ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် တိုက်စစ်မှူး ဂါဘရီရယ် မာတင်နယ်လီကို ခေါ်ယူဖို့ ပီအက်စ်ဂျီက အပြိုင်အဆိုင် ဖြစ်လာပါတယ်။ ဘရာဇီးလ် ကြယ်ပွင့် မာတင်နယ်လီကို ပေါင်သန်း ၅၀ သို့မဟုတ် အဲဒီထက် ပိုတဲ့ ပမာဏနဲ့ ရောင်းချဖွယ် ရှိနေပါတယ်။
လစ်ဗာပူးလ်က မိုဟာမက် ဆာလာရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဘေယန်မြူးနစ်က မိုက်ကယ် အိုလီဆေးထက် မိုနာကိုတိုက်စစ်မှူး မဂ်ဟ်နက်စ် အက်ခ်လီယူချီကို ပိုမိုစိတ်ဝင်စားနေပြီး အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။
မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ကို ဘေယန်မြူးနစ်၊ ပီအက်စ်ဂျီနဲ့ ဆော်ဒီကလပ်တွေက ပြောင်းရွှေ့ကြေး အမြောက်အမြား ပေးချေကာ ခေါ်ယူဖို့ ပြင်ဆင်နေကြပါတယ်။ လစ်ဗာပူးလ်ဟာ ဆာလာကို ရောင်းသင့်တဲ့ အချိန်မှာ မရောင်းပဲ တစ်ရာသီ အပိုဆွဲထားခဲ့လို့ ကြုံတွေ့ခဲ့ရတဲ့ သင်ခန်းစာကို ကြည့်ကာ ယူနိုက်တက် အနေနဲ့ ဘရူနို အတွက် ရရှိလာမယ့် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးတွေကို လက်ခံဖို့ စဉ်းစားနေပါတယ်။
မန်ချက်စတာစီးတီး အသင်းက အာဆင်နယ်ထက် လက်ဦးမှု ရယူဖို့ အတွက် ဘာစီလိုနာ ကွင်းလယ်လူ ဒန်နီ အော်လမို အတွက် ယူရို သန်း ၈၀ ဝန်းကျင် နဲ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ပရီးမီးယားလိဂ် ကလပ်က အော်လမိုကို ခြေစွမ်းကျဆင်းနေတဲ့ ဖီးလ် ဖိုဒန်ထက် ပိုမိုကောင်းမွန်တဲ့ အဆင့်မြှင့်တင်မှု အဖြစ် ရှုမြင်နေကြပါတယ်။
အကယ်၍ ဟယ်ရီကိန်းသာ အသင်း ကနေ ထွက်ခွာခဲ့ရင် ဘေယန်မြူးနစ်ဟာ လေဗာကူဆင်ရဲ့ လူငယ် ကြယ်ပွင့် ခရစ္စတီယန် ကိုဖာနေးကို ခေါ်ယူဖို့ အာဆင်နယ်၊ ချဲလ်ဆီး တို့နဲ့ အပြိုင် ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။ သူ့ရဲ့ ပြောင်းရွှေ့ကြေးက ယူရို သန်း ၇၀ ခန့် ရှိနေနိုင်ပါတယ်။
ဘာနာဒို ဆေးလ်ဗား ကတော့ မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဇွန်လမှာ ဘာစီလိုနာသို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ သွားရောက်ဖို့ မူအားဖြင့် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။

ချဲလ်ဆီး ကတော့ သူတို့ရဲ့ ညီအမ ကလပ် စထရာဘိုးက ဗလန်တိုင်း ဘာကိုကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။
အာဆင်နယ် ကတော့ ရီးရဲလ်မက်ဒရစ်ရဲ့ လူငယ် တိုက်စစ်မှူး ဂွန်ဇာလို ဂါစီယာကို ခေါ်ယူဖို့ ငွေကြေး ရှာဖွေတဲ့ အနေနဲ့ ဂါဘရီရယ် ဂျေဇုစ်ကို ယူရို ၂၅ သန်း ခန့်နဲ့ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။
ဆာလီဘာနဲ့ ကိုနာတေး တို့ကို ခေါ်ယူဖို့ မဖြစ်နိုင်တော့တဲ့ နောက်မှာ ရီးရဲလ်မက်ဒရစ်က ခရစ္စတယ်ပဲလေ့စ်က ပြင်သစ် နောက်ခံလူ မက်ဇန့်စ် လာခွာကို အဓိက ပစ်မှတ် အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။
လာမင်း ယာမယ် ကတော့ ဘာစီလိုနာ အနေနဲ့ ရွန်နီ ဘတ်ဂ်ဟီကို ဆက်လက် ထိန်းသိမ်းထားဖို့ တောင်းဆိုခဲ့ပါတယ်။ သူဟာ အနာဂတ်မှာ ကွင်းလယ် တိုက်စစ်နေရာမှာ ကစားလိုတာကြောင့် အခုလို ပြောင်းလဲ ကစားခြင်းဖြင့် အက်တလက်တီကိုမက်ဒရစ်က ဟူလီယန် အဲလ်ဗာရက်ဇ် ရောက်ရှိလာမယ့် အရေး ကိုလည်း တားဆီးနိုင်မှာ ဖြစ်ပါတယ်။
လစ်ဗာပူးလ် ကွင်းလယ်လူ အလက်ဆစ် မက် အယ်လစ္စတာက လာမယ့် နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့နိုင်ဖို့ သူ့ရဲ့ အေးဂျင့်ကို တာဝန်ပေးထားပါတယ်။ အန်ဇို ဖာနန်ဒက်စ် စာချုပ်သစ် ကိစ္စ အဆင်မပြေရင် ရီးရဲလ်မက်ဒရစ်က ဈေးနှုန်း ပိုမိုသက်သာတဲ့ မက် အယ်လစ္စတာကို ရွေးချယ်ဖွယ်ရှိနေပါတယ်။
အေးဂျင့် ဂျော့ဂ်ျ မန်းဒက်စ် ကတော့ ပီအက်စ်ဂျီမှာ ဗစ်တင်ညာကို ကြယ်ပွင့် ကစားသမား အဆင့်နဲ့ ကိုက်ညီတဲ့ လစာပေးဖို့ တောင်းဆိုထားပါတယ်။ အကယ်၍ ငွေကြေး ညှိနှိုင်းမှု အဆင်မပြေပါက ရီးရဲလ်မက်ဒရစ်ရဲ့ ပစ်မှတ် ဖြစ်တဲ့ ဗီတင်ညာက တခြား အသင်းတွေရဲ့ ကမ်းလှမ်းမှုကို စဉ်းစားသွားမှာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီက ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အက်ဒူယာဒို ကာမာဗင်ဂါကို ကမ်းလှမ်းမှုတွေ ရှိနေပေမယ့်လည်း သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားခြင်း မရှိပါဘူး။
အလက်ဆန်ဒရို ဘာစတိုနီဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိထားပေမယ့်လည်း အင်တာမီလန်က ဒေါ်လာ ၈၀.၈ သန်း တောင်းဆိုနေပြီး ဘာစီလိုနာက ဒေါ်လာ ၅၇.၇ သန်း (ယူရို သန်း ၅၀) သာ ပေးလိုတာကြောင့် ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါတယ်။
ဘာစီလိုနာရဲ့ ပစ်မှတ် ဖြစ်တဲ့ ဗစ်တာ မူနော့ဇ်က သူ့ အနေနဲ့ ယာမယ် သို့မဟုတ် ရာဖင်ညာ တို့လို ပွဲထွက်ခွင့် အာမခံချက် ရှိတဲ့ ကစားသမားတွေနဲ့ အတူမကစားလိုဟု ဆိုကာ အပြောင်းအရွှေ့ ဆွေးနွေးမှုတွေကို ရုတ်တရက် ရပ်ဆိုင်းလိုက်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


