နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အင်္ဂလန်လိဂ်ဆီ ပြန်လာချင်နေတဲ့ ပူလီဆစ်ခ်၊ ဒမ်ဘီလီကို အံ့အားသင့်ဖွယ် စိတ်ဝင်စားနေတဲ့ အာဆင်နယ် | ပရီးမီးယားလိဂ်

ဖေဖော်ဝါရီ ၁၇ ရက်နေ့ အတွက် ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

အမေရိကန် လက်ရွေးစင် ကြယ်ပွင့် ခရစ္စတီယန် ပူလီဆစ်ခ်ဟာ ပရီးမီးယားလိဂ်ဆီ ပြန်လာဖို့ ဆန္ဒရှိနေပါတယ်။ သူ့ကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေသလို အေစီမီလ န်ဘက်ကတော့ ယူရို ၇၀ သန်း ကနေ ၈၀ သန်း (ပေါင် ၆၀.၉ သန်း ကနေ ၆၉.၆ သန်း) ဝန်းကျင် ရရင် ရောင်းချဖို့ အသင့်ရှိနေပါတယ်။ အမေရိကန် လက်ရွေးစင်ကို မြောက်လန်ဒန် ကလပ်တွေ ဖြစ်တဲ့ အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါး တို့ကလည်း စောင့်ကြည့်နေကြပါတယ်။

လစ်ဗာပူးလ် အသင်းဟာ အက်စတွန်ဗီလာရဲ့ တန်ဖိုးကြီး ကွင်းလယ်လူ မော်ဂန် ရော်ဂျာစ်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်နေပြီလို့ သိရပါတယ်။ ဗီလာသာ ချန်ပီယံလိဂ် ဝင်ခွင့် လွဲချော်ခဲ့မယ် ဆိုရင် အင်္ဂလန် လက်ရွေးစင် ကစားသမား ကိုယ်တိုင်က အသင်း ပြောင်းရွှေ့ဖို့ တောင်းဆိုလာနိုင်ပြီး သူ့ရဲ့ ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း ၁၀၀ ဝန်းကျင် အထိ ရှိနေနိုင်ပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ဟာ ပီအက်စ်ဂျီရဲ့ နာမည်ကျော် ကစားသမား အူစမန်နီ ဒီဘီလီနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒမ်ဘီလီဟာ နည်းပြ လူးဝစ် အန်နရီကေးနဲ့ လူသိရှင်ကြား စကားများခဲ့တာကြောင့် အသင်းမှာ မပျော်မရွှင်ဖြစ်နေပြီး ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ လစ်ဗာပူးလ် နောက်ခံလူ အီဘရာဟီမာ ကိုနာတေးကို ပြန်လည် စိတ်ဝင်စားလာပါတယ်။ ကိုနတေးဟာ ခြေစွမ်းပြနေပေမယ့် လာမယ့် နွေရာသီမှာ သက်တမ်းကုန်ဆုံးတော့မယ့် သူ့ရဲ့ စာချုပ် အတွက် အသင်းနဲ့ သဘောတူညီမှု မရသေးပါဘူး။

အကယ်၍ လစ်ဗာပူးလ် အနေနဲ့ ကိုနာတေးရဲ့ နေရာမှာ ဂျူဗင်တပ်စ် နောက်ခံလူ ဂလိုင်ဆင် ဘရီမာနဲ့ အစားထိုးချင်တယ် ဆိုရင်တော့ ယူရို သန်း ၇၀ ထက် မနည်း အသုံးပြုရဖို့ ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် ကင်းထောက်တွေဟာ အင်တာမီလန်ရဲ့ အားထားရတဲ့ နောက်ခံလူ ဖက်ဒရစ်ကို ဒီမာကိုရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ အတွက် စနေနေ့က ဆန်စီရိုကွင်းကို သွားရောက်ခဲ့ကြပါတယ်။

ဝုဗ် အသင်းရဲ့ လူငယ် ကြယ်ပွင့်လေး မားတီးယက်စ် မာနေးကို လစ်ဗာပူးလ်နဲ့ ယူနိုက်တက် တို့က အပြိုင်အဆိုင် စိတ်ဝင်စားနေကြပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ အသင်း ဖြစ်တဲ့ လစ်ဗာပူးလ် အနေနဲ့ ပေါင် သန်း ၅၀ တန်ကြေး ရှိတဲ့ ဒီလူငယ်လေးကို မကြာခင် ကမ်းလှမ်းမှု ပြုလုပ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်စီးတီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့ရဲ့ ကာလရှည် ပစ်မှတ် ဖြစ်သူ မော်ဂန် ဂစ်ဘ်-ဝှိုက်ကို ပေါင် သန်း ၇၀ ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိနေပါတယ်။

ဘရန့်ဖို့ဒ် တိုက်စစ်မှူး အီဂေါ သီယာဂိုကို ခေါ်ယူဖို့ ချဲလ်ဆီး၊ မန်ချက်စတာစီးတီးနဲ့ ဘေယန်မြူးနစ်တို့ သုံးပွင့်ဆိုင် အပြိုင်အဆိုင် ဖြစ်လာနိုင်ပါတယ်။

အဲဗာတန် အသင်းဟာ လက်ရှိမှာ ဒဏ်ရာရနေတဲ့ မန်စီးတီး ကစားသမား ဂျက် ဂရီးလစ်ရှ်ကို အပြီးသတ် ဝယ်ယူမယ့် အစား အငှားစာချုပ်နဲ့ ထပ်မံ ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။

လိဒ်စ်ယူနိုက်တက်ဟာ မစ်ဒယ်ဘရော့ ကြယ်ပွင့်နဲ့ မန်ယူနိုက်တက်ရဲ့ ပစ်မှတ် ဖြစ်သူ ဟေဒန် ဟက်ကနေးကို နွေရာသီမှာ ခေါ်ယူဖို့ စီစဉ်နေပါတယ်။

ပရီးမီးယားလိဂ် ကလပ် အာဆင်နယ်ဟာ ပီအက်စ်ဂျီရဲ့ နာမည်ကျော် ကစားသမား အူစမန်နီ ဒီဘီလီနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်နရီကေးနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ဒမ်ဘီလီ

ရီးရဲလ်မက်ဒရစ်ဟာ ကိုမိုမှာ ခြေစွမ်းပြနေတဲ့ နီကို ပတ်ဇ်ကို ယူရို ၉ သန်း (ဒေါ်လာ ၁၀.၇ သန်း) တန် ပြန်လည် ဝယ်ယူခွင့် သုံးပြီး ခေါ်ယူဖို့ အစောကတည်းက စီစဉ်ထားပါတယ်။ ဒါပေမယ့် ဥက္ကဋ္ဌ ဖလောရန်တီနို ပီရက်ဇ်ရဲ့ အစီအစဉ် ကတော့ သူ့ကို အသင်းမှာ ပြန်သုံးဖို့ မဟုတ်ဘဲ ယူရို ၇၅ သန်းနဲ့ ဈေးတင်ပြီး ပြန်လည် ရောင်းချဖို့ ဖြစ်ပါတယ်။ အကယ်၍ အင်တာမီလန် ဒါမှမဟုတ် တော့တင်ဟမ် တို့လို စိတ်ဝင်စားနေတဲ့ အသင်းတွေဆီ ဒီဈေးနဲ့ ရောင်းချနိုင်ခဲ့ရင် ရရှိမယ့် အမြတ်ငွေ ယူရို ၆၆ သန်းဟာ ရီးရဲလ်မက်ဒရစ် သမိုင်းတစ်လျှောက် ကစားသမား တစ်ဦးတည်းဆီက ရတဲ့ အများဆုံး အမြတ်ငွေ ဖြစ်လာပါလိမ့်မယ်။

မားကပ်စ် ရပ်ရှ်ဖို့ဒ် အနေနဲ့ ဘာစီလိုနာကို အပြီးသတ် ပြောင်းရွှေ့နိုင်ဖို့အတွက် အဓိက အဟန့်အတား ဖြစ်နေတာ ကတော့ လာမယ့် မတ်လမှာ ကျင်းပမယ့် ဘာစီလိုနာရဲ့ ဥက္ကဋ္ဌ ရွေးကောက်ပွဲ ဖြစ်ပါတယ်။ လက်ရှိ ဥက္ကဋ္ဌ လာပေါ်တာက ရက်ရှ်ဖို့ဒ်ကို အလွန်သဘောကျနေပေမဲ့ သူရာထူးက ဆင်းပေးလိုက်ရရင် နောက်တက်လာမယ့် ဥက္ကဋ္ဌက ယူနိုက်တက် ကနေ အငှားထွက် ကစားနေတဲ့ ရက်ရှ်ဖို့ဒ် အပေါ် လာပေါ်တာ လိုပဲ သဘောကျနေဖို့ မသေချာလို့ ဖြစ်ပါတယ်။

ယူရို ၂၀၂၄ ချန်ပီယံ အဲလ်ဗာရို မိုရာတာ ကလည်း နီကို ပတ်ဇ် လိုပဲ ရီးရဲလ်မက်ဒရစ်က ပြန်ခေါ်ပြီး ပြန်ရောင်းတဲ့ ကံကြမ္မာမျိုးနဲ့ ကြုံခဲ့ဖူးသူပါ။ အခုလည်း သူ့ရဲ့ ကိုမိုအသင်း နည်းပြ ဖာဘရီဂတ်စ်က သူ့ကို လူသိရှင်ကြား ဝေဖန်ခဲ့ပြီးနောက် မိုရာတာဟာ အပြောင်းအရွှေ့ ဈေးကွက်ထဲ ပြန်ရောက်လာနိုင်ပါတယ်။ လက်ရှိ မှာတော့ ဂီတာဖေးက သူ့ကို ခေါ်ယူဖို့ သတင်းထွက်နေပါတယ်။

လူငယ်ကြယ်ပွင့်တွေကို စုဆောင်းနေတဲ့ ဘာစီလိုနာ ကတော့ ကလပ် ဘရုဂေးရဲ့ အသက် ၁၈ နှစ် အရွယ် လူငယ် ကြယ်ပွင့် ဂျက်ဆီ ဘီဆီဝူကို ဒီနွေရာသီမှာ အမိအရ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။

အကယ်၍ ဘာစီလိုနာ အသင်း အနေနဲ့ အတွေ့အကြုံရှိတဲ့ တိုက်စစ်မှူးကို ရှာဖွေမယ် ဆိုရင်တော့ အင်တာမီလန်ရဲ့ မားကပ်စ် သူရမ်က ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒါပေမယ့် သူ့ကို ခေါ်ယူနိုင်ဖို့ အတွက် ဆိုရင်တော့ ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ် တို့လို အသင်းကြီးတွေကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်