ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ပေါင် ၂ ဘီလီယံတန် ခမ်းနားတဲ့ ကွင်းသစ် စီမံကိန်းကို မကြာခင်မှာ စတင် အကောင်အထည်ဖော်တော့မှာလည်း ဖြစ်ပါတယ်။ ဒီလို ကွင်းသစ်ကြီး အတွက် အသင်းရဲ့ ပူးတွဲ ပိုင်ရှင် ဆာဂျင်မ် ရက်ကလစ်ဖ်နဲ့ အသင်း ပိုင်ရှင်တွေရဲ့ ဘဏ္ဍာငွေ ရှာဖွေတဲ့ ပုံစံဟာ တောင်းရမ်းနေတာနဲ့ အနည်းငယ် ဆင်တူနေကြောင်း ဂန္တဝင် ကစားသမားဟောင်း ပေါလ် စခိုးလ်က ပြင်းထန်စွာ ဝေဖန်သွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လာမယ့် ရာသီ အတွက် လက်မှတ် ဈေးနှုန်းတွေကို ၅ ရာခိုင်နှုန်း ထပ်မံ တိုးမြှင့်သွားမှာ ဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့ပါတယ်။ ဒီလို ကြေညာချက် ထွက်ပေါ်လာချိန်မှာ ပရီးမီးယားလိဂ် ကလပ်ရဲ့ ပရိသတ်တွေဟာ အသင်း ပိုင်ရှင်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ Sky Bet ရဲ့ The Overlap Fan Debate အစီအစဉ်မှာ ပေါလ်စခိုးလ်က မန်ယူ အသင်း ပရိသတ်တွေက ယုံလွယ်သူတွေ မဟုတ်ကြောင်း အသင်း ပိုင်ရှင်တွေကို သတိပေးစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ ရာသီဝက် ကာလ အတွင်း လက်မှတ် ဈေးနှုန်းတွေ မြှင့်တင်မှုကြောင့် ဝေဖန် ပြစ်တင်မှု များစွာနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း လာမယ့် ရာသီမှာ တစ်ရာသီစာ လက်မှတ် ဈေးနှုန်းကို ၅ ရာခိုင်နှုန်း ဝန်းကျင် ထပ်မံ တိုးမြှင့်သွားမှာ ဖြစ်ကြောင်း ကြောညာခဲ့တာပါ။ ယူနိုက်တက်ဟာ ၁၆ နှစ်အောက် ပရိသတ်တွေ အတွက် လက်မှတ် ဈေးနှုန်းကို မြှင့်တင်ခြင်း မရှိခဲ့ပေမယ့်လည်း ကျန်လက်မှတ် ဈေးနှုန်းတွေကို မြှင့်တင်ဖို့ ဆုံးဖြတ်ခဲ့ပြီး ကုန်ကျ စရိတ်တွေ မြင့်တက်လာခြင်းကြောင့် ဆိုတဲ့ အချက်နဲ့ အမှုဆောင်ချုပ် ဘယ်ရာဒါက အကြောင်းပြခဲ့တာ ဖြစ်ပါတယ်။ မန်ယူနိုက်တက် အားပေးသူများ အဖွဲ့အစည်း (MUST) ကလည်း လက်မှတ် ဈေးနှုန်း တိုးမြှင့်မှုနဲ့ ပတ်သတ်လို့ လုံးဝ စိတ်ပျက်မိကြောင်း သတင်း ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် MUST ဟာ ယူနိုက်တက်နဲ့ လက်မှတ် ဈေးနှုန်း တည်ငြိမ်ရေး အတွက် တွေ့ဆုံဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အသင်း ဘက်က လက်မခံခဲ့ဘူးလို့ သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက် ကတော့ ပရိသတ် ၁ သိန်း ဝင်ဆံ့မယ့် ကွင်းသစ် စီမံကိန်းကို ပြီးခဲ့တဲ့ တစ်ပတ် ကပဲ အတည်ပြု ချပြခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အိုးထရက်ဖိုဒ်ရဲ့ ဂုဏ်ကျက်သရေကို ထိန်းသိမ်းပြီးတော့ ကမ္ဘာ့အဆင့်မှီ အားကစားကွင်းသစ်ကြီး တည်ဆောက်ဖို့ ရည်ရွယ်ကြောင်း၊ ပရိသတ် ဦးရေ ၁ သိန်း ဝင်ဆံ့မယ့် ကွင်းကြီးက အိုးထရက်ဖို့ဒ် ဒေသရဲ့ ပြန်လည် ဖွံဖြိုး တိုးတက်ရေး အတွက် အဓိကကျတဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာမယ်လို့လည်း ကြုံးဝါးထားခဲ့တာပါ။
ယူနိုက်တက်ရဲ့ အတည်ပြု ထုတ်ပြန်ချက်အရ ဆိုရင် ၂ ဘီလီယံတန် ဒီကွင်းသစ်ကြီးကို တည်ဆောက်ပြီးတာနဲ့ ဗြိတိန်ရဲ့ စီးပွားရေးကို တစ်နှစ် ပေါင် ၇.၃ ဘီလီယံ အထိ အထောက်အကူပြုနိုင်မယ်လို့လည်း ဆိုထားတာ တွေ့ရပါတယ်။ ဒါ့အပြင် အလုပ်အကိုင်သစ်ပေါင်း ၉၂ဝဝဝ ကျော်၊ အိမ်ယာ အသစ်ပေါင်း ၁၇၀၀၀ ကျော်နဲ့ တစ်နှစ်ကို လာရောက် လည်ပတ်သူ ၁.၈ သန်း အထိ တိုးလာနိုင်မယ်လို့ သိပါတယ်။ ဒီကွင်းကြီးနဲ့ ဘေးပတ်ဝန်းကျင်ကို Foster + Partners နာမည်ရ နာမည်ကျော် ဗိသုကာအဖွဲ့က ဒီဇိုင်းရေးဆွဲပေးထားတာလည်း ဖြစ်ပါတယ်။ ကွင်းသစ်ကြီးရဲ့ ဒီဇိုင်းအရ ပရိသတ်တွေကို ကွင်းနဲ့ ပိုမို နီးကပ်စေမှာ ဖြစ်ပြီးတော့ အသံပိုင်းဆိုင်ရာ ကလည်း အကောင်းဆုံး ဖြစ်အောင် ဖန်တီးပေးမယ်လို့ သိရပါတယ်။
လက်ရှိမှာ ယူနိုက်တက် ပရိသတ်တွေဟာ အသင်းရဲ့ ပူးတွဲ ပိုင်ရှင်သစ် ရက်ကလစ်ဖ် အပေါ် သဘောမကျတဲ့ အချက်တွေ များစွာ ရှိနေပြီး တစ်ဖက်မှာ ရက်ကလစ်ဖ် ကလည်း ကွင်းသစ် စီမံကိန်းကို အကြောင်းပြကာ ပရိသတ်တွေရဲ့ ထောက်ခံမှုတွေ ရှာဖွေနေတာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.