲလ်ဆီးဟာ ဘာစီလိုနာ ခံစစ်မှူး ဂျရတ် မာတင်ကို စိတ်ဝင်စားနေသလို အေစီမီလန် ကလည်း ယူရို ၃၅ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။

ဘာစီလိုနာနဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့် ဟယ်ရီကိန်းဟာ ၂၀၂၇ မှာ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဘေယန်မြူးနစ် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ တရားဝင် ဆွေးနွေးမှုများ စတင်တော့မှာ ဖြစ်ပါတယ်။ နွေရာသီက ဆော်ဒီကလပ် အဲလ်ဟီလာရဲ့ ကမ်းလှမ်းမှု ကိုလည်း ကိန်းက လုံးဝ စိတ်မဝင်စားခဲ့ပါဘူး။

ပီအက်စ်ဂျီ နဲ့ အက်စတွန်ဗီလာတို့ စိတ်ဝင်စားနေတဲ့ ဘာစီလိုနာ တိုက်စစ်မှူး ဖာရန် တောရက်စ်ကို အက်တလက်တီကိုမက်ဒရစ်ကပါ အပြိုင်လုဖို့ ပါဝင်လာခဲ့ပါတယ်။ ကမ္ဘာ့ဖလား ချန်ပီယံ ဖာရန် တောရက်စ် ကိုယ်တိုင် ကလည်း စပိန် အသင်းဖော်တွေ များတဲ့ အက်တလက်တီကိုဆီ ပြောင်းရွှေ့ဖို့ ပိုမို ဆန္ဒရှိနေပါတယ်။ 

အူစမန်နီ ဒမ်ဘီလီဟာ ဆော်ဒီကလပ် အဲလ်ဟီလာ အသင်းရဲ့ အဆမတန် ကမ်းလှမ်းမှုကြောင့် ဒီနွေရာသီမှာ ပီအက်စ်ဂျီ ကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။ အဲလ်ဟီလာ အသင်းဟာ ဒမ်ဘီလီကို ၃ နှစ် စာချုပ်နဲ့ တစ်နှစ်ကို ယူရို သန်း ၈၀ အထိ ပေးချေပြီး ကမ္ဘာ့လစာ အမြင့်ဆုံး ကစားသမား တစ်ဦး အဖြစ် ဖန်တီးပေးဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်