နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

လစ်ဗာပူးလ် ကနေ ထွက်ခွာတော့မယ့် မိုဟာမက် ဆာလာရဲ့ ဖြစ်နိုင်ခြေ ရှိတဲ့ အပြောင်းအရွှေ့ အလားအလာများ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်ရဲ့ ဂန္ထဝင်ကစားသမားဟာ မိုဟာမက် ဆာလာ ကတော့ ဒီရာသီအကုန်မှာ အန်ဖီးလ် ကနေ ထွက်ခွာဖို့ သေချာသွားခဲ့ပြီ ဖြစ်ပါတယ်။ အီဂျစ် လက်ရွေးစင် တိုက်စစ်မှူးဟာ အခုတပတ် အင်္ဂါနေ့မှာ လစ်ဗာပူးလ်ကို နှုတ်ဆက် စကားဆိုခဲ့ပြီး ဒီရာသီကုန်မှာ အသင်း ကနေ ထွက်ခွာတော့မယ်လို့ ကြေညာခဲ့တာပါ။

၂၀၁၇ ခုနှစ်မှာ ရိုးမား ကနေ ရောက်ရှိလာခဲ့တဲ့ ဒီကြယ်ပွင့် တိုက်စစ်မှူးဟာ (၉) နှစ်တာ ကာလ အပြီးမှာ မာဆေးလ်ဆိုက်ဒ်ကို စွန့်ခွာတော့မှာပါ။ ဆာလာဟာ လစ်ဗာပူးလ် အတွက် အခုအချိန်အထိ ပွဲပေါင်း ၄၃၅ ပွဲ ကစားပေးခဲ့ပြီး ၂၅၅ ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းကို ပရီးမီးယားလိဂ် ဖလား (၂) ကြိမ်နဲ့ ချန်ပီယံလိဂ် ဖလား (၁) ကြိမ် ရရှိအောင် ဦးဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆု ကိုလည်း (၄) ကြိမ်တိုင်တိုင် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဆာလာက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ စိတ်လှုပ်ရှားဖွယ် နှုတ်ဆက်စာ ရေးသားပြီး မိနစ်ပိုင်း အကြာမှာပဲ ပရီးမီးယားလိဂ် ကလပ် ဘက်က ဒီသတင်းကို အတည်ပြုခဲ့ပါတယ်။ “မိုဟာမက်က နောက်ရာသီမှာ ဘယ်မှာ ကစားမလဲ ဆိုတာ ကျွန်တော်တို့ ကိုယ်တိုင် မသိသေးပါဘူး။ ဒါဟာ တခြားဘယ်သူမှလည်း မသိနိုင်သေးဘူးလို့လည်း ဆိုလိုတာပါ။” လို့ ဆာလာရဲ့ အေးဂျင့် ရာမီ အဘတ်စ်က ဖာဘရီဇီယို ရိုမာနို ကနေ တဆင့် ပြောကြားထားခဲ့ပါတယ်။

ဒါဆိုရင် ဒီကမ္ဘာကျော် ကစားသမားကြီးရဲ့ နောက်ထပ် ခြေလှမ်းက ဘာဖြစ်မလဲ။ Sports Illustrated က ဖော်ပြခဲ့တဲ့ ဆာလာ ပြောင်းရွှေ့နိုင်ခြေ ရှိတဲ့ နေရာတွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

 

၁။ အမေရိကန် မေဂျာလိဂ် – ဖြစ်နိုင်ခြေ အရှိဆုံးလားရာ

ဆာလာ အသင်း ကနေ ထွက်ခွာမယ် ဆိုတဲ့ သတင်းဟာ အက်တလက်တီကိုမက်ဒရစ် စူပါစတား အန်တွန် ဂရစ်ဇ်မန်းက အော်လန်ဒိုစီးတီးအသင်းကို ပြောင်းရွှေ့ဖို့ လက်မှတ်ရေးထိုးပြီး နာရီပိုင်း အကြာမှာပဲ ထွက်ပေါ်လာတာပါ။ အသက် ၃၅ နှစ်အရွယ် ဂရစ်ဇ်မန်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား အပြီးမှာ လာလီဂါကို စွန့်ခွာပြီး မေဂျာလိဂ်ဆီ ပြောင်းရွှေ့မယ့် နောက်ထပ် ဂန္ထဝင် ကစားသမား တစ်ဦး ဖြစ်လာမှာပါ။ အသက် ၃၃ နှစ် အရွယ် ဆာလာ ကလည်း ဒီလမ်းစဉ် အတိုင်း လိုက်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

လစ်ဗာပူးလ် သတင်းထောက် ဂျိမ်းစ် ပီးယားစ်က ဖေဖော်ဝါရီလကတည်းက “မေဂျာလိဂ်ဟာ ဆာလာအတွက် နောက်ထပ် ဖြစ်နိုင်ခြေ ရှိတဲ့ နေရာ တစ်ခုပါ။ ဆော်ဒီပရိုလိဂ်ထက် စာရင် မေဂျာလိဂ်က သူ့အတွက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်လို့ ကျွန်တော် ကြားသိထားပါတယ်” လို့ ပြောကြားခဲ့ဖူးပါတယ်။ ၂၀၂၃ မှာ မက်ဆီ ရောက်လာပြီး နောက်ပိုင်း အမေရိကန်လိဂ်ဟာ သိသိသာသာ တိုးတက်လာခဲ့သလို ၂၀၂၆ ကမ္ဘာ့ဖလား ကိုလည်း အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမှာ ဖြစ်ပါတယ်။

ဆာလာက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ စိတ်လှုပ်ရှားဖွယ် နှုတ်ဆက်စာ ရေးသားပြီး မိနစ်ပိုင်း အကြာမှာပဲ ပရီးမီးယားလိဂ် ကလပ် ဘက်က ဒီသတင်းကို အတည်ပြုခဲ့ပါတယ်။
ဒီရာသီမှာ သိသိသာသာ ခြေစွမ်းကျဆင်းသွားတဲ့ မိုဟာမက် ဆာလာ

ဆာလာ အတွက် အဖြစ်နိုင်ဆုံး အသင်း ကတော့ အီဂျစ် သန်းကြွယ်သူဌေး မိုဟာမက် မန်ဆာ ပိုင်ဆိုင်တဲ့ ဆန်ဒီယေဂို အက်ဖ်စီပဲ ဖြစ်ပါတယ်။ ဒီအသင်းက ကြယ်ပွင့် ကစားသမား လိုဇာနို ထွက်ခွာတော့မှာ ဖြစ်တဲ့ အတွက် ဆာလာ အတွက် နေရာလွတ် တစ်ခု အဆင်သင့် ဖြစ်နေမှာပါ။

 

၂။ ဆော်ဒီပရိုလိဂ်ရဲ့ ငြင်းပယ်ရခက်တဲ့ ကမ်းလှမ်းမှုများ

မို ဆာလာ အနေနဲ့ ဆော်ဒီအာရေဗျကို ပြောင်းရွှေ့မယ်ဆိုရင် မေဂျာလိဂ်ထက် အဆပေါင်းများစွာ သာလွန်တဲ့ လုပ်ခ လစာကို ရရှိမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အဲလ်နာဆာ အသင်းက ခရစ္စတီယာနို ရော်နယ်ဒိုဟာ တစ်နှစ်ကို ဒေါ်လာသန်း ၂၀၀ ကျော် ရရှိနေပြီး မက်ဆီ ကတော့ အခြေခံလစာ ဒေါ်လာ ၁၂ သန်းပဲ ရရှိပါတယ်။

ပြီးခဲ့တဲ့ တပတ်က သတင်းတွေအရ အဲလ်ဟီလာက ဆာလာကို စိတ်ဝင်စားနေသလို နီယွမ် အက်စ်စီနဲ့ အဲလ်ကတ်ဒ်စီယာ တို့ကလည်း စောင့်ကြည့်နေကြပါတယ်။ အဲလ် အစ်တီဟတ် ကတော့ ၂၀၂၃ နွေရာသီမှာ ဒေါ်လာ သန်း ၂၀၀ နဲ့ ကမ်းလှမ်းခဲ့ဖူးသလို ကာရင်မ် ဘန်ဇီမာ ထွက်ခွာသွားပြီး နောက်ပိုင်း လိဂ်ရဲ့ မျက်နှာစာသစ် အဖြစ် ဆာလာကို ခေါ်ယူဖို့ အားခဲနေတာ ဖြစ်ပါတယ်။

 

၃။ ဂါလာတာစာရေး – ဥရောပမှာ ဆက်ရှိနေနိုင်မယ့် တခြား ရွေးချယ်စရာ

မို ဆာလာ အနေနဲ့ ဥရောပ ပြင်ပကို ထွက်ခွာမယ်လို့ ယူဆကြပေမယ့် ချန်ပီယံလိဂ် ကစားခွင့်ရဦးမယ့် ဥရောပ ကလပ် တစ်ခုမှာ ဆက်နေဖို့လည်း အခွင့်အလမ်း ရှိနေပါသေးတယ်။ အဲဒီလို ဆိုရင်တော့ တူရကီ ကလပ် ဂါလာတာဆာရေးက သူ့ အတွက် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။

ဒီကလပ်ဟာ ဒရော့ဘာ၊ ရှနိုက်ဒါ၊ အီကာဒီ၊ အိုဆင်မ်ဟန်နဲ့ လီရွိုင်း ဆာနေး တို့လို စူပါစတားတွေကို ခေါ်ယူနိုင်ခဲ့တဲ့ အစဉ်အလာ ရှိပါတယ်။ ဂါလာတာဆာရေးဟာ မက်ဆီကိုတောင် ခေါ်ယူဖို့ ငွေကြေးအင်အား ရှိတယ်လို့ သတင်းတွေ ထွက်နေတဲ့ အတွက် ဆာလာကို ခေါ်ယူနိုင်စွမ်း ရှိနေတာ ကတော့ အသေအချာပါပဲ။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်