နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆင်ခြေပေးနေရမယ့် အချိန်မဟုတ်တော့ကြောင်း တန်းဆင်းဇုန်အန္တရာယ် ပိုမိုနက်ရှိုင်းလာချိန်မှာ သတိပေးလိုက်တဲ့ ဆိုလန်ကီ | ပရီးမီးယားလိဂ်

ခရစ္စတယ်ပဲလေ့စ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် တော့တင်ဟမ်ဟော့စပါးဟာ ပရီးမီးယားလိဂ် တန်းဆင်းဇုန်နဲ့ (၁) မှတ် အကွာကို ရောက်ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် တိုက်စစ်မှူး ဒေါမနစ်ခ် ဆိုလန်ကီက အသင်းအနေနဲ့ အမြန်ဆုံး တုံ့ပြန်မှု ပြသဖို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ညက ပွဲစဉ်မှာ ဆိုလန်ကီက ပွဲချိန် ၃၄ မိနစ်မှာ ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ၄ မိနစ် အကြာမှာပဲ နောက်ခံလူ ဗန်ဒီဗန် အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရတာက ပွဲအခြေအနေကို လုံးဝ ပြောင်းလဲသွားစေခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ပဲလေ့စ် အတွက် အစ္စမိုင်လာ ဆားက ၂ ဂိုးနဲ့ စထရန်း လာဆင်က ၁ ဂိုး သွင်းယူခဲ့တာကြောင့် စပါးတို့ ရှုံးနိမ့်ခဲ့ရပြီး ပွဲအပြီးမှာတော့ ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်း ကိုပါ ခံခဲ့ရပါတယ်။ စပါး ပရိသတ် တချို့ဆိုရင် ပွဲမပြီးခင် ကတည်းက ကွင်းထဲက ထပြန်သွားခဲ့ကြတဲ့ အထိ အသင်း အပေါ် စိတ်ပျက်နေခဲ့ကြတာ ကိုလည်း တွေ့ရပါတယ်။

တော့တင်ဟမ်ဟော့စပါး ၁၉၇၅ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် လိဂ်ပွဲ (၁၁) ပွဲ ဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ် (၇ ပွဲသရေ၊ ၄ ပွဲရှုံး) ။ ဒါ့အပြင် ၂၀၀၄ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ပရီးမီးယားလိဂ် (၅) ပွဲ ဆက်တိုက် ရှုံးနိမ့်ခဲ့တာပါ။ ၁၉၃၅ ခုနှစ် နောက်ပိုင်း (၁၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးစဉ်က) ယခု ၂၀၂၆ ခုနှစ် အစပိုင်းမှာ ရင်ဆိုင်နေရတဲ့ ၁၁ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးမှု အခြေအနေဟာ အဆိုးဝါးဆုံး ဖြစ်နေပါတယ်။

စပါးရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သတ်လို့ ဆိုလန်ကီက ပွဲအပြီးမှာ TNT Sports ကို အခုလို ပြောကြားခဲ့ပါတယ်။ “ကျွန်တော်တို့ အသင်းထဲမှာ အကြီးအကျယ် ဆွေးနွေးခဲ့ကြပါတယ်။ အခုရောက်နေတဲ့ အနေအထားက ကျွန်တော်တို့ လိုချင်တဲ့ နေရာ မဟုတ်ဘူး ဆိုတာ သိပါတယ်။ ဒါကြောင့် ဒီထဲ ကနေ ဘယ်လိုမျိုး အမြန်ဆုံး ရုန်းထွက်မလဲ ဆိုတာကို ရှာဖွေရပါမယ်။”

Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ဆိုရင်တော့ တော့တင်ဟမ်ဟော့စပါးဟာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းဖို့ အခွင့်အရေး ၁၄ ရာခိုင်နှုန်းသာ ရှိပါသေးတယ်။
တန်းဆင်းဇုန်နဲ့ ၁ မှတ်သာ ကွာဟတော့တဲ့ တော့တင်ဟမ်ဟော့စပါး

“အခက်အခဲတွေ ရှိနေတာ မှန်ပေမယ့် အခုချိန်ဟာ ဘယ်လို ဆင်ခြေမျိုးမှ ပေးနေရမယ့် အနေအထား မဟုတ်တော့ပါဘူး။ ကွင်းထဲမှာပဲ အလုပ်နဲ့ သက်သေပြဖို့ လိုပါတယ်။ ပိုကောင်းအောင် လုပ်ချင်တယ်လို့ ပါးစပ်က ပြောဖို့ လွယ်ပေမယ့် ကွင်းထဲမှာ တကယ် တိုက်ပွဲဝင်ပြဖို့ လိုပါတယ်။ ဒီကလပ်ဟာ ဒီလိုနေရာမျိုးမှာ နေလေ့ ရှိတဲ့ အသင်း မဟုတ်ဘူးဆိုတာ သိကြတဲ့ အတိုင်းပါပဲ။ ဒါကြောင့် အခြေအနေကို သဘောပေါက်ပြီး မိနစ်တိုင်းမှာ တိုက်ပွဲဝင်ကြဖို့ လိုပါတယ်။” လို့ ဆိုလန်ကီက ဆိုပါတယ်။

သောမက်စ် ဖရန့်ခ်ဆီ ကနေ အသင်းကို လွှဲပြောင်းယူခဲ့တဲ့ နည်းပြ တူဒါဟာ သူကိုင်တွယ်တဲ့ ပထမဆုံး ၃ ပွဲလုံးကို ရှုံးနိမ့်ထားပါတယ်။ ဒါဟာ စပါးသမိုင်းမှာ ၂၀၀၄ ခုနှစ်က မာတင် ယိုးလ် ပြီးရင် ဒုတိယမြောက် စံချိန်ဆိုး ဖြစ်ပါတယ်။ ၂၀၂၅-၂၆ ဘောလုံး ရာသီမှာ စပါး အသင်းဟာ အနီကတ် (၄) ကတ် အထိ ရရှိထားပြီး ချဲလ်ဆီး (၇ ကတ်) ပြီးရင် အများဆုံး ဖြစ်နေပါတယ်။

Opta စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ဆိုရင်တော့ တော့တင်ဟမ်ဟော့စပါးဟာ ပရီးမီးယားလိဂ် ကနေ တန်းဆင်းဖို့ အခွင့်အရေး ၁၄ ရာခိုင်နှုန်းသာ ရှိပါသေးတယ်။ ဝက်စ်ဟမ်း ကတော့ ၄၉.၈ ရာခိုင်နှုန်းနဲ့ နော့တင်ဟမ်ဖောရက်စ်က ၂၈.၂ ရာခိုင်နှုန်း ရှိထားပြီး စပါးထက် တန်းဆင်းရဖို့ ပိုမိုနီးစပ်နေတယ်လို့ ဆိုပါတယ်။

ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့ပေမယ့် နည်းပြ အီဂေါ တူဒါ ကတော့ စပါးတို့ တန်းတင် ကျန်ရစ်ဖို့ အကောင်းမြင်နေဆဲ ဖြစ်ပြီး အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကစားသမားတွေ ကြိုးစားခဲ့ကြတာကို ကြည့်ပြီး ကျွန်တော်တို့ ဒါကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်သွားပါတယ်။ ဒါဟာ ခဏတာ အခက်အခဲပါ၊ မကြာခင် ပြီးဆုံးသွားမှာပါ။ ကစားသမားတွေကို ကျွန်တော် ပြောခဲ့တဲ့ စကားတွေ ကိုတော့ လူသိရှင်ကြား ထုတ်ပြောမှာ မဟုတ်ပါဘူး။” လို့ ဆိုခဲ့ပါတယ်။

စပါးရဲ့ နောက်ထပ် ပွဲစဉ်ကတော့ လာမယ့် မတ်လ ၁၅ ရက်နေ့မှာ လစ်ဗာပူးလ်ရဲ့ အိမ်ကွင်း အန်ဖီးလ်ကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်